3 Treasures: Buddha, Dhamma & Sangha ကျော့ကွင်းလွတ်သူများ။ ••••••••••••••••••••• အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန် တော၌ (သီတင်းသုံး) နေတ်ာမူ၏၊ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟူ၍ မိန့်တော်မူ၏၊ ''အရှဘင်ုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏
ရဟန်းတို့ - ငါဘုရားသည် နတ်လူတို့၌ ဖြစ်ကုန်သော ကိလေသာကျော့ကွင်း အားလုံးတို့မှ လွတ်ပြီ၊ ရဟန်းတို့ - သတငို့သည်လည်း နတ်လူတို့၌ ဖြစ်ကုန်သော ကိလေသာကျော့ကွင်းအားလုံးတို့မှ လွတ်ကြကုန်ပြီ။
ရဟန်းတို့ - များစွာသော လူတို့၏ အစီးအပွားဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ လောကကို စောင့်ရှောက် ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားဖြစ်ခြင်းငှါ ချမ်းသာခြင်းအလို့ငှါ ဒေသစာရီ လှည့်လည်ကြကုန်လော့၊ ခရီးလမ်း တစ်ကြောင်းဖြင့် ရဟန်းနှစ်ပါး မသွားကြကုန်လင့်၊
ရဟန်းတို့ - အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကြကုန်လော့၊
အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကြကုန်လော့၊
ပညာမျက်စိ၌ ကိလေသာမြူ နည်းသော သေဘာရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ မကြားနာရခြင်းကြောင့် တရားတော်မှ ဆုတ်ယုတ်ကြကုန်၏၊ တရားတော်ကို သိလွယ်ကုန်သော သူတို့သည် ရှိကုန်လတ္တံ့၊
ရဟန်းတို့ - ငါဘုရားသည်လည်း ဥရုဝေလေတာ, သေနာနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူအံ့ဟု့ (မိန့်တော်မူ၏)၊
ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏
''နတ်၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန် သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုကျော့ကွင်းတို့ဖြင့် သင့်ကို နှောဖင်ွဲ့အပ်၏၊ ကြီးစွာသော မာရ်မင်းအေနှာင်အဖွဲ့၌ သင် မိနေ၏၊ ရဟန်း သသင်ည် ငါ့နိုငင်ံမှ မလ်ွရတလတ္တံ့''ဟု ရွတ်ဆို၏။
ဟယ် - မာရ်နတ်ယုတ်။ နတ်၌ ဖြစ်ကြကုန်သော အကြင်ကျော့ကွင်းတို့သည် လည်းကောင်း၊ လူ၌ ဖြစ်ကြကုန်သော အကြင်ကျော့ကွင်းတို့သည် လည်းကောင်း ရှိကုန်၏။ ငါဘုရားသည် ထိုကျော့ကွင်းအားလုံးတို့မှ လွတ်မြောက်ပြီ၊ ကြီးစွာသော မာရ်မင်း အေနှာအင်ဖွဲ့မှ ငါ လွတ်မြောက်ပြီ၊ ဟယ် - မာရ်နတ်ယုတ် သကင်ား ရှုံးလေပြီဟု မိန့်တော်မူ၏။
ထိုအခါ ယုတ်မာသော မာရ်နတ်သည် . . ''မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏''ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။
( မာရသံယုတ်၊ ပဌမ မာရပါသသုတ် )
Posted via BlogPost
No comments:
Post a Comment