Saturday, March 30, 2013

ပျင်းတဲ့သူကို ဘယ်သူမှ အားမကိုးဘူး။ အကျင့်စာရိတ္တမကောင်းတဲ့သူကိုဘယ်သူမှ မယုံဘူး။

အကျင့်စာရိတ္တကောင်းတယ်။ စိတ်ထားကောင်းတယ်။မပျင်းမရိ လုပ်သင့်တာတွေကိုလုပ်နေတယ်ဆိုရင်မြင်ရတဲ့သူတွေကအစ လေးစားမယ်။ယုံကြည်မယ်။အားကိုးမယ်။ အဲဒီလူနဲ့ လက်တွဲပြီးအလုပ်လုပ်ချင်တဲ့သူပေါမယ်။ ဒီလိုလူဟာ မိတ်ဆွေကောင်း မရှားဘူး။အလုပ်မရှားဘူး။သူ့ကို လူအများက ဝမ်းသာအားရ ဆီးကြိုမယ်။welcome လုပ်မယ်။

ပတ်ဝန်းကျင်ကကိုယ့်ကို မယုံကြည်တော့ဘူး။ မလေးစားတော့ဘူး။အားမကိုးတော့ဘူး။ကိုယ့်ကို တာဝန် မပေးတော့ဘူးဆိုရင် ကိုယ့်မှာ လုပ်စရာတဖြည်းဖြည်း နည်းသွားမယ်။ကိုယ့်လောကဟာ တဖြည်းဖြည်းကျဉ်းမြောင်းသွားမယ်။

ပျင်းတဲ့သူကို ဘယ်သူမှ အားမကိုးဘူး။ အကျင့်စာရိတ္တမကောင်းတဲ့သူကိုဘယ်သူမှ မယုံဘူး။ ဆရာတော်ဦးဇောတိက (လေးစားပါတယ်၊ဘဝတန်ဖိုး စာမျက်နှာ-၁၈မှ)

No comments: