Monday, March 11, 2013

“ရှေးရိုးစဉ်လာ မေတ္တာပို့”

“ရှေးရိုးစဉ်လာ မေတ္တာပို့”

ငါဟုခေါ်စရာ ဤခန္ဓာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ မိဘနှစ်ဖြာ ရိုသေစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ သင်ကြားပညာ မြတ်ဆရာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ မျိုးဆွေတော်ရာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ကိုယ်မှာစောင့်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ မြေ၌တည်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ သစ်ပတင်ည်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ကောင်းကတင်ည်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ယောက်ျားမ်ရညာ ပေါင်းများစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ မိန်းမမ်ရညာ ပေါင်းများစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ သူမွန်မြတ်စွာ အရိယာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ပုထုဇဉ်သာ အနရိယာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ လုံးစုံဒေ၀ါ နတ်များစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ လုံးစုံလူ့ရွာ များသတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ အပါယ်ဘုံမှာ များသတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဆင်းရဲမှန်စွ ဘေးဒုက္ခ အားလုံး လွတ်ကြပါစေသာ်။ လုံးစုံများစွာ သတ္တ၀ါ ကံသာမူလ ရှိပေစွ။

Buddha In My Life
Posted via BlogPost

No comments: