Thursday, February 28, 2013

[ရဟန်းကြွလျှင် ကုသိုလ်ဝင်။] ****************** "သမဏာနဉ္စဒဿနံ-ရဟန်းတော်များအားဖူးမြရင်ခြင်းသည် မင်္ဂလာမည်ပေ၏။" သီလရှိသောရဟန်း(virtuous person) အိမ်ကိုကြွသောအခါ အိမ်၌ လူတို့သည် အကျိုးတရားငါးပါးဖြစ်ပွားစေပါတယ်..။ ၁။ သီလရှိသောရဟန်း အိမ်သို့ကြွသောအခါ လူတို့သည် ဖူးမြရင်၍ စိတ်ကြည်လင်သောအခါ ထိုအိမ်သည် နတ်ပြည်၌ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်ပါတယ်.။ ဒါဆိုရင် မြတ်ဗုဒ္ဓဒေသနာတော်ကို opposite အေနဖြင့်စဉ်းစား ကြည့်မယ်ဆိုရင် သီလမရှိသောရဟန်း အိမ်သို့ကြွလာသောအခါ ဖူးမြရင်၍ စိတ်မကြည်မလင်ဖြစ်သောအခါ ထိုအိမ်သည် ငရဲပြည်၌ ဖြစ်စေတတ်သောအကျင့်ကို တိုးပွားစေမယ်လို့ပြောလိုက်တာနဲ အတူတူပါပဲ..။ ရဟန်းတစ်ပါးကြွလာသောအခါ မိမိဘက်က နှလုံးသွင်းတတ်ဖို့ရယ်..အမြရငှ်င်းဖို့ရယ်ပဲလိုပါတယ်..။ ဘယ်လိုနှလုံးသွင်းရမလဲ..ဘယ်လိုအမြရငှ်င်း ရမလဲဆိုရင် “ငါ့အိမ်ကို ဦးဇင်းလေးကြွလာတယ်၊ ဆရာတော်ကြီးကြွလာတယ်..ဒါဟာငါ့အိ မ်အတွက် အကျိုးတရားငါးပါးဖြစ်ထွန်းစေမည့်လက္ခဏာတွေပဲ..၊ ရဟန်းတော်တွေဆိုတာ လောဘ,ဒေါသ,မောဟကင်းအောင် မြတ်ဗုဒ္ဓတရားတော်ကို ကျင့်ကြံကြိုးကုတ်နေသာ မြင့်မြတ်သော သူတော်ကောင်းကြီးတွေပါလို့အမြင်ရှင်းနှလုံးသွင်းပြီး ကုသိုလ်ကိုအရယူလိုက်ပါ..။” အဲဒီလိုအမြရငှ်င်းနှလုံးသွင်းပြီးကုသိုလ်ကောင်းမူကိုအရယူလိုက်ပါ..။ ၂။သီလရှိသောရဟန်း အိမ်ကိုကြွသောအခါ လူတို့သည် ခရီးဦးကြိုဆိုကြ,ရှိခိုးကြ,နေရာထိုခင်င်း ပေးကြေသာအခါ ထိုအိမ်သည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သောအကျ င့်ကိုကျင့်သည်မည်ပါတယ်..။ Opposite အေနဖြင့်တွေးမယ် ဆိုရင် တွေးကြည့်လို့ရပါတယ်..။ မိမိဘာသာတွေးယူကြည့်ပါလေ..။ အကယ်၍ မိမိအိမ်ကို ဦးဇင်းတစ်ပါး ဆရာတော်တစ်ပါးကြွလာသောအခါ ခရီးဦးကြိုဆို နေရာခင်းပေးခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ..။ စကားစပ်လို့ ကြားညှပ်ပြောချင်တာလေးတစ်ခုက မိမိခရီးသွားတဲ့အခါမှာ bus ကားပေါ်မှာပဲဖြစ် ဖြစ်.. ရထားပေါ်မှာပဲဖြစ်ဖြစ် နေရာမရေသာ ရဟန်းတစ်ပါးကိုမြပင်ါက နေရာဖယ်ပေးခြင်းဖြင့်လည်း ကုသိုလ်တစ်ခုကိုအရယူလိုက်ပါ..။ ဒါမျိုးကုသိုလ်ကတော့ စေတနာဓာတ်ခံတော်တော်လေးကောင်းမည်သူလောက်မှသာ ယူလေ့ယူထရှိကြမှာပါ..။ ဘာပဲဖြစ်ဖြစ် မိမိက ကုသိုလ်ယူချတင်ယ်ဆိုရင် ယူတတ်လိုက်ဖို့ပါပဲ..။ ၃။သီလရှိသောရဟန်း အိမ်ကိုကြွလာသောအခါ လူတို့သည် ၀န်တိုမူအညစ်အေကြးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်ပါတယ်..။ မိမိ၏စိတ်ထဲမှာ ရဟန်းတစ်ပါးကြွလာလျှင် ဒီကိုယ်တော်ကလည်း အိမ်ကိုလာပြန်ပြီ..၊ ဘာများလုပ်မလို့ လဲမသိပါဘူး..။အလှူများခံမလို့လား.စသည့်ဖြင့် မေကာင်းတဲ့စိတ်ေ တွမေမွးမိဖို့ပဲ..။ ကောင်းတဲ့စိတ်ေကလးမွေးပြီး ရဟန်းတစ်ပါးတော့ ကြွလာပြီး ၀မ်းသာလိုက်တာ ငါကုသိုလ်တွေရေတာ့မှာပဲဆိုပြီး ကုသိုလ်ကောင်းမူကိုအရယူလိုက်ပါ..။ ၄။သီလရှိသောရဟန်း အိမ်ကိုကြွလာသောအခါ လူတို့သည် စွမ်းနိုသေင်လာက် လှူဒါန်းသောအခါ ထိုအိမ်သည် ဥစ္စာပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်ပါတယ်..။ မိမိက ရဟန်းတစ်ပါးကြွလာလျှင်ဝတ္ထုငွေလှူဒါန်းရမယ်လဲမဆိုလိုဘူး။ သင်္ကန်းတွေလှူရမယ်လဲမေပြာဘူး..။ ကျောင်းကြီးဆောက်လှူရမယ်လို့လဲမဆိုလိုပါဘူး..။ မိမိအိမ်ကိုကြွလာသောရဟန်းကို ရေအိုထဲက ရေတစ်ခွက်ခပ်ပြီး ကပ်လှူလိုက်တာလဲ ဒါနတစ်ခုပါပဲ..။ အဲဒီတော့ အနည်းဆုံး ရေတစ်ခွက်လှူဒါန်းခြင်းဖြင့်လည်းကုသိုလ်ယူလိုက်ပါ..။ ဒီကုသိုလ်ေကတာ့ ယူတတ်မယ်ဆိုရင် ရဟန်းမြတငိုင်းကုသိုလ်ယူလိုရပါတယ်.။ ရဟန်းတော်တွေနဲ့ တွေ့သောအခါ မိမိစွမ်းနိုသင်လောက် လှူဒါန်းလို့ရတာဆိုတော့ မိမိကယူတတ်ဖို့ပဲလိုတယ်။ အေစာကတင်ပြသလို ငွေတွေ၊ ကျောင်းတွေကိုဆိုလိုခြင်းမဟုတ်ပါ..။ ကွမ်းတ်ရစာ ရေတစ်မှုတ်ကိုဆိုလိုခြင်းဖြစ်ပါတယ်..။ ၅။သီလရှိသောရဟန်း အိမ်ကိုကြွသောအခါ လူတို့သည် ပုစ္ဆာမေးကြ ပြဿနာမေးကြ တရားနာကြေသာအခါ ထိုအိမ်သည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်သည်မည်ပါတယ်..။ ဒီတစ်ချက်ေကတာ့ ရဟန်းတော်တွေအေန ဖြင့်လည်း သတိချပ်ဖွယ်လိုမယ်ထပင်ါတယ်..။ ရဟန်းတော်တစ်ပါး အေနဖြင့် အိမ်ကိုကြွသောအခါ စကားပြောပြီး စကားမေပါမိဖို့ရယ်..။ ဒကာ/မေတွကိုအကျိုးရှိစေမည့် မြတ်ဗုဒ္ဓအဆုံးမေလးတွေ ပြောပြရမယ်ဆိုတာ ရဟန်းတစ်ပါး၏နှလုံးသားထဲမှာ ထည့်ထားသင့်တယ်။ ဒကာ/မေတွအေနဖြင့်လည်း ဓမ္မနဲ့ပက်သက်ပြီး မရှင်းလင်းတာတွေကိုမေးခြင်းဖြင့်လည်းကောင်း၊ တရားနာခြင်းဖြင့်လည်းကောင်း ကုသိုလ်ကောင်းမူကိုအရယူလိုက်ပါ. .။ ဒီလောက်ဆိုရင် ရဟန်းတစ်ပါး အိမ်ကိုကြွလာသောအခါ ကုသိုလ်(၅)ခု တစ်ခုခုကိုအရယူလိုက်ပါ။ တစ်ခုခုဆိုတာအနည်းဆုံးအေနဖြင့်ပြောပြထားခြင်းပါ..၊ (၅)ခုစလုံးကို အပြည့်အ၀ယူနိုင် ရပငိုကောင်းပါတယ်၊ သိပ်ခက်ခဲတာလည်းမပါလှပါဘူး..။ ရဟန်းကြွလျှင် ကုသိုလ်ဝင် အိရမှမင်တို့ သတိယှဉ် ကုသိုလ်ငါးခု လက်မလွတ်အရယူတတ်စေ..ဟုတိုက်တွန်းလိုရကပါတော့တယ်..။ လပြည့်ဝန်း(သာစည်) ကျမ်းကိုး။ ။ကုလသုတ်၊ ဗြာဟ္မဏ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


Posted via BlogPost

No comments: