Thursday, February 28, 2013

ထာဝရ ကုသိုလ်တိုးပွားစေတဲ့ ထာဝရဒါန (၆) (၁) အာရာမေရာပဒါန- ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များကို လှူဒါန်းခြင်း။ (၂) ၀နေရာပဒါန- အရိပ်ကောင်းတဲ့သစ်ပင် များကို စိုက်ပျိုးလှူဒါ န်းခြင်း။ (၃) သေတုကာရကဒါန- တံတားခင်းပြီး လှူဒါန်းခြင်း။ (၄) ပပါဒါန- ရေအိုးစတင်ည်၍ လှူဒါန်းခြင်း။ (၅) ဥပပါနဒါန- ရေတွင်းရေကန်တူး၍ လှူဒါန်းခြင်း။ (၆) ဥပဿယဒါန - ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ်၊ သိမ်၊ ဓမ္မာရုံ လှူဒါန်းခြင်း။ ဒီဒါန (၆) မျိုးအနက် တစ်မျိုးမျိုးကို လှူဒါန်းသူဟာ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်တရား တိုးပွားတယ်။ သေလွန်တဲ့အခါ နတ်ပြည်သို့ လားရော်ရကတယ်။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ မြတ်စွာဘုရားသီတင်းသုံးစဉ်အခါ ညဥ့်သန်းခေါင်ယံမှာ နတ်သားတစ်ပါး မေးလျောက်တယ်။ “အရှင်ဂေါတမ… အဘယ်သူတို့ဟာ နေ့ရောညဥ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွားကြပါသလဲ၊ အဘယ်သူတို့ဟာ သီလနှင့် ပြည့်စုံပါကုန်သလဲ၊ အဘယ်သူတို့ဟာ နတ်ပြည်သို့ သွားကြရကုန်ပါသလဲ” “ အို…နတ်သား၊ အကြသင်ူတို့ဟာ သစ်သီးဥယျာဉ် ၊ ပန်း ဥယျာဉ်။ အရိပ်ကောင်းသစ်ပမင်ျားကို စိုက်ပျိုးလှူဒါန်းကြတယ်၊ တံတားခင်း ကြတယ်၊ ရေအိုးစတင်ည်ခင်းကြတယ်၊ ရေတွင်း ရေကန်နှင့် ကျောင်း၊ သိမ်၊ ဓမ္မာရုံ နေရာကောင်းတို့ကို လှူဒါန်းကြတယ်၊ ထိုသူတို့မှာ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်တိုးပွားတယ်၊ ထိုသူတို့ဟာ တရားမှာ တည် ကုန်တယ်၊ အေလ့အထ စာရိတ္တသီလ နှင့် ပြည့်စုံကုန်တယ်၊ ထိုသူတို့ သေ လွန်တဲ့အခါ နတ်ပြည်သို့လားေ ရာက်ကြတယ်” ကုသိုလ်တွေအမျိုးမျိုးယူနိုင်ကြပါစေ..... အကုသိုလ် ပယ်နည်းများ (၁) မြင်ခြင်းဖြင့် ပယ်ခြင်း (ဒဿနာ ပဟာတဗ္ဗာ) (၂) ပိတ်ခြင်းဖြင့် ပယ်ခြင်း (သံဝရာ ပဟာတဗ္ဗာ) (၃) မှီဝဲခြင်းဖြင့် ပယ်ခြင်း (ပဋိသေဝနာ ပဟာတဗ္ဗာ) (၄) သည်းခံခြင်းဖြင့် ပယ်ခြင်း (အဓိဝါသနာ ပဟာတဗ္ဗာ) (၅) ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း (ပရိဝဇ္ဇနာ ပဟာတဗ္ဗာ) (၆) ဖျောက်ခြင်းဖြင့် ပယ်ခြင်း (ဝိနောဒနာ ပဟာတဗ္ဗာ) (၇) ပွါးခြင်းဖြင့် ပယ်ခြင်း (ဘာဝနာ ပဟာတဗ္ဗာ) (၁) သစ္စာလေးပါးကို မြင်ခြင်းဖြင့် ပယ်ခြင်း (၁- မွေး၊ အို၊ နာ၊ သေ၊ မချစ်တာနဲ့တွဲ၊ ချစ်တာနဲ့ကွဲ၊ လိုရာမရခြင်း၊ ဥပါဒါနက္ခန္ဓာရှိနေခြင်း ဟူသော ဒုက္ခတို့ကို သိမြင်ခြင်း၊ ၂- တဏှာ လောဘေကြာင့် ဒုက္ခဖြစ်နေရသည်ဟု သိမြင်ခြင်း၊ ၃- နိဗ္ဗာန်ရောက်မှ ဒုက္ခအားလုံး ချုပ်ငြိမ်းမည်ဟု သိမြင်ခြင်း၊ ၄- ထိုနိဗ္ဗာန်ရောက်ရန် မဂ္ဂရငှ်စ်ပါးပွားရမည်ဟု သိမြင်ခြင်း) (၂) မျက်စိ၊ နား၊ နှာ စေသာ ဣနြေ္ဒတို့ကို ပိတ်ခြင်းဖြင့် ပယ်ခြင်း (အကုသိုလ်ဖြစ်စရာ အာရုံများကို မကြည့်မိ၊ နားမေထာမငိ မခံစားမိအောင် စောင့်ရှောက်ထိန်းချုပ်ခြင်း) (၃) ဆွမ်း စေသာ ပစ္စည်းတို့ကို ဆင်ခြင်၍ မှီဝဲခြင်းဖြင့် ပယ်ခြင်း (အစား၊ အဝတ်၊ နေရာ၊ ဆေးတို့ကို မိမိအကျိုး၊ အများအကျိုး၊ သာသနာ့အကျိုး ဆောင်နိုရင်န် သင့်လျော်အောင် သုံးဆောပင်ါသည်ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း) (၄) ဆင်းရဲဝေဒနာတို့ကို သည်းခံခြင်းဖြင့် ပယ်ခြင်း (မေကာင်းသောစကား၊ မေကာင်းသောအေတွ့၊ အချမ်းအပူ၊ ခြင်၊ မှက်၊ လေ၊ နေ၊ အနာ၊ ရောဂါစသည်တို့ကို သည်းခံခြင်း) (၅) နေရာမဟ်ုရတာ၊ ကျက်စားရာမဟ်ုရတာ၊ ယုတ်မာသော မိတ်ဆွေတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်ခြင်း (ကိုယ်နှင့်မဆိုင်သော မသွားသင့်သော အရပ်၊ ကြမ်းသော ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ သစ်ငုတ်၊ ချောက်ကမ်းပါး၊ အညစ်အေကြးရှိရာအရပ် စသည်တို့ကို ရှောင်ကြဉ်ခြင်း) (၆) ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်ကို ဖျောက်ဖျက်ခြင်း ဖြင့် ပယ်ခြင်း (ကာမဂုဏ်တို့ကို ကြံစည်ခြင်း၊ သူတစ်ပါးကို ပျက်စီးစေရန် ကြံစည်ခြင်း၊ ညှင်းဆဲရန် ကြံစည်ခြင်း ဟူသော မေကာင်းသော အကြံတို့ကို ဖျောက်ဖျက်ခြင်း) (၇) သတိသေမ္ဗာဇ္ဈင် စေသာ ဗောဇ္ဈင် (၇)ပါးတို့ကို ပွားခြင်းဖြင့် ပယ်ခြင်း (သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တို့ကို ပွါးများခြင်း) အနှစ်ချုပ်အားဖြင့် အာရုံများနှင့် ကြုံကြိုက်လာလျှင် မသင့်မေလျာ် နှလုံးမသွင်းမဆင်ခြမငိစေဘဲ သင့်လျော်အောင် နှလုံးသွင်းဆင်ြ ခင်ခြင်း ယောနိသောမနသိကာရ ဖြစ်အောထင်ားခြင်းဖြင့်ပင် အကုသိုလ်တရားတို့ကို ပယ်ပြီး ဖြစ်သွားပါလိမ့်မည်။ ကုသိုလ်တရား အားလုံးတို့သည်... လေးပါးသော အရိယသစ္စာတို့၌ ... အကျဉ်းချုံးခြင်းသို့ ရောက်ကုန်၏။ ... ဒုက္ခဖြစ်သော အရိယသစ္စာ၊ ... ဒုက္ခဖြစ်ကြောင်း ဖြစ်သော အရိယသစ္စာ... ဒုက္ခချုရပာ ဖြစ်သော အရိယသစ္စာ၊... ဒုက္ခချုရပာသို့ ရောက်ကြောင်း ... အကျင့် ဖြစ်သော အရိယသစ္စာတို့၌ ... ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။...


Posted via BlogPost

No comments: