Monday, March 11, 2013

၁။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျောက်တည်ရောဂါ (

၁။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျောက်တည်ရောဂါ ( Health Digest )

ကျောက်ကပ်နှင့် ဆီးပြွန်၊ ဆီးအိမ်၊ ဆီးထွက်လမ်းကြောင်း စတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်မှာ ကျောက်ကပ်တည် ခြင်းဖြစ်ပါတယ်။

ခံစားရနိုတင်ဲ့ ဝေဒနာလက္ခဏာများကတော့ ခါးနာခြင်း၊ ဆီးပူ၊ ဆီးအောင့်ခြင်း၊ ဆီးသွားလျှင် သွေးပါခြင်း၊ တစ်ခါတ်ရစံ ဆီးသွားလျှင် ဆီးထဲတွင် ကျောက်အနည်အမှုလေးများအဖြစ်သော်လည်းကောင်းပါလာခြင်း၊ ချမ်းတုန်ဖျာခြင်းများလည်းဖြစ်နိုပင်ါတယ်။

ဆီးပြွန်ထဲမှာ ကျောက်ပိတ်ဆို့နေရင် အဲဒီဘက်ကျောက်ကပ်မှ ဆီးမထွက်ဘဲ ကျောက်ကပ်ထဲမှာစုဝေးပြီး၊ ကျောက်ကပ်ကြီးလာ တတ်ပါတယ်။ ဒါပေမယ့် ဘာဝေဒနာမျှမခံစားရဘဲလည်းရှိနိုင်ပါတယ်။

အခြားအေကြာင်းကိစ္စတစ်ခုခုအတွက် ၀မ်းဗိုက်ဓါတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း ပြုလုပ်တဲ့အခါမှာ ဆီးလမ်းကြောင်း မှာ ကျောက်တည်နေတာကို မေမျှာ်လင့်ဘဲ တွေ့ရှိရတာလည်ြး ဖစ်နိုပင်ါတယ်။

အကယ်၍ ကျောက်ကပ်ထဲမှာ ကျောက်တည်နေပြီး ခွဲစိတ်ကုသခြင်းမပြုလုပ်လျှင် ဆီးတွင် သွေး ပါခြင်း၊ ကျောက်ကပ်ကြီးလာခြင်း၊ (Hydronephrosis)၊ ကျောက်ကပ် တွင်း ပြည်တည်ခြင်း (Pyonephrosis) သွေးတိုးရောဂါဖြစ်ခြင်း၊ ကျောက် ကပ်တွင်း ပိုးဝင်ရောရင်မ်းခြင်း တို့အပြင် ကျောက်တည်ခြင်း ကာလကြာရှည်လာပါက ကဆင်ာရောဂါပါ ဖြစ်လာနိုပင်ါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိတဲ့သူတွေက ဘယ်သူတွေလဲ။

အသက်အရွယ် ကျား/မ မေရွး ဖြစ်နိုပင်ါတယ်။ လူလတ်ပိုင်းမှာ ပိုပြီးအဖြစ်များပါတယ်။ ဆီးလမ်းကြောင်း မကြာခဏပိုးဝခင်ံရသူ Parathyroid ရောဂါ၊ ဂေါက်ရောဂါရှိသူများ၊

ဆီးထွက်လမ်းကြောင်းကျဉ်းမြောင်းပိတ်ဆို့သည့် အေခြအေနများ (ဥပမာ- ဆီးကျိတ်ကြီးခြင်း၊ ဆီး ထွက်လမ်းကြောင်း ကျဉ်ူးခြင်း)တွင် ဆီးစီးဆင်းမှုနှေးပြီး ကျောက်တည်နိုပင်ါတယ်။

ဆီးထွက်လမ်းကြောင်း ကျဉ်းမြောင်းတဲ့အေခြအေန (Urethral Strictures)များကို မွေးရာပါအဖြစ်သော်လည်းကောင်း၊ ထိခိုက်ဒ်ရဏာရရှိမှုများအတွက်သော်လည်းကောင်း၊ ဆီးပူညောင်းကျ အဖြူဆင်းသည့်ရောဂါ (ဂလိုကျခြင်း) စသည်တို့ကြောင့်သော်လည်းကောင်း ရနိုပင်ါတယ်။

၃။ ဒီရောဂါဖြစ်မှန်းသေချာအောင် ဘာတွေလုပ်မလဲ။

ဝမ်းပိုက်ဓါတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ သွေးပြန်ကြောမှတစ်ဆင့် ဆေးသွင်း၍ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဓါတ်မှန်ရိုက်ခြင်းတို့ဖြင့် ကျောက်တည်နေတာကို တွေ့နိုပင်ါတယ်။

ဆီးထဲတွင် ပိုးပါ၊ မပါ စစ်ဆေးခြင်းဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရှိ၊ မရှိ ဆိုတာ သိနိုပင်ါတယ်။ သွေးအတွင်းကယ်(လ်) စီယမ်ဓါတ်ပမာဏ၊ ဖော့ (စ်) ဖိတ်ဓါတ်ပမာဏ၊ ယူရစ်အက်စစ် ဓါတ်ပမာဏ စသည်တို့ကို လည်း တိုင်းတာစစ်ဆေးရပါတယ်။

၎။ ခေတ်မီကုထုံးဘာတွေရှိသလဲ။

(၂)ပိုင်းရှိပါတယ်။ အေခြအေနေစာင့်ကြည့်ပြီး ရေများများသောက်ခိုင်းခြင်း၊ ကျောက်ေကြေဆးများပေးခြင်းအားဖြင့် ကုသမှုပြုလုပ်နိုပင်ါ တယ်။ ကျောက်အရွယ်အစားဟာ (၅)မီလီမီတာထက် ကြီးမယ်ဆိုရင် နောက်ဆက်တွဲ ပြဿ နာတွေပေါ်နိုလငို့ခွဲစိတ်ဖ်ရယှားသင့်ပါတယ်။

ကျောက်ကို ဖ်ရယွားပေးတဲ့ ကုသမှုမှာ ထပ်မံခွဲခြားကြည့်ရင် Non Invasive ခွဲစိတ်မှုမပြုဘဲ ပြပေင်န၍ ကျောက်ကိုေခြေပးခြင်း (ESWL = Extracorporeal Short Wave Lithotripsy)ပြုလုပ်ပေးနိုပင်ါတယ်။

နောက် Minimal Invasive ကုသတဲ့နည်းကေတာ့ အေရပြားမှဖောက် ၍ ကျောက်ကိုထုတ်တဲ့နည်း PCNL (Percutaneous Nep Hrolithotripsy) လုပ်နိုပင်ါတွယ်။

နောက်တစ်ခုကေတာ့ ESdosopic Lithotripsy ဖြစ်ပါတယ်။ ဆီးအိမ်နဲ့ ဆီးပြွန်ထဲမှာရှိတဲ့ ကျောက်များကို ဖယ်ထုတ်နိုပင်ါတယ်။

လေဆာအသံလွန်လှိုင်းနဲ့လေအား Pneumatic Lithoclast တို့ကို သုံးပြီးကျောက်ကို ခြေယူတဲ့နည်းဖြစ်ပါတယ်။ ကျောက်ကို ဖ်ရယှားတာလည်းရှိပါတယ်။

၅။ အများပြည်သူအား ပေးလိုသော အဓိကအကြံပေးချက်။

ကျောက်တည်ရောဂါမဖြစ်အောင် ရေများများသောက်သင့် ပါတယ်။ အနည်းဆုံးတစ်နေ့ကို ၂လီတာသော်ရကပါတယ်။ မြန်မာလိုတက် စာလို့ခေါ်တဲ့အစားအစာတွေ၊ အသည်း၊ အမြစ်၊ ကလီစာ၊ မှို၊ မျှစ်၊ တညင်းသီးစသည်တို့ကိုရှောသင်င့်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ ဖြစ်လာလျှင် စောစောစီးစီး ကုသမှုခံယူခြင်းဖြင့် ကျောက်မတည်အောင် တားဆီးနိုပင်ါတယ်။

Posted From Kyaw Tun


Posted via BlogPost

No comments: