Monday, March 11, 2013

“ မေတ္တာပို့ ”

“ မေတ္တာပို့ ” ••••••••••••••••••

“မေတ္တာ နိသာကေရာလောကေ၊ သမ္မာ ဘာတု သုခံကေရာ။

မေတ္တာသီသလ ရံသီဟိ သုခန္တု ဖုသိတာ ပဇာ။”

♠ လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊

♠ မေတ္တာနိသာကေရာ - မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊

♠ သမ္မာ - သတ္တ၀ါတစ်တွေ အေးမြေစဖို့ အသေရရွှန်းကာ ကောင်းမွန်စွာ၊

♠ သုခံကေရာ - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊

♠ ဘာတု - ရန်လည်းကင်းဝေး၊ ဘေးလည်းမခ အေအးရေပ်ါရွှမ်းမြ အသေရ ထွန်းပပါစေသတည်း။

♠ မေတ္တာသီတလရံသီဟ - မေတ္တာဖွေးလျှပ် အေအးဓာတ်ဆောသင်ည့် အေရာအင်ဝါတို့ဖြင့်၊

♠ မေတ္တာသီတလ ရံသီဟ - မေတ္တာဖွေးလျှပ်၊ အေအးဓာတ်ဆောသင်ည့် အေရာအင်ဝါတို့သည်၊

♠ ဖုသိတာ - အဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊

♠ ပဇာ - ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊

♠ သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း…

“ မေတ္တာပို့ရန်… ” ~~~~~~~~~

၁။ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။ (သုံးခေါက်စီ…ရွတ်ဆိုရန်)

၂။ မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။

၃။ မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။

၎။ မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။

၅။ ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန်နိုပင်ါစေ။

၆။ ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။

၇။ ဒို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။ ။

‘‘မေတ္တာ မဉ္ဇူသေကာလောကေ၊ သုဖုလ္လော၊ ဟောတု သဗ္ဗဒါ။

မေတ္တာ ပုပ္ဖါ သုခံတေန၊ သုခန္တု ၀ါသိတာ ပဇာ။’’

♠ လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ်ကမ္ဘာအတွင်း၌၊

♠ မေတ္တာမဉ္ဇူသေကာ - မေတ္တာတည်းဟူသော မဉ္ဇူသက နတ်ပန်းပင်ကြီးသည်၊

♠ သဗ္ဗဒါ - နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ၊

♠ သုဖုလ္လော - အခိုခငိုင်ကြိုလငှ်ိုစင်ွာ ပွင့်သည်၊

♠ ဟောတု - မုချမေသွ ဖြစ်ပါစေသတည်း။

♠ မေတ္တာပုပ္ဖါသုခံတေန - မေတ္တာတည်းဟူသော မဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်၊

♠ ၀ါသိတံ - ထုံအပ်မွှမ်းအပ်ကုန်သော၊

♠ ပဇာ - လူရော နတ်ပါ သတ္တ၀ါတို့သည်၊

♠ သဗ္ဗဒါ - နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊

♠ သုခန္တု - ကိုယ်စိတ်နှစ်ဖြာ၊ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော်မူ ကြပါစေကုန်သတည်း…။

( အထက်ပါမေတ္တာပို့စာပိုဒ်လေးက " ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး "ရဲ့ တရားပွဲများ မစတမငှ်ီနှင့် တရားတော်များ ပြီးဆုံးသောအခါ တရားပွဲတိုင်းမှာ ဆရာတော်ကြီး အမြဲတမ်းရွတ်ဆိုနေကြ မေတ္တာပို့စာပိုဒ်လေးပါ… )

Dhamma Danã Source www.facebook.com/youngbuddhistass ociation.mm


Posted via BlogPost

No comments: