Saturday, March 30, 2013

မင်းကွန်းဆရာတော်ကြီး၏သံ ဝေဂ ဂါထာ

လာတုန်းကလဲ တယောက်တည်းနော် လက်တွဲခေါ်ကာ ဖေါ်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။။

ပြန်သွားတော့လဲ တယောက်တည်းနော် လက်တွဲခေါ်ကာ ဖေါ်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။။

လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ကြ။ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ မလိုဒေါသ လိုလောဘနှင့် ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ။

ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ သုတ်သုတ်စောလျင် ခရီးနှင်သည် တို့သည်ဧည့်သည်ပါတကား။ ။

ဆရာတော်ဘုရား၏ဥာဏ်တော်အားဦးခိုက်ကန်တော့ပါ၏။

No comments: