Monday, March 11, 2013

ပရိတ်နှင့်တွဲပြီး ပဗ္ဗာဇနီယကမ္မဝါစာကို ရဟန်းတော်များ ဖ်ရတွတ်တတ်ကြပါတယ်တဲ့၊ အဲဒီလို ဖ်ရတ်ွရတာမှာ ကမ္မဝါအတွင်း (သုဏာတု မေ ဘေန္တ သံဃော) လို့ သံဃောပုဒ် ပါဝင်နေတဲ့အတွက် အချို့သော ပုဂ္ဂိုလ်များက ပဗ္ဗာဇနီယ ကမ္မဝါစာကို သံဃာအေရအတွက် လေးပါး၊ လေးပါးထက်များမှ ရွတ်ဖတ်ကောင်းတယ်၊ သံဃာနှစ်ပါး သုံးပါးမျှနှင့် မဖ်ရတွတ်ကောင်းဘူးလို့ ပြောနေကြပါတယ်၊ အဲဒါ ဖ်ရတွတ်ကောင်း, မဖ်ရတွတ်ကောင်း အေဖြေပးတော်မူပါလို့ မေးလျှောက်ထားခြင်း ဖြစ်ပါတယ် ဘုရား”

“ဟောဒီစာက ရွှေညောင်၊ အောသေင်ပြတပ်ဦးကျောင်း၊ အရှသင်ုမနထံက မေးလျှောက်စာဖြစ်ပါတယ် ဘုရား”

“ဆိုစမ်းပါဦး”

“အရှသင်ုမန မေးလျှောက်တာက ရွာတွင်းမှာ ပရိတ်နှင့်တွဲပြီး ပဗ္ဗာဇနီယကမ္မဝါစာကို ရဟန်းတော်များ ဖ်ရတွတ်တတ်ကြပါတယ်တဲ့၊ အဲဒီလို ဖ်ရတ်ွရတာမှာ ကမ္မဝါအတွင်း (သုဏာတု မေ ဘေန္တ သံဃော) လို့ သံဃောပုဒ် ပါဝင်နေတဲ့အတွက် အချို့သော ပုဂ္ဂိုလ်များက ပဗ္ဗာဇနီယ ကမ္မဝါစာကို သံဃာအေရအတွက် လေးပါး၊ လေးပါးထက်များမှ ရွတ်ဖတ်ကောင်းတယ်၊ သံဃာနှစ်ပါး သုံးပါးမျှနှင့် မဖ်ရတွတ်ကောင်းဘူးလို့ ပြောနေကြပါတယ်၊ အဲဒါ ဖ်ရတွတ်ကောင်း, မဖ်ရတွတ်ကောင်း အေဖြေပးတော်မူပါလို့ မေးလျှောက်ထားခြင်း ဖြစ်ပါတယ် ဘုရား”

“ကမ္မဝါစာဆိုတာ ကမ္မံ ဝဒတိ ဧတာယာတိ ကမ္မဝါစာ ဆိုတဲ့အတိုင်း ကံပြုတဲ့အခါ ရွတ်ဆိုကြောင်းဖြစ်တဲ့ စကား ရွတ်ဆိုကြောင်း ဖြစ်တဲ့စာလို့ အဓိပ္ပ်ါရယတယ်၊ ကံပြုတယ်ဆိုတာ ရဟန်းတော်များရဲ့ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ရဟန်းခံခြင်း စတဲ့ အမှုကိစ္စပြုခြင်းကို ကံပြုတယ်လို့ ခေါ်တယ်။

ရဟန်းတော်များ ပြုရတဲ့ကံဟာ အပေလာကနကံ၊ ဉ တ္တိကံ၊ ဉ တ္တိဒုတိယကံ၊ ဉ တ္တိစတုတ္ထ ကံလို့ လေးမျိုးရှိတယ်။ (၁) သံဃာကို ပန်ကြားပြီး ပြုရတဲ့ကံကို အပေလာကနကံ လို့ ခေါ်တယ်၊

(၂) ကမ္မဝါမပါဘဲ ဉ တ်ချည်း သက်သက် ရွတ်ဖတ်ပြီး ပြုတဲ့ကံကို ဉ တ္တိကံ လို့ခေါ်တယ်၊

(၃) ဉ တ်တစ်ချက် ကမ္မဝါတစ်ချက် ရွတ်ဖတ်ပြီး ပြုရတဲ့ ကံမျိုးကိုတော့ ဉ တ္တိဒုတိယကံ လို့ခေါ်တယ်၊

(၄) ဉ တ်တစ်ချက် ကမ္မဝါစာသုံးချက် ရွတ်ဖတ်ပြီး ပြုရတဲ့ ကံမျိုးကိုတော့ ဉ တ္တိစတုတ္ထကံ လို့ခေါ်တယ်၊

အဲဒီလေးမျိုးမှာ အပေလာကနကံကို ပန်ကြားပြီးသာ ပြုအပ်တယ်၊ ကမ္မဝါစာ ရွတ်ဖတ်ပြီး မပြုအပ်ဘူး၊ ဉ တ္တိကံကိုလည်း ဉ တ်တစ်ချက်ထားပြီး ပြုရတယ်၊ ပန်ကြားရုံနှင့် မပြီးဘူး၊ ဉ တ္တိဒုတိယကံကိုတော့ ပန်ကြားပြီး ပြုအပ်တာလည်း ရှိတယ်၊ မပန်ကြားဘဲ ပြုအပ်တာလည်း ရှိတယ်၊ သိမ်သမုတ်ခြင်း၊ သိမ်နုတ်ခြင်း၊ ကထိန်ပေးခြင်း၊ ကထိန်နုတ်ခြင်း၊ ကုဋီရာကြားခြင်း၊ ကျောင်းရာကြားခြင်း ဒီကံ ၆-မျိုးတို့ဟာ ဂရုကံများ ဖြစ်ကြတယ်၊ ပန်ကြားရုံနှင့် မအပ်ဘူး၊ ဉ တ္တိဒုတိယ ကမ္မဝါစာ ရွတ်ဖတ်ပြီး ပြုရတဲ့ ကံမျိုးတွေ ဖြစ်တယ်၊ ကြွင်းတဲ့ သမ္မုတိမျိုး၊ ကျောင်းခံယူတဲ့ သမ္မုတိမျိုး၊ မတကစီဝရ ဒါနသမ္မုတိမျိုးတွေကေတာ့ လဟုကံမျိုးတွေ ဖြစ်ကြလို့ ပန်ကြားပြီး ပြုရုံနှင့် အပ်တယ်၊ အဲဒီလိုကံမျိုးတွေထဲက ပဗ္ဗာဇနီယကံဆိုတာ ဉ တ်လျှင် ၄-ချက်မြောက် ရွတ်ဖ်ရတတဲ့ ဉ တ္တိစတုတ္ထကံကြီးဖြစ်တယ်၊ သို့သော်လည်း ယခု အေမးမှာ ပါဝတင်ဲ့ ပဗ္ဗာဇနီယကံနှင့် ဝိနည်းမဟာဝါမှာဆိုတဲ့ ပဗ္ဗာဇနီယကံတို့ဟာ အသံချင်းသာ တူတယ်၊ သေဘာချင်းကေတာ့ မတူကြဘူးကွယ့်”

“မှန်ပါ အမိန့်ရှိပါ ဘုရား”

“ဝိနည်းမဟာဝါမှာ ဆိုတဲ့ ပဗ္ဗာဇနီယကံက ပါတိမောက် သံဃာဒိသိသ်တေရသမသိက္ခာပုဒ်ကလာတဲ့ အဿဇိ, ပုနဗ္ဗသုက တို့ကို အေကြာင်းပြုပြီး ပညတ်တော်မူတာ ဖြစ်တယ်ကွယ့်”

“အကျယ်မိန့်တော်မူပါဦး ဘုရား”

“အဿဇိ, ပုနဗ္ဗသုကတို့ဟာ ကီဋာဂီရိဇနပုဒ်မှာ နေကြတဲ့ ကျောင်းထိုဘင်ုန်းကြီးတွေ ဖြစ်ကြတယ်၊ သူတို့ဟာ ဒကာ,ဒကာမေတွကို သစ်သီးပေး, ပန်းပေး, အတီးအမှုတ်, အကအခုန်, ကစားမျိုးမျိုးတို့ဖြင့် ဖျားယောင်းပြီး ကြီးပွားနေကြတယ်၊ ဒကာ, ဒကာမေတွကလည်း သူတို့အေပါ် အလွန် ချစ်ခနင်ကြတယ်၊ တစ်နေ့တော့ ရဟန်းတစ်ပါးဟာ ကာသိတိုင်းမှာ ဝါဆိုပြီး ဝါကျွတ်တော့ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထကိုအလာ ကီဋာဂီရိ ဇနပုဒ်ဝင်ပြီး ဆွမ်းခံတယ်၊ မျက်လွှာချပြီး ကြည်ညိုဖွယ် ဆွမ်းခံတဲ့ကိုယ်တော်ကို ဒကာ, ဒကာမေတွ မကြည်ညိုတတ်ကြဘူး၊ ဒါကြောင့် ဆွမ်းလောင်းမည့်သူတောင် မရှိဘူး။

ဒီအေကြာင်းကို ဥပါသကာ တစ်ဦးက သိလို့ အိမ်ပင့်ပြီး ဆွမ်းကပ်တယ်၊ အဿဇိ ပုနဗ္ဗသုကတို့ရဲ့ သဒ္ဓါတရား ဖျက်ဆီးနေကြပုံကိုလည်း လျှောက်ထားတယ်၊ ဘုရားရှတငို့လည်း ဒီအေကြာင်း လျှောက်ထားဖို့ ပန်ကြားလိုက်တယ်၊ အာဂန္တုကိုယ်တော်ဟာ ဥပါသကာရဲ့ စကားကို ဘုရားရှထင်ံ လျှောက်တဲ့အတွက် ဘုရားရှကင် အဿဇိ ပုနဗ္ဗသုကတို့ကို ကီဋာဂီရိဇနပုဒ်က မောင်းထုတ်တဲ့ ပဗ္ဗာဇနီယကံကို ပြုစေတယ်၊ ဒါကြောင့် ဝိနည်းမဟာဝါကလာတဲ့ ပဗ္ဗာဇနီယ ကမ္မဝါက ရဟန်းဆိုးများကို မောင်းထုတ်တဲ့ ကမ္မဝါစာ ဖြစ်တယ်။

ရဟန်းဆိုးများကို မောင်းထုတ်တဲ့ ပဗ္ဗာဇနီယကမ္မဝါစာက ဘုရားရှင် အမိန့်တော်နှင့် သံဃာတော်က ကံပြုရတဲ့ ကမ္မဝါစာဖြစ်တယ်၊ ကံပြုတဲ့ သံဃာတော်ကလည်း (၁) စတုဝဂ်သံဃာ၊ (၂) ပဉ္စဝဂ်သံဃာ၊ (၃) ဒသဝဂ်သံဃာ၊ (၄) ဝီဘတိဝဂ်သံဃာ၊ (၅) အတိရေက ဝီသတိဝဂ်သံဃာ လို့ ၅-မျိုး ရှိပါတယ်၊ အဲဒီ ၅-မျိုးအတွင်းက ၄-ပါးအစုရှိတဲ့ စတုဝဂ်သံဃာ ဥပသမ္မဒကံ, ပဝါရဏာကံ, အဗ္ဘာနကံတို့ကို ထားပြီး သံဃကံအားလုံး ဆောရင်ွက်နိုတင်ယ်၊ ၅-ပါး အစုရှိတဲ့ ပဉ္စဝဂ် သံဃာက မဇ္ဈိမတိုက်မှာ ဥပသမ္ပဒကံ၊ အဗ္ဘာနကံတို့ကို ထားပြီး သံဃကံအားလုံး ဆောရင်ွက်နိုတင်ယ်၊ ၁၀-ပါးအစုရှိတဲ့ ဒသဝဂ် သံဃာက အဗ္ဘနကံမှုကို ထားပြီး သံဃကံအားလုံး ဆောရင်ွက်နိုတင်ယ်၊ ၂၀-အစုရှိတဲ့ ဝီသတိဝဂ်သံဃာနှင့် ၂၀-ထက် ကျော်လွန်တဲ့ အတိရေကဝီသတိဝဂ် သံဃာကေတာ့ မေဆာရင်ွက်နိုတင်ဲ့ သံဃကံ မရှိဘူး၊ အားလုံးသော သံဃကံများကို ဆောရင်ွက်နိုတင်ယ်၊ (ကင်္ခါဝိတရဏီ၊ ဋ္ဌ၊ နိဒါနဝဏ္ဏာနာ)

အဲဒီ ကံ ၅-ပါးထဲမှာ ပဗ္ဗာဇနီယကံက စတုဝဂ်သံဃာမှစ၍ အတိရေကဝီသတိဝဂ် သံဃာတိုင်အောင် ပြုအပ်တဲ့ ကံမျိုးဖြစ်လို့ တစ်ပါး,နှစ်ပါး, သုံးပါးမျှဖြင့် ကံပြုလို့ မဖြစ်ဘူး၊ အနည်းဆုံး ၄-ပါး ပါဝမငှ် ကံပြုလို့ဖြစ်တယ်၊ သို့သော်လည်း ယခုရွတ်ဖတ်ကြတဲ့ ပဗ္ဗာဇနီယကမ္မဝါစာက ဝိနယ မဟာဝါကလာတဲ့ ပဗ္ဗာဇနီယ ကမ္မဝါစာ မဟုတ်ဘူးကွယ့်၊ အဲဒီ ပဗ္ဗာဇနီယကမ္မဝါစာကို အတုယူပြီး မြို့တွင်းရွာတွင်းမှာ ဝင်ရောက် သောင်းကျန်းနေကြတဲ့ ဘီလူး, တေစ္ဆ, သရဲ, သဘက်,မေကာင်းဆိုးဝါးများကို သံဃာတော်ရဲ့ အမိန့်နှင့် မောင်းထုတ်တဲ့ ကမ္မဝါစာ ဖြစ်တယ်၊ ရွာတွင်းမှာ ရွတ်ဖတ်တဲ့ ပဗ္ဗာဇနီယကမ္မဝါစာတို့ အနန္တရာယိက ကမ္မဝါစာတို့ဆိုတာ ကမ္မဝါစာလို့ အမည်တပ်ထားပေမယ့် ရဟန်းများ ကံပြုတဲ့ ကမ္မဝါစာမျိုးမဟုတ်ဘူး၊ အန္တရာယ်ကင်း ကမ္မဝါစာမျိုးသာဖြစ်တယ်။

ကံပြုတဲ့ ကမ္မဝါစာမျိုးမဟုတ်တဲ့အတွက် စတုဝဂ်ေစသာ သံဃာ မပြည့်စုံသော်လည်း ကံပျက်ခြင်း မဖြစ်ဘူး၊ စတုဝဂ်ေစသာ သံဃာအပြည့်နှင့် ရွတ်ဖတ်မှ ကံအောင်ခြင်း မဖြစ်ဘူး၊ ဒါကြောင့် ပဗ္ဗာဇနီယ စေသာ အန္တရာယ်ကင်း ကမ္မဝါစာမျိုးသာ ဖြစ်တယ်။

ကံပြုတဲ့ ကမ္မဝါစာမျိုးမဟုတ်တဲ့အတွက် စတုဝဂ်ေစသာ သံဃာမပြည့်စုံသော်လည်း ကံပျက်ခြင်း မဖြစ်ဘူး၊ စတုဝဂ်ေစသာ သံဃာအပြည့်နှင့် ရွတ်ဖတ်မှ ကံအောင်ခြင်း မဖြစ်ဘူး၊ ဒါကြောင့် ပဗ္ဗာဇနီယ စေသာ အန္တရာယ်ကင်း ကမ္မဝါစာမျိုးကို တစ်ပါး နှစ်ပါး သုံးပါး ရွတ်ဖတ်သော်လည်း မရွတ်ဖတ်ကောင်းဘူး၊ မရွတ်ဖတ်အပ်ဘူး မဟုတ်၊ ရွတ်ဖတ်ကောင်းတယ်၊ ရွတ်ဖတ်အပ်တယ်လို့သာ ဖြေကြားလိုက်ပါတယ်ကွယ်”

“သာဓု - သာဓု - သာဓု ”

***ဆ်ရကန်*** ယေန့ဗုဒ္ဓဝါဒဆိုရင်ာ အေမးအေဖြများ - အမှတ်စဉ်(၁၃၀) -လူများ ပဗ္ဗာဇနီယကမ္မဝါ ရွတ်သင့်, မရွတ်သင့်

***ကောက်နုတ်ချက်*** နိုငင်ံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမေဇာတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး) ယေန့ဗုဒ္ဓဝါဒဆိုရင်ာ အေမးအေဖြများ အတွဲ(၄) (စာမျက်နှာ -၅၆~၅၉) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အေမး-အေဖြ အား ကိုယ်တိုင်ပြန်လည်ရေးသား၍ ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောရင်ဲ)
Posted via BlogPost

No comments: