Thursday, February 28, 2013

ဗုဒ္ဓဘာသာလူမျိုးများအေနဖြင့် မဖြစ်ေမန သိထားသင့်သည့် ဒုစရိုက်(၁၀)ပါး။ ကာယဒုစရိုက် = ကာယကံ(၃)ပါး ဝစီဒုစရိုက် = ဝစီကံ(၄)ပါး မေနာဒုစရိုက် = မေနာကံ(၃)ပါး ကာယဒုစရိုက် = ကာယကံ(၃)ပါး (၁) ပါဏာတိပါတ - သူတစ်ပါးအသက်ကို သက်ခြင်း။ (၂) အဒိန္နာဒါန - ပိုရငှ်သင်ည် ကိုယ်နှုတ်တို့ဖြင့် မေပးအပ်သော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (၃) ကာမေသုမိစ္ဆာစာရ - ကာမဂုဏ်တို့၌ မှားယွင်းစွာ ဖောက်ပြန်ကျူးလွန်ခြင်း။ ဝစီဒုစရိုက် = ဝစီကံ(၄)ပါး (၁) မုသာဝါဒ - မဟုတ်မမှန်သော အရာကို ဟုတ်မှန်သည့်အေနဖြင့် လိမ်ညာပြောဆိုခြင်း။ (၂) ပိသုဏဝါစာ - ချောပစ်ကုန်းတိုက်ခြင်း၊ ချစ်သူနှစ်ဦးကွဲသွားအောင် သို့မဟုတ် မိမိအား ချစ်ခလင်ာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးခြင်း၊ သင့်တင့်ညီညွတ်နေသာ မိတ်ဆွေတို့ကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်း။ (၃) ဖရုသဝါစာ - ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာ ပြောဆိုခြင်း။ (၄) သမ္ဖပ္ပလာပ - မိမိသူတစ်ပါး နှစ်ဦးသား လုံးဝအကျိုးမရှိ ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ မေနာဒုစရိုက် = မေနာကံ(၃)ပါး (၁) အဘိဇ္ဈာ - သူများစည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ေဝန သည်ကို မြင်သောအခါ “ထိုစည်းစိမ်ဥစ္စာချမ်းသာများ ငါ၏စည်းစိမ်ဥစ္စာ ဖြစ်လာပါမူ ကောင်းလေစွ”ဟု သူတစ်ပါး၏ စည်းစိမ်ချမ်းသာအေပါ် မေကာင်းသောအကြံဖြင့် ကြံစည်ခြင်း။ (၂) ဗျာပါဒ - သူတစ်ပါးအေပါ်၌ ပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း။ (၃) မိစ္ဆာဒိဠိ (မှားသောအယူ) - လှူခြင်းသည် အကျိုးမရှိ၊ မလှူခြင်းသည် အပြစ်မရှိစသည် ကောင်းတာလုပ်ခြင်းသည် အကျိုးမရှိ၊ မေကာင်းတာလုပ်ခြင်းသည် အပြစ်မရှိစသည်ဖြင့် ဖောက်ပြန်မှားယွင်းစွာ ယူခြင်း။


Posted via BlogPost

No comments: