နှလုံးသားအာဟာရ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတာ
ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ သီလေစာင့်တည်တိုင်း သရဏံဂုံတည်တဲ့အခါ ဓမ္မံသရဏံ ဂစ္တာမိ လို့ ဆိုကြတယ်။ ဤတရားသည်သာလျှင်ကိုးက်ွရယာလို့ ဒီအဓိပ္ပာယ်တော့ သိပါလိမ့်မယ်။ သို့ သော်ဒီ့ ထက်ပိုလေးနက်တဲ့ အဓိပ္ပာယ်ကိုသိဖို ရာ ဘုန်းကြီးအကျယ်ဟောပါ့မယ်။
ဓမ္မ ဆိုတဲ့စကားလုံးကို ပါဠိဘာသာမှာ ပါရှိတဲ့စကားလုံးဖြစ်လို မြန်မာလိုပြောမယ်ဆိုရင် သဘာဝတရားလို့ အဓိပ္ပ်ာရယတယ်။ ဓမ္မ ဆိုတဲ့သဘာဝတရားဟာ မည်သူတစ်ဦးတစ်ယောက်ကမှ ပိုဆငိုတင်ာမဟုတ်ဘူး။ လောကကြီးမှာရှိတဲ့ လူအားလုံးနဲ သက်ဆိုတင်ဲ့ သဘာဝတရား။ သဘာဝတရားဆိုတာအမျိုးမျိုးရှိတယ် ။ ဓမ္မံသရဏံ ဂစ္တာမိ ဓမ္မကို ကိုးက်ွရယာဟူ၍ ဆည်းကပ်ပါ၏။ အဲလို ပါးစပ်ကဆိုလိုက်ရုံနဲ့ ဓမ္မံသရဏံ ဂစ္ဆာမိ ကိစ္စပြီးသွားပလား ? ဘယ်လိုအဓိပ္ပာယ်ရောက်မှ ၊ ဘယ်အတိုင်းအတာထိရောက်မှ ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ ပြီးပြည့်စုံမလဲဆိုတာ ဘုန်းကြီးတို မသိသင့်ဘူးလား။သိသင့်ပါတယ် ဘုရား။
မြတ်စွာဘုရားက ဓမ္မကိုဟောတယ်ဆိုတာ ဒီ ဓမ္မဆိုတဲ့သဘာဝတရားတွေဟာ မြတ်စွာဘုရားပွင့်လာမှ ရှိလာတာမဟုတ်ဘူး။ ရှေးတုန်းကတည်းကဒီသဘာဝတရားတွေဟာရှိနေတယ်။ အမြဲတမ်းရှိနေတဲ့ မှန်ကန်တဲ့သဘာဝတရားတွေ။ ထိုသဘာဝတရားတွေဟာ ထူးခြားတဲ့အသိဥာ်ရဏှိတဲ့ ဗုဒ္ဓ ဆိုတဲ့ ပုဂ္ဂိုလ်ပေါ်လာမှဗုဒ္ဓက ထုတ်ဖော်ရှင်းပြခဲ့တာ။ ဗုဒ္ဓ ဆိုတဲ့ ပုဂ္ဂိုလ်ေမပ်ါခဲ့ရင် ဓမ္မ ဆိုတဲ့ သဘာဝတရားတွေကို ပြည့်ပြည့်စုံစုံရှင်းပြနိုတင်ဲ့သူရှိမှာမဟုတ်ဘူးတဲ့။ ဗုဒ္ဓကသာလျှင် ဓမ္မကိုပြည့်ပြည့်၀၀ ရှင်းပြနိုတင်ာ။သို့ သော် ဓမ္မ ဆိုတာ လောကကြီးမှာ အမြဲရှိနေတဲ့ The Law of Nature ။ မြတ်စွာဘုရားက ဓမ္မ ကိုတီထွခင်ဲ့တာမဟုတ်ဘူး။ မြတ်စွာဘုရားက ဓမ္မကိုတွေ့ ရှိတာသာ ဖြစ်တယ်။ ဖန်တီးသူ မဟုတ်ဘူး။
တစ်နည်းအားဖြင့်တွေ့ တယ်ဆိုတာ သိရှိသူ။ အဲဒါကြောင့်မို့ ဗုဒ္ဓ ဆိုတဲ့ အဓိပ္ပာယ်ကိုက အမှန်တရားကိုတွေ့ရှိသူလို အဓိပ္ပ်ာရယတယ်။ သာမန်သိတဲ့လူကိုဗုဒ္ဓလို့ မေခ်ါနိုဘင်ူး။ အမှန်တရားကို အားလုံးပြည့်ပြည့်စုံစုံ ခြွင်းချက်မရှိသိတဲ့လူကိုသာ ဗုဒ္ဓ လို့ ခေါ်တာ။
ဒါကြောင့်မို့ လို့ သရဏံဂုံသုံးပါးမှာ ဒီ ဓမ္မကိုထုတ်ဖော်ေ ဟာပြောနိုတင်ဲ့ ၊ ဓမ္မကိုတွေ့ ရှိတဲ့ ပုဂ္ဂိုလ်မို့ လို့  ဗုဒ္ဓံသရဏံ ဂစ္တာမိ လို့ ဆိုကြတယ်။ ပြီးတော့ အဲဒီ ပုဂ္ဂိုလ်အရှသင်ူမြတ်တွေ့ ရှိခဲ့တဲ့ တရားကို ဓမ္မံသရဏံ ဂစ္တာမိ လို့ ဒီလိုဆိုတယ်။ အဲဒီ မြတ်စွာဘုရားတွေ့ရှိတဲ့ ဓမ္မတွေကိုလက်တွေ့ ကျင့်သုံးလို ပေါက်မြောက်သွားတဲ့အဖွဲ့ အစည်းတ်ရစပ်ကိုသံဃံ သရဏံ ဂစ္ဆာမိ လို့ ဒီလိုဆိုကြတယ်။ဒါကိုပဲ ရတနာသုံးပါးလို့ ဒီလိုပြောဆိုကြတယ်။ သရဏံဂုံသုံးပါးလို့ လည်းပြောကြတယ်။
အဲတော့ ဒီ သဘာဝတရား ဓမ္မ ဆိုတာတွေဟာ မေဖ်ာထုရတင် မသိဘူး။ ဖော်ထုတ်တဲ့သူရှိမှ သိမှာ။ အဲလို ဖော်ထုတ်တာကလည်း ရိုးရိုးတန်းတန်းသာမန်လူမရဘူးတဲ့။ လေးသေင်္ချနဲ့ ကမ္ဘာတစ်သိန်းပါ ရမီဖြည့်လာတဲ့ ဗုဒ္ဓမြတ်စွာလို လူပဲရမှာ။ အဲဒီလို ဖော်ထုတ်လိုက်တဲ့ တရားတွေဟာလည်း ရတနာတွေ။ ရတနာတွေဆိုတာ လူတိုင်းသုံးနို ပင်ါ့မလား ? မသုံးနိုပင်ါဘူးဘုရား။ ရတနာ ဆိုတာ အတုလံ ဒုလ္လပတ် ဒသနံ ။ တွေ့ ဖို့ ခဲယဉ်းတာ ရတနာ။ ဓမ္မ ဆိုတာလည်း ရတနာပဲ။
ဒီပင်္ကရာ မြတ်စွာဘုရားပွင့်ပြီးနောက် မေရမတွက်နိုတင်ဲ အသေင်္ချပေါင်းများစွာ ကမ္ဘာတွေလွန်ပြီးနောက် မင်္ဂလ ဘုရားပွင့်တယ်။ အဲဒီ ဘုရားနှစ်ဆူကြားထဲက ကာလမှာ ဓမ္မ ဆိုတာ ပျောက်ကွယ်သွားတယ်။ ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ မရှိတော့ဘူးတဲ့။
ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်မှာ ဂေါတမမြတ်စွာဘုရားအေလာင်းတော် သုမေဓာရေသ့ က ဘုရားဆုပန်တယ်။ အဲဒီနောက် လေးအသေင်္ချနဲ့ ကမ္ဘာတစ်သိန်းကြာပြီးမှ ဘုရားပွင့်တယ်။ အဲဒီကြားထဲမှာ ရေတွက်လို့ မရတဲ့ အသေင်္ချပေါင်း ၄ ခါကြုံလို့ လေးအသေင်္ချလို့ ခေါ်တာ။ နောက် ရေတွက်လို ရတဲ့ကမ္ဘာက တစ်သိန်း။ ဒီပင်္ကရာမြတ်စွာဘုရားနဲ့  ကောဏ္ဍညမြတ်စွာဘုရားကြားမှာ တစ်ေသင်္ချ
ကောဏ္ဍညမြတ်စွာဘုရားနဲ့ မင်္ဂလ မြတ်စွာဘုရားကြားမှာ တစ်ေသင်္ချ။ သောဘိတမြတ်စွာဘုရားနဲ့  နာရဒမြတ်စွာဘုရားကြားမှာ တစ်ေသင်္ချ ၊ အေနာမဒဿီမြတ်စွာဘုရားနဲ့ ပဒုမုတ္တရမြတ်စွာဘုရားကြားမှ တစ်ေသင်္ချ တဲ့။ အဲဒီတော့ ဓမ္မ ဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ စဉ်းစားကြည့်။ တွေ့ ဖို့ လွယ်လား။ မလွယ်ဘူးနော်။ ခဲယဉ်းတယ်။
အဲဒီတော့ ဂေါတမမြတ်စွာဘုရားမတိုမငှ်ီ ကဿပ မြတ်စွာဘုရားရှင်အထိ အားလုံးပေါင်း ၂၄ ဆူသောမြတ်စွာဘုရားရှတငို့ ပွင့်တော်မူခဲ့ ကြတယ်။ ပေါတမမြတ်စွာဘုရားကိုထည့်လိုက်တဲ့အခါ ၂၅ ဆူ။ ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တူတူပွင့်တာက ၃ ဆူ။ အားလုံးပေါင်း ၂၈ ဆူ။ နှစ်ကျိရပှစ်ဆူဆိုတာ အဲဒါပဲနော်။ ဂေါတမ ဘုရားအေလာင်းဗျာဒိတ်ခံခဲ့တာက ၂၄ ဆူ။ ၂၄ ပါးပဲ ဗုဒ္ဓ ဆိုတာကိုတွေ့ ခဲ့ရတယ်။ အဲဒီ ၂၄ ပါးသည်သာလျှင် ဓမ္မကို ထုတ်ဖော်ဟောကြားနိုခင်ဲ့တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဓမ္မကို ထုတ်ဖော်ဟောကြားနိုင်ခြင်းမရှိဘူးတဲ့။
မြတ်စွာဘုရားကိုကိုးကွယ်တာဟာ စီးပွားတက်ချလငို ကိုးကွယ်တာရှိတယ်။ ကြောက်လို့ ကိုးကွယ်တာရှိတယ်။ တစ်စုံတစ်ခုကြောင့်အကာအကွယ်လုပ်ချလငို့ ကိုးကွယ်တာရှိတယ်။ မျိုးစုံပေါ့လေ။ဘယ်လိုကိုးက်ွရယမလဲ မှန်ကန်တဲ့စိတ်ထား ဘယ်လိုထားရမလဲဆိုတော့ ဘုရားဆိုသည်မှာ မိမိရဲ သန္တာန်ကျရောက်လာမဲ့ မေကာင်းကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့ အေကြာင်းတရားတွေကိုဖ်ရယှားပြီး ကောင်းကျိုးချမ်းသာကိုညွန်ပြေပး တဲ့အတွက် ကိုးကွယ်တယ်။ ဒီလိုနည်းနဲ့ ကိုးက်ွရယမယ်နော်။
ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။
အဲဒီဂါထာလေး အဓိပ္ပာယ်ကို ဘုန်းကြီးရှင်းပြမယ်။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန အလုံးစုံသောဘုရားရှတငို့ ရဲ့ တန်ခိုးတေဇာ အာနုဘော်တို့ ကြောင့် ၊ သဒါ အခါခပ်သိမ်း ၊ သုခီ ချမ်းသာ ၊ ဟောတု ဖြစ်ပါစေ။ ဒီလို တစ်ချို့ က အဓိပ္ပာယ်ပြန်ကြတယ်။ အဲဒီလို အဓိပ္ပာယ်ပြန်တော့ ဘယ်လိုဖြစ်သွားလဲဆိုရင် မြတ်စွာဘုရားရဲ တန်ခိုးအစွမ်းကြောင့်ချမ်းသာပါစေလို့ ဆိုတော့ ဘုရားက သူ့ ရဲ တန်ခိုးအာဏာ ပါဝါတွေကို အသုံးပြုပြီး သတ္တ၀ါတွေကို ကယ်တတင်ယ်ဆိုတဲ့အဓိပ္ပာယ်ေမရာက်ဘူးလား။ အဲဒီအဓိပ္ပာယ်ပြန်ဆိုချက်မမှန်ဘူး။
ဘယ်လိုပြန်ဆိုရမလဲဆိုတော့ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ အလုံးစုံသောမြတ်စွာဘုရားရှတငို့ရဲ့ ဂုဏ်ကိုအာရုံပြုကာ ကိုးကွယ်ပူဇော်ရတဲ့အစွမ်း အာနုဘော်ကြောင့်၊ သဒါ သုခီ ဘ၀န္တု တေ အစဉ်ထာဝရချမ်းသာသုခရပါစေ။ အဲလိုပြန်ဆိုမှ မှန်ကန်တယ်။ အဲလိုဆိုလိုက်တော့ ဘုရားကို အာရုံပြုပြီးဖြစ်ပေါ်လာတဲ့ ကုသိုလ်ကိုပြောတာ။ ဓမ္မ ကိုပြောတာ။ ကုသိုလ်ဆိုတာ ဓမ္မပဲ။ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတဲ့နေရာမှာ ဓမ္မ ကိုကိုးကွယ်ကျင့်သုံးမှ ဓမ္မံသရဏံ ဂစ္ဆာမိ လို့ မှ်ရတမယ်။
ဓမ္မ ကိုကျင့်သုံးလို့ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်နေတဲ့လူတွေလ ည်းအများကြီး။ ဒါပေမယ့် အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့တရားတွေကေန မေကျာ်လွန်နိုင်သေးဘူး။ ဓမ္မ ရဲ စွမ်းဆောခင်ျက်က နောက်ဆုံး ဒီ အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့အရာတွေကိုကျော်လွားနိုမငှ် ဓမ္မ ဟာပြည့်စုံတယ် လို ပြောရမယ်။
မေတ္တာတရားကို မိမိရဲ့ နှလုံးသားထဲမှာတည်ဆောက်တာ လိုက်နာကျင့်သုံးသာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲလိုမဟုတ်ပဲ ပါးစပ်ေကတာ့ဓမ္မံသရဏံ ဂစ္ဆာမိ ၊ ဒါပေမယ့် အမုန်းတရားတွေကိုလက်ခံကျင့်သုံးနေတာဆိုလျှင် ဓမ္မံသရဏံ ဂစ္တာမိ မဖြစ်နိုဘင်ူး။ ထို့ အတူပဲ အေမာဟ တဲ့ ၊ အသိပညာတွေရှိဖို့ လိုတယ်။ အသိပညာဆိုတာ လုပ်သင့်တာ နဲ့ မလုပ်သင့်တာ ခွဲခြားသိရမယ်။ အနည်းဆုံး အောက်ထစ်ဆုံး မလုပ်သင့်တာကို ရှောဖငို့ ၊ လုပ်သင့်တာကိုလုပ်ဖို့ ခွဲခြားသိရမယ်။အဲဒီတော့ မိမိသန္တာန်မှာ လောဘ ကိုဖ်ရယှားပြီး အေလာဘ ကိုတည်ဆောက်တယ်။ဒေါသကိုဖ်ရယှားပြီး အေဒါသ ကိုတည်ဆောက်တယ်။မောဟ ကိုဖ်ရယှားပြီး အေမာဟဆိုတဲ ပညာတရားကိုတည်ဆောက်တယ်။ အဲဒါဆိုရင် ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် ပါးစပ်ကဆိုတဲ့ ဓမ္မံသရဏံ ဂစ္ဆာမိ သည် အကျိုးတရားတွေကို ထွက်ပေါ်လာစေမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ တရားတွေကိုလက်ခံကျင့်သုံးရတယ်။
အေး......ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ ဒီ့ထက်အဆင့်မြင့်သေးတယ်။ ဘ၀ကန္တာရ ကေနထုတ်ဆောင်ပေးတယ်တဲ့။ ဘ၀ကန္တာရ ဆိုတာ ဘာလဲဆိုတော့ ဘုန်းကြီးတို့ သိထားတဲ့ဘ၀ကြီးဟာ ကျေနပ်စရာကောင်းတဲ့ဘ၀လား ပြန်စဉ်းစားကြည့်။ လူမှုရေး စီးပွားရေးအခက်အခဲတွေက ထားပါတော့ လူတိုင်း ကြုံချမငှ် ကြုံကြမှာ။ ဒါပေမယ့် အိုခြား နာခြင်း သေခြင်း ဆိုတာတွေကေတာ့ လူတိုင်းကြုံမှာ။ အာဏာရှလင်ည်း တစ်နေ့ အိုမှာပဲ။ အာဏာမရှိတဲ့လူလည်း တစ်နေ့ အိုမှာပဲ။ လူဝတ်ကြောလင်ည်း အိုမှာပဲ။ ဘုန်းကြီးတွေလည်း အိုမှာပဲ။
အဲဒီတော့ အိုခြင်း နာခြင်း သေခြင်း ဆိုတာလည်း ကန္တာရေတွပဲ။ အဲဒီ ကန္တာရေတွကို ကျော်လွားနိုတင်ဲ့လူရှိလား။ မရှိနိုဘင်ူး။ အဲဒါကို ဘ၀ကန္တာရလို့ ခေါ်တယ်။ အဲဒီ ကန္တာရေတွထဲက ကယ်ထုတ်နိုတင်ာကတော့ ဓမ္မပဲတဲ့။ သဘာဝတရားတွေကိုသိအောင် ၊ သတ္တ၀ါဆိုတဲ့ အေတွးကို ပျောက်သွားအောင် သဘာဝတရားတွေချည်းသိရှိလာတာကို နာမရူပ ပရိစ္ဆေဒညဏ် လို ခေါ်တယ်။
ဒီသဘာဝတရားတွေဟာဆိုရင်ာဆိုရင်ာ အေကြာင်းတွေကြော င့်ဖြစ်လာတယ်ဆိုတာကိုသိရင် ပစ္စယပရိဂ္ဂဟဥာဏ် လို့ ခေါ်တယ်။ အဲဒီကေန တစ်ဆင့် သဘာဝအတွက် တရားတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ သဘာဝတရားတွေဟာ ဖြစ်ပြီးတော့ ပျက်နေတာပဲလို့ အမြင်တွေမြလင်ာပြီး ဒီသဘာဝတရားတွေဟာ ငြီးငွေ့ စရာပဲ ၊ ကြောက်စရာပဲ ၊ လန့် စရာပဲ ၊ ဒီသဘာဝတရားတွေကလွတ်အောင်ကြိုးစားမှပဲ ဆိုတဲ့ အသိဥာဏ်လေးဝလင်ာလို့ ရှိရင် ဒါ ၀ိပသာနာဥာဏ် လို့ ခေါ်တယ်။
လောဘ ရယ် ဒေါသ ရယ် မောဟ ရယ် ဒီအကုသိုလ်တွေကလွတ်သွားတာကို ၀ိမုတ္တ လို့ ခေါ်တယ်။ စိတ်ေကလးဟာ အာရုံနဲ တော့တွေ့ တယ်။ ဒါပေမယ့် ထိုအာရုံရဲ့ ကြားထဲမှာလွတ်သွားတယ်။ အဲဒါ Glue မရှိတော့တာ။ စက္ကူလေးနှစ်ခုဟာ ထိတော့ထိနေတယ်။ ဆိုပါစို့ စာရွက်လေး ၂ ခုထိထားတယ်။ အဲဒီ စာရွက် ၂ ခုကြားမှာ ကော်မပါဘူးဆိုရင် ခွဲလို့ မရဘူးလား။ ရတယ်။ လူတွေရဲ့ စိတ်မှာ ခွဲမရဘူးဆိုတာက ကော် ပါနေလို့ ခွဲမရတာ။ ဟုတ်လား။ ကော်က ရိုးရိုးကောတောင်မဟုတ်ဘူး Super Glue ဖြစ်နေတယ်။ အဲဒီတော့ အာရုံနဲ့ စိတ်နဲ့ ဘယ်လိုပဲတွေ တွေ့ လောဘမလာဘူး ၊ ဒေါသမလာဘူးဆိုရင် ညှိနေပါ့မလား။ ဘယ်ညှိမလဲနော်။ အဲဒါကို ၀ိမုတ္တ လို့ ခေါ်တာ။ လွတ်သွားပြီလို ပြောတာ။ ဓမ္မ ကို Pratise လုပ်တယ်ဆိုတာ အဲဒီလိုလွတ်သွား ပြီဆိုတဲ့အဆင့်ထိအောင် အားထ်ုရတမှာ။
အဲဒီလိုလွတ်သွားပြီဆိုရင် ဘ၀ဆိုတဲ့ ကန္တာရခရီးကြမ်ြး ကီးကိုနောက်ထ်ရပဆငိုစင်ရာမရှိတော့ဘူး။ ရဆငိုစင်ရာမရှိ ရုံတမင်ကဘူး ၊ အသာသ ဒါနတဲ့ ။ သံသရာကြီးထဲမှာ ပပင်န်းခဲ့ရတာတွေအကုန်လုံးငြိမ်းသွားတယ်။ အေသာကံ ၀ရဇံ ခေမံ ဆိုတာ အဲဒီကျမှလာတာ။ စိတ်ေကလးမှာ လောဘလည်းမလာဘူး။ ဒေါသလည်းမလာဘူး။မောဟလည်းမလာဘူး။စိတ်ေကလးငြိမ်းချမ်းသွားပြီ။ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတာ အဲဒီအဆင့်ထိရောက်အောင် သွားရမယ်တဲ့။
ရှသင်ာရိပုတ္တရာ တို့ ရှမင်ဟာမောဂ္ဂလန်တို့ ရဟန္တာတွေဟာဓမ္မံ သရဏံ ဂစ္ဆာမိ ကို အပြည့်အ၀ကျင့်ကြံကြိုးကုပ်အားထု တ်လိုက်ကြသည့်အတွက်ကြောင့် နောက်ဆုံးမှာ နိဗ္ဗာန်ကိုမျက်ေ မှာက်ပြုသွားကြတယ်။ အေး...အဲဒါသည် အပြည့်ဝဆုံး အစစ်မှန်ဆုံး ဓမ္မံသရဏံ ဂစ္တာမိ ဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မ ဆိုတဲ့နေရာမှာ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာ တရား ၉ ပါး။ အဲဒီ လောကုတ္တရာ တရား ၉ ပါးကို ကိုယ်ကိုတိုမင်ျ က်မှောက်ပြုရပြီဆိုရင် ဓမ္မံသရဏံ ဂစ္တာမိ ပြီးပြည့်စုံတယ်လို့ မှတ်။
အဲဒါတွေအတွက် ဘယ်ကစရမလဲဆိုတော့ သီလကျင့်တာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ ဒါန ကောင်းမှုလုပ်တာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ စိတ်ကောင်း နှလုံးကောင်း ထားတာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အားလုံးဟာ ဓမ္မံသရဏံ ဂစ္ဆာမိ ထဲအကျုံးဝတင်ယ်။သို သော်အဲဒါတွေဟာ အေခြခံအဆင့်တွေလို့ အောက်မေ့ထား။
ဒါကြောင့် တရားနာပရိတ်သတ်အပေါင်းသူတော်ကောင်းတို ကလည်း ဓမ္မံသရဏံ ဂစ္ဆာမိ ရဲ့ အဓိပ္ပာယ်ကိုသေ သချာချာသေဘာပေါက်နားလည်ပြီးသကာလဒို့ တရားကိုကိုးကွယ်သည်ဆိုသည်မှာ တရားအတိုင်းလိုက်နာကျင့်သုံးလိုရကမှာဖြစ်တယ်လို့ နားလည်ပြီး ဓမ္မံသရဏံ ဂစ္ဆာမိ တရားကိုလိုက်နာကျင့်သုံးနိုင်ကြစေကုန်သတည်း။
တရားတော်ပြီးပါပြီ။
မှတ်ချက်။ ပါမ္ခောချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အရှသင်ူမြတ်ဟောကြားတော်မူသော ဓမ္မံသရဏံ ဂစ္တာမိ တရားတော်ကို ကိုယ်တိုနင်ာယူမှတ်သား၍ ပြန်လည်စာစီစာရိုက်ခြင်းပြုကာ ကုသိုလ်ပြုတဆင်က်လိုက်ခြင်းဖြစ်ပါတယ်ခဗင်ျာ။ ဆရာတော်ကြီးပြောသမျှ တစ်လုံးမကျန်သော်လည်းကောင်း ၊ ပါဠိလိုအပြည့်အစုံမေဖ်ာပြနိုင်ခြင်းဌာ လည်းကောင်း ခွင့်လွတ်ပေးကြပါလို့ အားလုံးကိုမေတ္တာရပ်ခံတောင်းပန် အပ်ပါတယ်ခဗင်ျာ။တရားတော်အပြည့်အစုံကို နာယူချတင်ယ်ဆိုရ င်တော့ https://www.youtube.com/watch? v=-v3Yx15myuU&feature=related မှာ သွားရောက်နာယူနိုပင်ါတယ်ခဗင်ျာ။ by Htoo Tint Naing 11-10-2011 Special Credit To : Ko Htoo Tint Naing https://www.facebook.com/notes/htoo-tint-naing/htoo-tint-naing/ဓမ္မံသရဏံ-ဂစ္ဆာမိ-အဓိပ္ပာယ်-အပြည့်အစုံရှင်းလင်းချက်/10150405091696628 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ Credit- World of Wisdom
Posted via BlogPost
No comments:
Post a Comment