Wednesday, February 27, 2013

သုံးထပ်သား မုန်ညင်းချဉ် *************** ကျွန်မတို့အေမရှိစဉ် ကတည်းက မုန်ညင်းကို ရာသီအလိုက် စီးပွားဖြစ် ကျွန်မတို့စိုက်ပျိုးခဲ့ပါတယ်။ စိုက်ပျိုးတဲ့ မုန်ညင်းတွေကို မုန်ညင်းချဉ်လုပ်ရောင်း တဲ့သူတွေဆီ အဓိကထားပြီး ကျွန်မတို့ ရောင်းချပေးခဲ့သလိုကိုယ်တိုလင်ည်း အိမ်မှာမုန်ညင်းချဉ်တွေလုပ်ခဲ့ပါတယ်။ မုန်ညင်းက အချဉ်တည်ထားရင် တာရှည် အထားခံတာကြောင့် ကျွန်မတို့အိမ်မှာ မုန်ညင်းချဉ်၊ မုန်ညင်းခြောက် (စွန်ထန်) တွေ ပြတ်တယ်လို့ မရှိခဲ့ပါဘူး။ ကျွန်မတို့က မုန်ညင်းချဉ်ကို ဒီအ တိုင်းစားသလို၊ အသားတစ်မျိုးမျိုးနဲ့ကြော် စားတာ၊ ၀က်ရိုးဟင်းရည်ထဲ ထည့်ချက် တာ၊ အာလူးဟင်းရည်၊ ပဲဟင်းရည်ထဲ ထည့်ချက်တာမျိုးတွေလုပ်စားလေ့ရှိ တယ်။ ချဉ်ချဉ်စပ်စပ် မုန်ညင်းချဉ်တွေက ဘယ်လိုပဲစားစား ထမင်းမြိန်စေတဲ့အရာ တွေပါ။ ဒီတစ်ခါချက်စားဖြစ်တဲ့ သုံးထပ် သားမုန်ညင်းချဉ်ဟင်းကို မျှဝေလိုက်ပါ တယ်။ ဒီဟင်းကိုတော့ ကျွန်မက ဟင်း ချက်ဖို့အချိန်သိပ်ေမပးနိုတင်ဲ့အခါ၊ ဟင်း ခ်ျရကင်း တခြားအလုပ်ကို လုပ်ချတင်ဲ့ အခါ ချက်ဖြစ်ပါတယ်။ ဒီချက်နည်းက လွယ်သလို ချက်နေရင်းက လှည့်ကြည့် စရာမလိုအောင် မီးဖိုပေါ် ပစ်ထားရုံမို့လို့ ပါ။ ကျွန်မလိုပဲ မုန်ညင်းချဉ်ကြိုက်တယ်၊ ဟင်းခ်ျရကင်း တခြားအလုပ်လုပ်စရာရှိ တယ်ဆိုရင် ဒီဟင်းကိုစမ်းချက်ကြည့်နိုင် ပါတယ်။ ဟင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်း-၁။ ၀က်သားသုံးထပ်သား ၂။ မုန်ညင်းချဉ် ၃။ချင်း ၄။ ကြက်သွန်ဖြူ အရဆင်ုံး အေခါက်ပါတဲ့ သုံးထပ် သားကို ရေသချာဆေးပါတယ်။ အ ခေါက်ကြိုရကင် အေခါက်ထည့်နိုင်သလို မကြိုရကင် ထုတ်လိုက်လို့ရပါတယ်။ ပြီး ရင် ငရုတ်ကောင်း၊ ဆားအနည်းငယ်နဲ့ နယ်လိုက်တယ်။ ပြီးရင် မုန်ညင်းချဉ်ကို အေနေတ်ာလှီးတယ်။ ချင်းကို အမျှလငှ်ီး တယ်၊ ကြက်သွန်ဖြူဓားပြားရိုက်တယ်။ ဆားနယ်ထားတဲ့ သုံးထပ်သားကို အေနေတ်ာအချပ်လိုက်လှီးတယ်။ အ ခေါက်အပါအ၀င် အတုံးကြီးကြီး လှီးလို့ရ သလို ခပ်ပါးပါးလေးလှီးလည်းရပါတယ်။ ဒါက ကိုယ်ကြိုက်တဲ့အနေအထားလှီးနိုင် ပါတယ်။ ပြီးရင် အသားကို ဟင်းခွက် တစ်ခုထဲထည့်၍ အေပ်ါမှာ ခုနက လှီးထား တဲ့ ချင်း၊ ကြက်သွန်ဖြူ၊ မုန်ညင်းချဉ် ကိုထည့်ပြီး အိုးတစ်ခုခုထဲ ထည့်ပေါင်း လိုက်ပါတယ်။ ပေါင်းတဲ့အချိန်မှာ အိုးထဲ မှာရေသိပ်မများပါစေနဲ့။ ဟင်းထဲ ရေတွ ၀ကင်ုန်မှာစိုးလို့ပါ။ ပြီးရင် မီးအေးအေးနဲ့ မီးဖိုပေါ်ပစ်ထားပြီး တခြားအလုပ်သွား လုပ်နိုပင်ါတယ်။ တစ်အောင့်ကြာလို့ အသားတွေ နူး အိသွားပြီဆိုရင်အရသာအေပါ့၊အငန် မြည်းပြီးရင် အိုးချနိုပင်ါပြီ။ ချဉ်ချဉ်စပ်စပ် အရသာရှိပြီး ထမင်းစားမြိန်မယ့် ဟင်း တစ်ခွက်ကို ရပါတယ်။ သုံးထပ်သားမဟုတ်ဘဲ တခြားအ သားရော ရလားမေးရင် ရပါတယ်။ ကျွန်မ အတွက်တော့ ဒီလို အသားမုန်ညင်းချဉ် ပေါင်းမှာသုံးထပ်သားကစားလို့အေကာင်း ဆုံးပါ။ အဆီကြိုရကင် အဆီများတဲ့ သုံး ထပ်သားဝယ်၊ အသားကြိုရကင် အသား များတဲ့ သုံးထပ်သားဝယ်၊ အရိုးနုပါပါတဲ့ သုံးထပ်သားနဲ့ စိတ်တိုင်းကျ လုပ်စားနိုင် ပါတယ်။ ငရုတ်သီးနဲ့အချဉ်တည်တဲ့ မုန် ညင်းချဉ်မရှိခဲ့ရင် ငရုတ်သီးမပါတဲ့ မုန် ညင်းချဉ်(ကြံမဆိုင်)နဲ့လည်း လုပ်နိုပင်ါ တယ်။ စိတ်ကြိုက်အရသာမျိုးနဲ့ လူမပင် ပန်းတဲ့ သုံးထပ်သားမုန်ညင်းချဉ်ဟင်းကို အိမ်မှာလုပ်စားနေကျအတိုင်းမျှဝေ လိုက်ပါတယ်။ နိုင်းနိုင်းစေန —


No comments: