Saturday, March 30, 2013

မြတ်ဗုဒ္ဓ၏..ဗုဒ္ဓဝင်-အကျဥ်း ***မြတ်ဗုဒ္ဓ၏..ဗုဒ္ဓဝင်-အကျဥ်း*******************

မြတ်ဗုဒ္ဓ၏..ဗုဒ္ဓဝင်-အကျဥ်း ****************************** **************** ၁။လူအမည် =သိဒ္ဓတ္ထ ၂။ဘုရားဘွဲ့= ဂေါတမ ၃။မိဘအမည်= သူဒ္ဓေါဒနမင်းနှင့်မာယာဒေဝီ ၄။ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ) ၅။ရင်သွေးတော် = ရာဟုလာ ၆။ယောက်ဖတော် = ဒေဝဒတ် ၇။မိထွေးတော် = ဂေါတမီ ၈။နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊မဇ္ဈိမဒေသ) ၉။ဖွားရာဌာန= လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား) ၁၀။နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ) ၁၁ ။နိမိတ်ကြီးများ= သူအို၊သူနာ၊ သူသေ၊ရဟန်း ၁၂။ဗျာဒိတ်ခံယူသောဘဝ= သုမေဓာရသေံဘဝ ၁၃။ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ၁၄။ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း) ၁၆။ပါရမီဖြည့်ရာကာလ= လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ) ၁၇။ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုး ဆောင်ရွက်ရန် ၁၈။ဒုက္ကရစရိယာကျင့်ရသောကာလ = ၆နှစ်ကြာ(၉၇ မှ ၁၀၃အထိ) ၁၉။ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော ၂၀။ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ် ၂၁။ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း ၂၂။အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး(ဒုက္ကရစရိယာ ကျင့်ခိုက်) ၂၃။တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော ၂၄။ပထမဆုံးသာဝက= ပဉ္စဝဂ္ဂီငါးဦး ၂၅။နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ် ၂၆။လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ၂၇။လက်ဝဲရံအဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန် ၂၈။အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ပဋိဝေဓ ၂၉။ကျင့်စဉ်သိက္ခာ = သီလ၊သမာဓိ၊ပညာ ၃၀။ချမှတ်သောလမ်းစဉ်= မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်) ၃၁။သန္ဓေယူသောနေ့= မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ ၃၂။ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ကဆုန်လပြည့်၊ သောကြာနေ့ ၃၃။တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ ၃၄။ဘုရားဖြစ်သောနေ့= မဟာသက္ကရာဇ်၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ ၃၅။ဓမ္မစကြာဟောသောနေ့= မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့ ၃၆။ပရိနိဗ္ဗာန်စီသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ ၃၇။တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့ ************************************* ဂေါတမမြတ်စွာဘုရားကို ကုလားဆိုပြီးပြောနေကြတဲ့သူတွေ (အထူးသဖြင့်)ဖတ်တဲ့သူတွေ အထောက်အကူရမယ်ထင်လို့ပါ။

"သတ္တဒ္ဓဂေါတမ" ဆိုတဲ့ ဗုဒ္ဓဘာသာ ဘုရားက အာရီယာန်အနွယ်တွေကနေဆင်း သက်လာတဲ့ ဝေသာလီလူမျိုး။အသားဖြူတယ်။ အရပ်အမောင်းကောင်းတယ်။အတိုက်အခိုက်ကျွမ်းကျင်တယ်။

ဒရာဗီးဒီယန်းလို့ခေါ်တဲ့အသားမည်းတဲ့ ရှေးအရင်အိန္ဒိယတိုက်ငယ်မှာ(အခုအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊နီပေါတဝိုက်) နေတဲ့သူတွေနဲ့ မတူဘူး။ဟိန္ဒူ ဇာတ်ခွဲတာအဲဒီအပေါ်အများကြီး မူတည်ပါတယ်။ အာရီယာန်နွယ်တွေကဇာတ်မြင့်ပြီးဒရာဗီးဒီးယန်းတွေကဇာတ်နိမ့်တယ်။

အခုမြန်မာတွေ ခေါ်နေကြတဲ့ ကုလားဆိုတာ အကုန်လုံးကို ပေါင်းခေါ်တာ(ဘင်္ဂလီ၊ ဆင်ဟာလီ၊အီန္ဒိယနွယ်၊နီပေါ၊ အာရပ်၊ပါရှန်း၊ပထန်၊ ပါကစ္စတန်အကုန်ပါတယ်)။ ပါရှန်းနဲ့ ပါကစ္စတန်ဖက်က သူတွေကလည်း အာရီယာန်နွယ်တယ်။ဒီတော့ကုလားလို့သိမ်းကျုံးခေါ်တဲ့ အထဲမှာပါသွားတယ်။

ဒါပေမယ့် မြန်မာတွေအများစုက ကုလားလို့ခေါ်နေကြတဲ့ သူတွေနဲ့မတူဘူး။ကုလား ဆိုတာကူးလာဆိုတဲ့စကားကလာတာ။ အသားမည်းသူလို့အဓိပ္ပါယ်ရတယ်။လူမျိုးက အရေးမကြီးပါဘူး။အကျင့်သီလ၊ခံယူချက်၊ သဘောတရားတွေကပိုအရေးကြီးတယ်။

မြန်မာတွေကမူဆလင်ကိုမကြိုက်တာက လုံးဝသဘောတရားချ င်းမတူလို့ပဲ။အဓိက အချက်က ကုသိုလ်၊ အကုသိုလ်ကို အဓိပ္ပါယ်ဖွင့်တာ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။ ကုလား မဟုတ်ကြောင်းကိုသိစေအပ်ပါသည်။

No comments: