Sunday, March 31, 2013

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း


ုဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း
Monday, April 1, 2013

မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်း သောဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော် မူပြီးနောက် ရွှေခွက်ကိုအဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့ သည် ။

ညနေချမ်းအချိန်တွင် မဟာဗောဓိညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမားလှူဒါန်း ခဲ့သောမြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူ ခဲ့သည်။

ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြ စ်သည်။(ပရာဇိတ- ရှုံးအပ်ရာ၊အ-မဟုတ်)။

အပရာဇိတပလ္လင်မြတ်

အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊အပြန့် အကျယ်လားဟုလည်းမေး ကြသည်။အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုးရှိကြတယ်။ မဏိဒီပဋီ ကာကျမ်းပြုဆရာတော်၊တောင်ခွင်သာသနာပိုင်ဆရာတော်တို့ က (၁၄) တောင်အပြန့်အကျယ်ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။

ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊မုံရွေးဇေတဝန်ဆရာတော်တို့ကတော့ (၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင်လို့ မိန့်ဆိုကြပါသည် ။ အကြောင်းအသီးသီးပြ လို့ မိန့်ဆိုထားခြင်းဖြစ်၏။မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။

ကုသိုလ်ရဖို့ကအဓိကပင်ဖြစ်၏။၎င်းအပရာဇိတပလ္လင်ေ ပါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူ ခဲ့သည်။

၁။ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွမာရ်စစ်သည်အ ပေါင်းကို အောင်တော်မူသည် ။(အပြင်ရန်များကို အောင်မြင်ခြင်းဖြစ်၏)။

၂။ကိလေသာမာရ်-(၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။

၃။အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။

၎။ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ဗြဟ္မာခန္ဓာ၊အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။

၅။မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။ (အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။

ကျမ်းကိုး။။တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ဗုဒ္ဓဂယာဘုရားဖူးများသို့ကျမ်း။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ် လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: