Wednesday, March 27, 2013

(မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး)


လူ့ဘ၀ဆိုတာ ဘာမှ မပိုင်ဘူး။ဘာမှ မသေချာဘူး။ ချောက်ကမ်းဘေးလမ်းလျှောက်နေရသလို အချိန်မရွေး ကျသွားနိုင်တယ်။ ကြက်ဥ ငှက်ဥတွေလို အချိန်မရွေး ပေါက်ကွဲသွားနို င်တယ်။

မသေချာ မရေရာဘဲ လျှောက်လှမ်းနေရ တဲ့ ဘ၀သံသရာကြီးထဲ မြတ်စွာဘုရားသာသနာတော်ကြီးနှင့် တွေ့ကြုံနေရတဲ့အခါ ဘ၀ပဒေသာပင်ကြီးကနေ ကိုယ်လိုချင်တဲ့အသီးကို ဆွတ်ခူးလို့ရတယ်။

• ဒါနအသီးကို ဆွတ်ခူးမလား။ • သီလအသီးကိုဆွတ်ခူးမလား။ • သမထ၊ ၀ိပဿနာအသီးကို ဆွတ်ခူးမလား။

ဘာဆွတ်ဆွတ် ဘာခူးခူးရတာချည်းဘဲ။ အထက်သွားသွားအောက်သွားသွား ရတယ်။ အဲ.. အဆွတ်ခူးမှားပြီးလူ့ပြည်ပြန်ရောက်ရင် သာသနာက ရှိမှာမဟုတ်ဘူး။ ဘယ်အသီးကို ဆွတ်ခူးခူး"နိဗ္ဗာန်" ကိုဘဲ ဆုတောင်းပြီး ဆွတ်ခူးကြ။

(မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး)

No comments: