Sunday, March 31, 2013

ပထ၀ီဇယမန္တာန် သမိုင်းအကျ ဉ်းချုပ်


ပထ၀ီဇယမန္တာန် သမိုင်းအကျ ဉ်းချုပ်

…… အခါတစ်ပါး ဘုရားအလောင်းတော်ရသေ့ ဟိမ၀န္တာ၌ သီတင်းသုံးနေ၏။ဘုရားအလောင်းတော်သည် နေ့စဉ် ဤဂါထာများကို ကျောက်ဖျာပေါ်ထိုင်၍ရွတ်ဖတ်သရစ္ဇျာယ် လေ့ရှိသည်။ တနေ့သ၌သဗ္ဗဒါဌိကမြေခွေး သည် ဘုရားအလောင်းထံ ဤဂါထာများကို သင်ယူလိုကြောင်း တောင်းဆိုရာ ဘုရားအလောင်းတော်သည် မြေခွေး၏ကောက်ကျစ်စင်လဲသောအကြောင်းကိုသိရှိလေရာ ဤဂါထာများသည် သင်မြေခွေနှင့်မထိုက် တန်ကြောင်း ပြောဆို၍မသင်ပေးဘဲ နေလေ၏။တနေ့သ၌ မြေခွေးသည် ဘုရားအလောင်းရသေ့အပြင် သွားခိုက် ကျောက်ဖျာအောက်၌ ပုန်းအောင်းနေလေ၏။ဘုရားအလောင်းရသေ့ပြန်လာသောအခါ ကျောင်ဖျာ အောက်မှ ဤဂါထာများကို ကြားနာရ၍ အမြဲမပြတ်ရွတ်ဖတ်သဖြင့် တောနေသတ္တ၀ါများမြေခွေးအား ၀န်းရံခစားကြလေသည်။သစ် ကျားဆင်ခြင်္သေ့စသည်တို့ မြေခွေးသြဇာအာဏာမန္တာန်အစွမ်းကို ကြောက်ရွံ့ကြသဖြင့် တောဘုရင်းအဖြစ်တင်မြှောက်ခဲ့ကြလေသည်။ နောင်သောအခါတောနေသတ္တ၀ါများကိုစုရုံး၍ လူတို့ နေသော မြို့ရွာ များကို သိမ်းပိုက်မည်အကြံဖြင့် လူတို့နေသောအရပ်သို့ စစ်ချီလေ၏။ဘုရားအလောင်းတော်ရသေ့သည် ထိုအခြင်းအရာကိုသိရှိ၍လူတို့ထံသို့ သတင်းကြားထားလေသ ည်။သင်လူသားတို့သည်တောနေသတ္တ၀ါများ စစ်ချီလာသောအခါ ၀ါဂွမ်းဆိုင်များဖြင့် နားများပိတ်ထားဖို့ရာ မှာကြားခဲ့လေသည်။မြေခွေးဦးဆောင်သော တောနေသတ္တ၀ါများသည် လူတို့နေရာသို့ရောက်ရှိ၍လာကြရာ မြေခွေးသည် ခြင်္သေ့များကို အော်ဟစ်ဟိန်းဟောက်ဖို့ အမိန့်ပေးလေရာ သတ္တ၀ါအချင်းချင်းအောဟစ်ကြသဖြင့် နားများကန်၍မြေခွေးအပါအ၀င် သတ္တ၀ါအားလုံး အသက်ဆုံးရှုံးခြင်းသို့ရောက်ရှိခဲ့လေသည်။ ယင်းကို အစွဲပြု၍ပထ၀ီဇယမန္တာန်ကို ဖြစ်ပေါ်ကာ ရွတ်ဆိုခဲ့ကြောင်းရှေးဆရာအစဉ်အဆက် မှတ်တမ်းတင်ခြဲ့ ကသည် (ပထ၀ီ =မြေကြီး+ဇယ=အောင်မြင်ခြင်း။ မြေပြင်တစ်ခုလုံးကို အောင်နိုင်ခြင်းဟု အဓိပ္ပါယ်ရသည်) ဤဂါထာမန္တာန်များကို အမြဲမပြတ် ရွတ်ဖတ်ခြင်းမရသေးသော စည်းစိမ်းများ ရရှိနိုင်ခြင်း၊ မြေယာ အိုးအိမ်တိုက်တာများ ဖြစ်ထွန်းရရှိခြင်း၊သြဇာအာဏာကြီးမားခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း…..

ပထ၀ီဇယ မန္တာန်ဂါထာတော် ၁။သြီ ပထ၀ီဇယသဗ္ဗံ၊အနေရအန္တရာယိကံ။ ဇယံ ပစ္စေကဗုဒ္ဓါစ၊ဇယံ ပရိမဟေသယော။ ၂။ဇယံ ဟရော ဟရိဒေဝေါ၊ဇယံ ဗြဟ္မာ ဓတရဋ္ဌော။ ဇယံ နာဂေါစ ၀ိရူဠော၊၀ိရူပက္ခော စစန္ဒိမာ။ ၃။ဝိဣန္ဒော ဝေနတေယျော၊ ကုဝေရော ၀ရုဏောပိ စ။ အဂ္ဂိ ၀ါရဏော ပဇ္ဇုန္နော၊ကုမာရော စတုပါလကော။ ၄။အဋ္ဌာရသ မဟာဒေ၀ါ၊ သုခိတာ စ ပသိဒ္ဓိယော။ အသီတိ မဟာသာဝကာ၊သဗ္ဗံ ဇယံ ဒဒန္တု မေ။ ၅။ဇယော ဓမ္မော စ သံဃော စ၊ ဒသဗလော စ ဇေယျကော။ ဧတေန သစ္စ၀ဇ္ဇေန၊ ဇယာ သုခါ ဘ၀န္တု မေ။ ၆။နရာ ဒေ၀ါ စဗြဟ္မာနော၊ယက္ခာ နာဂါစ ဂရုဠှာ။ တေပိ ဒိသွာ ပိယာ မယှံ၊ ပုတ္တံမမေ၀ သိနေဟာ။ ၇။ဗုဒ္ဓါပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။ သဗ္ဗေ ကရောန္တု မေမေတ္တံ၊သဗ္ဗေ တိဋ္ဌ န္တုမတ္ထကေ။ ၈။တေသံ မေတ္တာနုဘာဝေန၊ သဗ္ဗေ ရောဂါသုသီတလာ။ သဗ္ဗေ ဘယာ ၀ိနဿန္တု၊သဗ္ဗေနဿန္တု`ပဒ္ဒ၀ါ။ ၉။ဣမသ္မိံ စက္က၀ါဠေ စ၊ ဗဟူ အနန္တပါဏိနော။ အနန္တစက္က၀ါဠေ စ၊ ဗဟူအနန္တပါဏိနော။ ၁၀။ဣမေ သတ္တာ အဝေရာ စ၊ အညမညံ ပိယာ ဟောန္တု။ ဣမေ သတ္တာ အဝေရာ စ၊အညမညံ သုခါ ဟောန္တု။ ၁၁။နေရယိကာ တိရစ္ဆာနာ၊ပေတာ အသုရကာ ယမာ။ ဣမေ သဗ္ဗေ ယထာ သတ္တာ၊ဒုက္ခာ မုစ္စန္တုတတ္တကာ။ ၁၂။ဒသကောဋိ ဒကဇာစ၊ထလဇာ န၀ကောဋိကော။ သံသေဒဇောပပါတိကာ၊ဒီဃာယုကာ ဘ၀န္တု တေ။ ၁၃။ဥဒ္ဓံယာဝ ဘ၀ဂ္ဂါစ၊အဓော ယာဝ အ၀ီစိတော။ သမန္တာ စက္က၀ါဠေသု၊ ယေ သတ္တာ ပထ၀ီစရာ။ ၁၄။အဗျာပဇ္ဇာ နိဝေရာ စ၊နိဒ္ဒုက္ခာ စ‘နုပဒ္ဒ၀ါ။ သဗ္ဗေ သတ္တာ အဝေရာ စ၊သဟ သဗ္ဗေဟိ ဥာတိဘိ။

http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A25 0770&xgs=1&xg_source=msg_share_post

No comments: