Thursday, February 28, 2013

မြတ်ဗုဒ္ဓနဲ့ မိဘေကျးဇူး… မြန်မာ ဗုဒ္ဓဘာသာအများအကြား နားလည်လက်ခံထားတဲ့ ရှေးရိုးစွဲ ဘာသာရေး အမှားများ အေမြာက်အများ ရှိနေပါတယ်။ မှန်သလိုလိုနဲ့ နဲနဲလေး လွဲနေတာလေးတွေပါ။ ဘုရားဟောသလိုလို ကျမ်းဂန်မှာ ပါသလိုလိုနဲ့ လူ့လောကမှာ အသုံးပြုနေတဲ့ စကားလုံးများ၊ ဟောပြောဆုံးမချက်များကို ပြောတာပါ။ ဒီအလွဲတွေထဲက မိဘေကျးဇူးကို ဖော်ထုတ်ပြောဆိုရာမှာ အသုံးပြုကြတဲ့ အသုံးလေးကေတာ့ မဖြစ်သင့်တဲ့ အလွဲအသုံးလေးဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုစလိုက်တယ် မသိတဲ့ အဲဒီအသုံးက “ဘုရားတောမငှ် မိခင်ကျေးဇူးကို နို့တစ်လုံးဖိုး ပဲ ကျေအောဆင်ပ်နိုင်ခဲ့တယ်” ဆိုတဲ့ အေပြာအဆို အသုံးအနှုန်းလေးပါ။ မိဘေကျးဇူးအေကြာင်း ခိုင်းနှိုင်းပြောဆိုကြတာ ကောင်းပါတယ်။ မိဘေကျးဇူးဟာ မြင့်မိုရ်တောင်မက ကြီးမားတယ်၊ မိဘများဟာ အလွန်ကျေးဇူးများတဲ့အတွက် အဆုံးမရှိတဲ့ ကျေးဇူးရှင် အနန္တဂိုဏ်းဝမင်ျား ဖြစ်တယ် စသဖြင့်ပေါ့။ ဒီလောက်ဆို လုံလောက်ပါတယ်။ ခုဟာက ဘာမှရေရရာရာ မသိကြဘဲ မိဘေကျးဇူးကို ဖော်ကျူးတာ ဘုရားရှအေင်ပ်ါမှာတောင် စော်ကားသလို ဖြစ်နေပါတယ်။ မိဘေကျးဇူးကြီးမားတဲ့အတွက် အနန္တ အနှိုင်းမဲ့အရှင် ဘုရားရှင်တောင် ကျေအောမင်ဆပ်နိုခင်ဲ့ဘဲ အေမ့ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေခဲ့တယ်လို့ ခိုင်းနှိုင်းပြောဆို ဆုံးမတာကေတာ့ တော်တော်လေးကို လွဲနေပါတယ်။ တကယ်တော့ ဘုရားရှဟင်ာ မိဘေကျးဇူးကို အထူးကျေအောင် ဆပ်သွားနိုတင်ဲ့ အနှိုင်းမဲ့ အရှပင်ဲဖြစ်ပါတယ်။ ဖခင်ကျေးဇူး၊ မိခင်ကျေးဇူးတွေတင် မဟုတ်ပါဘူး မိခအင်ရင်းမဟုတ်တဲ့ မိထွေးအေမကိုတောင် ကျေးဇူးတရားတွေ အေကျဆပ်သွားခဲ့ပါတယ်။ ဒီနေရာမှာ လောကသားတို့ရဲ့ ကျေးဇူးဆပ်နည်းနဲ့ ဘုရားရှရင်ဲ့ ကျေးဇူးဆပ်နည်းကတော့ မတူဘူးပေါ့။ ဘုရားရှကေင်တာ့ ပစ္စည်းဥစ္စာတွေနဲ့ တစ်ဘ၀အတွက် ကျေးဇူးဆပ်တာ မဟုတ်ဘဲ ဓမ္မနဲ့ပဲ ဘ၀သံသရာမှ နိဗ္ဗာန်အထိရောက်အောင် ထာဝရအေကျဆပ် သွားခဲ့ပါတယ်။ ဒုက္ခအားလုံး ငြိမ်းအောလင်ုပ်ပြီး ကျေးဇူးဆပ်သွားတာ ဖြစ်တဲ့အတွက် ဒီထက်ကောင်းတဲ့ ကျေးဇူးဆပ်နည်းကတော့ မရှိတော့ပါဘူး။ ဘုရားရှဟင်ာ ခမည်းတော်၊ မယ်တော်တို့ကို အရိယာအဖြစ်ရောက်အောင် ဓမ္မနဲ့ ကျေးဇူးဆပ်သွားရုံတမင်ကဘဲ အမျိုးကိုစောင့်ရှောက်တဲ့ ဉာတတ္ထစရိယ အေနနဲ့လည်း အေဒ်ါဖြစ်တဲ့ မိထွေးတော်၊ ဦးကြီးဦးလေး၊ ညီတော်ညီမေတာ် စတဲ့ ဆွေတော်မျိုးတော်များအထိ အရိယာများဖြစ်အောင် ကျေးဇူးဆပ် စောင့်ရှောက်သွားခဲ့ပါတယ်။ ဘုရားရှဟင်ာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို အနာဂါမ် အဖြစ်ရောက်အောင် ကျေးဇူးဆပ်ခဲ့တဲ့အပြင် မယ်တော်ကိုလည်း သောတာပန်အရိယာအဖြစ် နိဗ္ဗာန်လမ်းကို ပို့ဆောခင်ဲ့ပါတယ်။ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားရှကငိုမွေးပြီး ခုနှ်ရစက်မြောက်မှာပဲ ကွယ်လွန်သွားပြီး တာဝတိံသာနတ်ပြည်မှာ သန္တုသိတနတ်သားအဖြစ် ပြန်လည်မွေးဖွားပါတယ်။ (ဒီနေရာမှာ ကြုံလို့ပြောရဦးမယ် မယ်တော်မာယာဟာ ဘုရားအေလာင်းကို မွေးပြီး (၇)ရက်မြောက်မှာ ကွယ်လွန်ခဲ့တာဟာ ဘုရားလောင်းကို မွေးခဲ့ခြင်းကြောင့် မဟုတ်ပါဘူး။ ဘုရားလောင်း ပဋိသေန္ဓမယူခကင်တည်းက မယ်တော်ရဲ့ သက်တမ်းကိုကြည့်ပြီး မယ်တော်သက်တမ်း ၁၀လနဲ့ ၇ရက်ပဲ ကျန်တဲ့အချိန်မှာ နတ်ပြည်ကဆင်းသက်လို့ လူ့ပ်ြရညှိ မယ်တော်ရဲ့ ၀မ်းတိုက်မှာ ပဋိသေန္ဓယူတာ ဖြစ်ပါတယ်။) ဘုရားရှဘင်ုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်မှာပဲ မယ်တော်ထံကြွရောက်ကာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာတော်ကိုဟောပြီး မိဘေကျးဇူးကို ဆပ်တော်မူပါတယ်။ အဲဒီမှာ မယ်တော်မာယာဟာ သောတာပန်တည်သွားပါတယ်။ သောတာပန် ဖြစ်ပြီးရင် ကောင်းတဲ့သုဂတိဘ၀တွေမှာ အများဆုံး ခုနှစ်ဘ၀ပဲ ကျလင်ရညပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။ ဘုရားရှဟင်ာ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာကိုလည်း နိဗ္ဗာန်ရောက်တဲ့အထိ နို့ဖိုးကို ကျေအောဆင်ပ်သွားပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကိုလည်း ဘိက္ခုနီမအဖြစ်ခွင့်ပြုပြီး ဒီဘ၀မှာပဲ ရဟန္တာဖြစ်တဲ့အထိ ကျေဇူးတရားတွေကို ကျေပွန်အောဆင်ပ် သွားပါတယ်။ ဒုက္ခပလင်ယ် အေပါင်းမှ ကယ်တင်ပြီး နိဗ္ဗာန်ရောက်သည်အထိ ပို့ဆောင်တော်မူသွားပါတယ်။ ဒီထက်ပိုပြီး မိဘေကျးဇူးကို ကျေအောဆင်ပ်တဲ့ နည်းကေတာ့ မရှိတော့ပါဘူး။ ဒါကြောင့် “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောဆင်ပ်နိုင်ပါတယ်” ဆိုတဲ့ တစ်လွဲနားလည် အမှတ်မှားနေတာတွေ၊ ပြောဆိုခိုင်းနှိုင်းနေတာတွေကို မေပြာမိအောင် သတိဆောင်ပြီး ဘုရားရှဟင်ာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးမက ကျေအောဆင်ပ်သွားနိုသင်ူအဖြစ် ဥပမာယူကာ မိမိတို့လည်း မိဘေကျးဇူးကို တကယ်ကျေချရင်င် ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါစို့လို့ပဲ တိုက်တွန်းလိုက်ပါတယ်။ စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


Posted via BlogPost

No comments: