Wednesday, March 27, 2013

စတင်အားထုတ်သူတို့၏လုပ်ငန်းစဉ် ***********************

စတင်အားထုတ်သူတို့၏လုပ်ငန်းစဉ် ***********************

မြတ်စွာဘုရားသာဝတ္ထိဇေတဝန်မှာ သီတင်းသုံးတော်မူခိုက်ဖြစ်၏၊

အရှင် ဗာဟိယ ကိုယ်တော်က တပည့်တော်တရား ရနိုင်လောက်အောင်တရားကလေးတစ်ပုဒ် အကျဉ်းချုပ် ဟောပေးတော်မူပါဘုရား ဟူ၍တောင်းပန်းသည်၊

ထိုအခါတွင် မြတ်စွာဘုရားက ရှေးဦးအစယခုမှစတင်အားထုတ်သူအတွက် အစီအစဉ်နှင့်တကွ ဟောပြတော်မူ၏-

တသ္မာတိဟ တွံ ဗာဟိယ အာဒိမေဝ ဝိသောဓေဟိကုသလေသုဓမ္မေသု၊ ကောစာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိစ ဥဇုကာ

ဗာဟိယ . .. ထိုသို့ တရားရလိုလျှင် သင်သည် ကုသိုလ်တရားတို့၌ ဦးစွာ အစဖြူလွစင်ကြယ်အောင် သုတ်သင်ပါဦး၊

ကုသိုလ်တရားတို့၏ဦးစွာအစဆိုသည်ကားအဘယ်နည်း. . .

(၁) သီလစင်ကြယ်ရခြင်းနှင့် (၂) အယူဖြောင့်မှန်ခြင်းတို့ဖြစ်၏။

ယတော စခေါ တေ ဗာဟိယ သီလဉ္စ သုဝိသုဒ္ဓံ ဘဝိဿတိ ဒိဋ္ဌိစဥဇုကာ၊ တတော တွံ ဗဟိယ သီလံ နိဿာယ သီလေ ပတိဋ္ဌာယ စတ္တာရော သတိပါဋ္ဌါနေ ဘာဝယျာသိ

ဗာဟိယ . .. သီလက အလွန် စင်ကြယ်၍၊အယူကလည်း ဖြောင့်မှန်ပြီဆိုလျှင်၊ သီလကို အမှီပြု၍သီလကို လုံခြုံစေလျက် သတိပဋ္ဌာန်လေးပါး(တစ်ပါးပါး)ကို ပွားများအားထုတ်ရာ၏။ပေ။

ဤသို့ပွားမျာပါလျှင် ကုသိုလ်တရားတို့၌တိုးတက်ဖို့သာ ရှိတော့၏၊ ဆုတ်ယုတ်ဖို့မရှိတော့။

(မဟာဝဂ္ဂသံယုတ်ပါဠိ၊ ၁၄ ၃)

Dhamma Dãna Source: ထေရဝါဒရနံ့ -https://www.facebook.com/pages/ ထေရဝါဒ-ရနံ့/563839556972998

No comments: