Thursday, December 12, 2013

ပါဒစေတီ

"ပါဒစေတီ"

•••••••••• မြတ်စွာဘုရား၌မည့်သည့်ပုဂ္ဂိုလ်နှင့်မျှမတူအောင် ထူးခြားသောအမှတ်အသား မဟာပုရိသလက္ခဏာတော်ကြီး၃၂-ပါး ထင်ရှားစွာ ပါရှိလာရာတွင်ဒုတိယမြောက်လက္ခဏာတော်မှာ. . စက္ကေနင်္ကီတ ပါဒလက္ခဏာတော်ပင် ဖြစ်သည်။


စက္ကေနင်္ကီတ ပါဒလက္ခဏာဟူသည် မြတ်စွာဘုရားရှင်၏ နှစ်ဖက်သော ခြေဖဝါးတော်အပြင်၌အကန့်တထောင်၊ အကွပ်တံကူ၊ ပုံတောင်းချက်မနဲ့တကွ ဖြစ်ကုန်သော ခပ်သိမ်းသောအခြင်းအရာ(၁၀၈)ကွက်တို့နှင့် ပြည့်စုံကုန်သော ဝန်းဝိုင်းသောစက်ဝန်းတို့ ဖြစ်ပေါ်လျက် ပါရှိခြင်းပင်ဖြ စ်သည်။


ဗုဒ္ဓခြေတော်ရာ။ ----------------မြတ်စွာဘုရားရှင်သည် တပည့်သာဝကများ သတိသံဝေဂဖြစ်ကြေ စရန်နှင့် မဂ်ဖိုလ်တရားထူး ကို ရကြစေရန် ရည်သန်၍ဖြစ်စေ၊ နောင်လာနောက်သားတို့ ထာဝရဖူးမြော်နိုင်ကြစေရန် ရည်သန်လျက် ဝေနေယျသတ္တဝါတို့၏ တောင်းပန်ချက်ြေ ကာင့်ဖြစ်စေ၊ အဓိဋ္ဌာန်ဖြင့် ခြေတော်ရာကို ချထားတော်မူရာ၌ အကန့်တထောင်၊ ပုံတောင်းအချက် အကွပ်တံကူနှင့် (၁၀၈)ကွက်လက္ခဏာတို့နှင့်ပြည့်စုံသော စက်ဝန်းတို့ ထင်ရှားစွာမြင်တွေ့ကြရကြော င်း ဒေါဏသုတ် ပါဠိတော်၌ ပြဆိုထား၏။


ထိုစာပိုဒ်၌ခြေတော်ရာဟူသည်အကန့်တထောင် အကွပ်တံကူ(အနားရေနှုတ်ခမ်း သပ်)၊ ပုံတောင်း (ဗဟိုချက်)နှင့်တကွ (၁၀၈)ကွက် လက္ခဏာတို့နှင့်ပြည့်စုံသောစက်ဝန်းပါရှိသည့်  မြတ်စွာဘုရားရှင်တို့ ခြေတော်ကြွလှမ်းတော်မူ၍ ချတော်မူရာ၌ ထင်ကျန်ရစ်သောခြေဖဝါးတော်၊ အရာတော်တို့ပင်ြ ဖစ်ကြောင်း ဖွင့်ဆိုပြထား၏။


ခြေတော်ရာစက်ဝန်းလက္ခဏာတော်တန်ခိုး။ --------------------------------------------မြတ်စွာဘုရားကြွလှမ်းတော်မူရာအရပ်ဌာန၊ ဒေသလမ်းခရီးဟူသမျှတို့သည် နိမ့်ဝှမ်း၊ မြင့်မောက်၊ ကျင်း၊ ချိုင့်၊ အနိမ့်၊ အမြင့်ဟူ၍ မရှိစေရ။ အားလုံး ညီညာပြန့်ပြူးေချြောလျက်သာရှိ ၏။ မြတ်စွာဘုရားရှင်ကြွလှမ်းစဉ်နိမ့်သောချိုင့် ဝှမ်း ကျင်းနေရာအရပ်သည် မြင့်တက်လာရ၏။ မြင့်မောက်သောအရပ်သည်ကား ညီညာပြန့်ပြူးပေးရသည်။


ထို့အပြင် လမ်းပေါ်မှာရှိသောဆူး၊ ငြောင့်၊ ခလုတ်ကန်သင်း၊ ကျောက်စရစ်ခဲ၊ အိုးခြမ်းကွဲတို့သည်၎င်း၊ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေးစသောအညစ်အကြေး၊ အမှိုက်သရိုက်တို့ သည်၎င်းမြတ်စွာဘုရားရှင်ကြွမြန်းရန် ခြေတော်မချမီကပင်ဖယ်ခွါရှောင်ပေး အဝေးသို့လွင့်ပြေးကြရသည်။ ဤကား ခြေဖဝါးတော်၌ပါရှိသောစက်လက္ခဏာတော်၏ အစွမ်းပင်တည်း။


ခြေတော်ရာသဘာဝ။ ----------------------မြတ်စွာဘုရားရှင်၏ ခြေတော်ရာသဘာဝမှာ ဘုရားရှင်ကိုယ်တိုင် ရည်ညွှန်းသည့်ပုဂ္ဂိုလ်ကို ခြေတော်ရာမြင်စေ ရန်အတွက် အဓိဋ္ဌာန်ကာ ခြေတော်ကိုချမှသာခြေတော်ရာသည် မြေပြင်ပေါ်တွင်၎ င်း၊ ကျောက်ပြင်ပေါ်တွင်၎င်း ထင်ပေါ်လေ့ရှိ၏။


ဘုရားရှင်ကိုယ်တော်တိုင် အဓိဋ္ဌာန်ပြီး ခြေတော်ရာမချပါက မြေပြင်ပေါ်တွင် ခြေတော်ရာမထင်ကျ န်ဘဲ ရှေ့ကသွား နောက်က အလိုလိုပျောက်ကွယ်သွားလေသည်။ သို့သော် တစုံတရာအကြောင်းထူး ရှိသည့်အခါတွင်အဓိဋ္ဌာန်ဖြင့် ဘယ်ပုဂ္ဂိုလ်မြင် ပါစေ၊ တွေ့ပါစေဟုဆို၍ တကူးတကချပေးသော ခြေတော်ရာသည်သာထင်ကျန်ရစ်ခြင်း ဖြစ်၏။ ထိုထင်ကျန်ရစ်ခဲ့သောခြေတော်ရာသည် မိုးကြီးသည်းထန်စွာရွာသွန်းသော်လည်း မြတ်စွာဘုရားရှင်ရည်ညွှန်းသည့်ပုဂ္ဂိုလ်မမြင်မချင်း ပျောက်ကွယ်ပျက်စီးသွားခြင်းမရှိ။ မည်မျှပင်ကြီးကျယ်သောဟာရီကိန်းမုန်တိုင်းသော်၎င်း,မာလာမုန်တိုင်းေ သာ်၎င်း, ဝေရမ္ဘလေသော်၎င်း , ပြင်းထန်စွာတိုက်ခတ်သော်လည်းခြေတော်ရာမှာ ပျက်စီးသွားခြင်းမရှိ။


ထို့အပြင် ပျက်စီးစေလိုသော ပုဂ္ဂိုလ်တွေအနေန ခြေတော်ရာကိုတမင်ပျက်စေရန်အလို့ငှါ ကျွဲ၊ နွား၊ တိရစ္ဆာန်၊ လက်ါနက်မျိုးစုံဖြင့်ဖျက်ဆီးသော်လည်း ပျောက်ပျက်သွားခြင်းမရှိချေ။ဤသည်ကား ခြေတော်ရာ၏ သဘာဝပင်တည်း။


(အရှင်ဘဒ္ဒန္တနာရဒါ ဘိဝံသ )


No comments: