Thursday, February 28, 2013

ဒါရုက္ခန္ဓောပမသုတ် (သစ်တုံးတရားတော်) ••••••••••••••••••••••••••••••••••••• အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားဟာ ကောသမ္ဗီပြည်၊ ဂင်္ဂါမြစ်နားမှာ သီတင်းသုံးနေခိုက် ဂင်္ဂါမြစ် ရေအယဉ်နဲ့  သစ်တုံးကြီးတစ်တုံး မျောပါလာတာကို ဂေါတမမြတ်စွာဘုရားက မြင်တော်မူပြီး... “ရဟန်းတို့  မျောလာတဲ့သစ်တုံးကြီးကို သတငို့ မြတင်ယ်မဟုတ်လား” လို့  မေးတော့ မြပင်ါကြောင်း ရဟန်းတွေက ဖြေကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက... “ရဟန်းတို့  အကယ်၍ သစ်တုံးကြီး ဒီဘက်ကမ်းကိုလည်း မကပ်ဘူး၊ ဟိုဘက်ကမ်းကိုလည်း မကပ်ဘူး၊ မြစ်အလယ်မှာလည်း နစ်မြုပ်မသွားဘူး၊ သောင်ပေါ်ကိုလည်း မတဘင်ူး၊ လူကလည်း ဆယ်မယူဘူး၊ နတ်ကလည်း ဆယ်မယူဘူး၊ ၀ဲလည်းစုပ်ယူမသွားဘူ၊ အတွင်းကလည်း မေဆွးမပုပ်ဘူးဆိုလျှင်... ပလင်ယ်သမုဒ္ဒရာထဲကို ရောက်သွားမယ်၊ ဘာကြောင့်လဲဆိုရင်...ဂင်္ဂါမြစ်က သမုဒ္ဒရာထဲ နိမ့်ဆင်းညွတ်ကိုင်း သ်ရကှိုင်းနေတဲ့အတွက်ကြောင့်ဖြစ် တယ်။” “ရဟန်းတို့ ... ဒီသစ်တုံးကြီး ဥပမာအတိုင်း သတငို့ ဟာလည်း ဒီဘက်ကမ်းလည်း မကပ်၊ ဟိုဘက်ကမ်းလည်းမကပ်၊ အလယ်မှာလည်း မနစ်မမြုပ်၊ သောင်ပေါ်လည်းမတင်၊ လူလည်းအဆယ်ယူမခံရ၊ နတ်လည်းအဆယ်ယူမခံရ၊ ၀ဲလည်းအစုပ်မခံရ၊ အတွင်းမှာလည်း မေဆွးမပုပ်ဘူးဆိုရင်ဖြင့် သတငို့ ဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းသ်ရကှိုင်း ရော်ရကှိသွားမယ် ။ ဘာကြောင့်လဲဆိုရင်...သမ္မာဒိဋ္ဌိဆိုတဲ့ မှန်တဲ့ မြသငိမှုဟာ နိဗ္ဗာန်သို့  ညွတ်ကိုင်းနေတဲ့ ရောက်စေတဲ့ တရားဖြစ်ခြင်းကြောင့်ပဲ” လို့  ဂေါတမဗုဒ္ဓက အမိန့် ရှိတဲ့အခါမှာ ရဟန်းတွေက ပြန်ပြီးမေးလျှောက်ကြတယ်။ “အရှဘင်ုရား....ဒီဘက်ကမ်းဆိုတာ ဘာကိုဆိုလိုပါသလဲ၊ ဟိုဘက်ကမ်းဆိုတာကေကာ ဘာကိုဆိုလိုပါသလဲ၊ အလယ်မှာ နစ်မြုပ်တာ...သောင်ပေါ်တင်နေတာ.. .လူဆယ်ယူတာ၊ နတ်ဆယ်ယူတာ၊ ၀ဲစုပ်ယူတာ...အတွင်းမှာပုပ်ဆွေးခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲဘုရား” လို့  မေးလျှောက်ကြတယ်။ “လူမှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာတွေကို ဒီဘက်ကမ်းလို့ ဆိုလိုတယ်။ အဲဒီမျက်စိအစရှိ တာတွေကို နှစ်သက်စွဲလန်းနေရင်...ဒါ ဒီဘက်ကမ်းကို ကပ်တာ။ အဲဒီမျက်စိစတဲ့ ဒီဘက်ကမ်းကို ထိလာတဲ့ အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အေတွ့ အထိ၊ အေတွးတွေက ဟိုဘက်ကမ်း။ ဟိုဘက်ကမ်းကို ကပ်တယ်ဆိုတာ... အဲဒီ အဆင်းအသံ အစရှိတာတွေကို တပ်မက် ကပ်ငြိသာယာနေရင်... ဒါ ဟိုဘက်ကမ်းကို ကပ်တာ... အလယ်မှာ မြုပ်တယ်ဆိုတာက တဏှာ အေနှာအင်ဖွဲ့ တွေထဲ နစ်မြုပ်နေတာကို ဆိုလိုတာ၊ ချစ်သူခသင်ူတွေကို တပ်မက်ချစ်ခတင်ဲ့ တဏှာ၊ ရာထူးဂုဏ်၊ စည်းစိမ်ဥစ္စာ၊ သားမယားစသည်တွေကို တွယ်တာတပ်မက်နေတဲ့ တဏှာဟာ လူပုဂ္ဂိုလ်ကို အဲဒီတပ်မ်ရကာ ၀တ္ထု၊ အာရုံတွေထဲမှာ ခေါင်းမေဖ်ာနိုင်အောင် နှစ်မြှုပ်ပေးနေတယ်။ ရေအာက်မှာ မြုပ်သွားတဲ့ သစ်တုံးကြီးကို ရွှံ့ တွေ၊ သဲတွေ အထပ်ထပ်ဖုံးတဲ့အ ခါ ရေပါ် ပြန်ေမပ်ါနိုင်လောက်အောင် ဖြစ်သွားသလို တဏှာကလည်း လူကို တပ်မက်မှု အေနှာအင်ဖွဲ့ တွေထဲက ပြန်မတက်နိုင်အောင် နှစ်မြှုပ်ထားတာ... သောတင်တင်ယ် ဆိုတာက ထောလင်ွှားမှုမာနကိုဆိုလိုတာ၊ မာနမြင့်တက်နေတာ ကိုပဲ သောတင်တင်ယ်လို့ ဆိုလိုတယ်။ မာနဖြစ်နေရင်... လူဟာ ငါသိ ငါတတ်ဆိုတာမျိုးတွေလည်း ဖြစ်တယ်။ ဒီလိုမာနတက်နေတာ့ နောက်ထပ်အသိတိုးဖို့ ၊ အမြသင်စ်တွေ့ ဖို့  မဖြစ်နိုင်တော့ဘူး၊ မာနခံနေသမျှတော့ ရှေ့ ဆက်ပြီးတိုးတက် သွားစရာ ရှိမှာ မဟုတ်တော့ဘူး။ လူဆယ်ယူတယ်ဆိုတာကေတာ့ လူတွေနဲ့ ဆက်ဆံရောနှောပြီး နေရတာနှစ်သက်နေခြင်းမျိုးကိုပဲ ဆိုလိုတယ်။ လူတွေနဲ့ ဆက်ဆံရောနှောနေတာဟာ ဒီလိုနေရတာကို နှစ်သက်လို့ ပဲ။ ဆက်ဆံရောနှောနေသမျှ လူမှုကိစ္စတွေ ရှုပ်ထွေးပြီး လူဆိုရလင်ည်း ကောင်းရာကောင်းကြောင်းကို အေသအချာမလုပ်နိုဘင်ူး။ မလုပ်အားဘူး။ ရဟန်းဆိုရလင်ည်း လူမှုကိစ္စတွေနဲ့  ရှုပ်ထွေးငြိတွယ်နေရင် တရားဓမ္မအလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် မလုပ်နိုင်တော့ဘူး။ နတ်ဆယ်ယူတယ်ဆိုတာက လူ့ ဘ၀ထက်သာတယ်လို့ ထတင်ဲ့ နတ်ဘ၀၊ နတ်အဖြစ်မျိုးကို တောင့်တပြီး၊ အဲဒီဘ၀မျိုးကိုရဖို့  လုပ်ဆောမငှ်ုမျိုးမှာ နှစ်သက်ငြိတွယ် နေတာမျိုးကို ဆိုလိုတာ။ ၀ဲစုပ်ယူတယ်ဆိုတာက ကာမဂုဏ်(၅)ပါးရဲ့  ဆွဲဆောင်ယူငရင်ာ ကို လူသတ္တ၀ါက လိုက်ပါနေရတာကို ဆိုလိုတာ၊ ဒီကာမဂုဏ်ထဲမှာပဲ တ၀ဲဝဲလည်နဲ့ မထွက်နိုင်တော့တာ... အတွင်းကေဆွးနေတယ်၊ ပုပ်တယ်ဆိုတာကေတာ့ အကျင့်သီလမရှိတာ၊ အကျင့်ပျက်တာကို ဆိုလိုတာ.....သစ်တုံးကြီးဆွေးပုပ်သွားရင်၊ ပျက်စီးကြေမွသွားရင် သစ်တုံးဘ၀ပျောက်ပြီး ပလင်ယ်သမုဒ္ဒရာဆီ ဆက်ပြီးပါသွားစရာ ဘ်ရယှိတော့မှာလဲ။ ဒီလိုပါပဲ။ အကျင့်ပ်ျရကင် သီလမရှိရင် ကောင်းမြတ်တဲ့ဘ၀မျိုးကို ရဖို့ ၊ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး။ နိဗ္ဗာန်ဆိုတဲ့ ပလင်ယ်သမုဒ္ဒရာကြီးဆီ ရောက်ဖို့  မဖြစ်နိုင်တော့ဘူး....” ဂေါတမမြတ်စွာဘုရားနဲ့  ရဟန်းတော်အရှသင်ူမြတ်တို့ ကေတာ့ ဒီဘက်ကမ်း ဟိုဘက်ကမ်း...ဘယ်ကမ်းကိုမှ မကပ်မငြိ၊ အလယ်မှာလည်း မနစ်ကြ မမြုပ်ကြ၊ ဘယ်သောင်ပေါ်ကိုမှလည်း မတခင်ဲ့ကြ၊ ဘယ်လူ ဘယ်န်ရတဲ့  အဆယ်အယူကိုလည်း မခံခဲ့ကြ၊ ၀ဲစုပ်ခံရခြင်းလည်း မရှိ၊ ယိုနင်ဲ့  ဆွေးမြေ့ခြင်းဆိုတာလည်း သူတို့ မှာမရှိကြ၊ နိဗ္ဗာန်ပလင်ယ် သမုဒ္ဒရာကြီးဆီကို ကောင်းစွာရောက်သွားခဲ့ကြတယ်။ အထက်ပါ ပလင်ယ်သမုဒ္ဒရာကြီးဆီကို ကောင်းစွာ ထွက်သွားနိုတင်ဲ့လမ်းကို ဖော်ပြတဲ့ တရားဓမ္မကိုနာပြီး ပြန်လာတဲ့မိတ်ဆွေက..“ရှ်ရကှက်နဲ့ ဝန်ခံရရင်....အဲဒီပလင်ယ်သွား တရားကို ကြားနာပြီးတဲ့အခါမှာ တစ်ယောက်ထည်းထည်းနဲ့  နိဗ္ဗာန်ပလင်ယ်ကြီးဆီ ထွက်ခွာသွားရမှာကို အားငယ်သလိုပဲ ခံစားရတယ်” လို့ ပြောတဲ့စကားသံကို ကြားယောမငိပါတယ်။ နန္ဒာသိန်းဇံ အတင်ာဗျူးဂျာနယ်၊ နံပါတ်-၁၄၁ (၂၈၊ ၈၊ ၂၀၀၂) “သမုဒ်ပလင်ယ်ပြာ နှိုင်းပမာ” စာအုပ်မှ ကူးယူဖော်ပြပါသည်။ _/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …_/|\_


Posted via BlogPost

No comments: