Monday, March 11, 2013

လွဲမှားနေသာ အယူအဆေလးများ သေပြီး ၇ ရက် (သို့) အန္တရာဘ၀၀ါဒ ***********************



လွဲမှားနေသာ အယူအဆေလးများ သေပြီး ၇ ရက် (သို့) အန္တရာဘ၀၀ါဒ ***********************

http://www.worldofwisdom.asia/2013/03/blog-post_11.html

အန္တရာဘ၀၀ါဒ လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီ မိမိပိုဆငိုရင်ာနေအိမ် (ဘုံ) ထဲတွင် တေစ္ဆသူရဲဘ၀နှင့် ရှိနေပြီး (၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြော်ရကမည့် ဘုံဘ၀အေထွထွေသို့ ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။ ယင်းအယူအဆ၌ သက်ဝင်ယုံကြည်သူဦးရေမှာလည်း အထုအထည် ပမာဏကြီးမားလှပါ၏။

ကောင်းပြီ လူသေသာအခါ လားရာဂတိတစ်ခုသို့ တိုရကိုက်ကူးပြောင်းခြင်းမရှိဘဲ တေစ္ဆသူရဲဘ၀ကို "ကြားခံ" ထားရသည်ဆိုခြင်းမှာ မှန်ကန်ပါသေလာ။ ယင်းအယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ကိုက်ညီပါ၏လော။

လူသေပြီးနောက် တေစ္ဆသူရဲဘ၀နှင့် (၇)ရက်နေပြီးမှ တေစ္ဆသူရဲဘ၀ကို ကြားခံထားပြီးမှ ဘုံဘ၀တစ်ခုခုသို့ ကူးပြောင်းရောက်ရှိသည်ဟူသော အယူမှာ "အန္တရာဘ၀၀ါဒ" ဖြစ်ပါသည်။ ယင်း အန္တရာဘ၀၀ါဒ သည် ထေရ၀ါဒဗုဒ္ဓဓမ္မ နှင့် ဆန့်ကျင်ခြားနားသော အယူဝါဒ ဖြစ်ပါ၏။

ဗုဒ္ဓဒေသနာတော်အရမူ လူကွယ်လွန်သောအခါ စုတိစိတ်ချုပ်ပြီးနောက် နောက်တစ်ဘ၀မှာ ပဋိသေန္ဓစိတ် (ချက်ချင်း) ဖြစ်သည်ဟု ဆိုပါသည်။ ကြားခံဘ၀တစ်စုံတ်ရစာ မရှိပါချေ။

တစ်ခါက ပြသင်စ်ပညာရှမင်ျားက ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးအား "၀ိညာဉ်သည် အတ်ွရယှိမှ ဖြစ်ပါသလား (သို့) မတွယ်မီ အလွတ်အေလျာက် ဖြစ်နေပါသလား။ အစိမ်းတေစ္ဆဖြစ်သည် ဆိုသောစကား မှန်ပါသလား" ဟူ၍ မေးမြန်းလျှောက်ထားပါသည်။

ဆရာတော်ဘုရားကြီးက- "အတ်ွရယှိမှ ဖြုတ်သည်။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အေလျာ်ဖြစ်၍နေရသည် မဟုတ်ပေ။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အေလျာက်ဖြစ်၍ နေရေသးသည်ဟူသော အယူသည် အန္တရာဘ၀ဒိဌိ အယူမည်၏။ ထိုအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်လ်ျရကှိကြ၏။

သတ္တ၀ါတို့၌ ပြုခဲ့သောကံအမျိုးမျိုးရှိကြ၏။ ကွယ်လွန်သောအခါ သူပြုခဲ့သောကံနှင့် လျော်ညီထိုက်တန် သည့် ဘုံဘ၀သို့ ရောေ်ရကပသည်။ ကွယ်လွန်သူ၌ အားအရှိဆုံးဖြစ်သော 'ကံ' တစ်ခုသည် မိမ်၏သက်ဆိုရင်ာဘုံ၌ မိမိနှင့် သက်ဆိုရင်ာဘ၀ကိုသာ ဖြစ်စေပါ၏။ အခြားသောဘ၀တစ်ခုကို ကြားခံမပြုပါ။"

လူတစ်ယောက်၏ နောက်ဆုံးစုတိစိတ်ဖြစ်ပြီးသည်နှင့် ဘ၀သစ် ပဋိသေန္ဓစိတ်သည် ချက်ချင်းဖြစ်ပေါ်ကြောင်းကို ကျေးဇူးရှင် အရှဇင်နကာဘိဝံသ ဆရာတော်ကြီးကလည်း ဤသို့မိန့်တော်မူခဲ့ပါ၏။ လူတစ်ယောက်၏ နောက်ဆုံးစုတေစိ တ်နှင့် ဘ၀သစ်ပဋိသေန္ဓစိတ်သည် လက်ဖျောက်တစ်ချက်တီးချိန်ကို ကုဋေတစ်သိန်းလောက်စိတ်လျှင် တစ်စိတ်လောက်သာ အချိန်ကြာ၏။ ဘ၀ဟောင်းကစုတေသည်နှင့် တစ်ပြိုနင်က် ဘ၀သစ်မှာ ဖြေ်ရစတာ့၏ ဟုဆိုလိုသည်။

အိမ်အနီးအပါး၌ တေစ္ဆပြိတ္တာဖြစ်နေသူများသည် ထိုတေစ္ဆ္ဆဘ၀မှာပင် အသစ်ဖ်ြရစ၏။ နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း ထိုအေတာအတွင်းမှာပင် ထိုဘ၀သစ်၌ ဖြစ်ပြီးလေ၏။ ထို့ကြောင့် အေလာင်းကောကငို သင်္ချိုင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ သရဏဂုံတင်ကြောင်းကို သေလွန်သူတို့သိဖို့အေရးမှာ အလှမ်းဝေးလှချေ၏။ သိမည်ဆိုလျှင် အိမ်အနီး၌ သုသာန်အနီး၌ တေစ္ဆ၊ ပြိတ္တာဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။ အကယ်တန္တု သေဆုံးသူသည် ကံအေကြာင်းမလှသောကြောင့် တေစ္ဆသရဲဟု ခေါ်သော ပရဒတ္တူပဇီဝိတ ပြိတ္တာဖြစ်လျှင် ထိုပြိတ္တာဘုံ၌ (၇)ရက်မျှ ခေတ္တနေခြင်းမဟုတ်။ မိမိပိုဘင်ုံမှာ ကာလအပိုင်းအခြားမရှိ နေခြင်းမျိုးသာ ဖြစ်ပါ၏။

တေစ္ဆသူရဲဖြစ်တိုင်းလည်း သူ့မိသားစုနှင့် အိရမာ အေဆာအင်ဦး အနီးအပါးမှာ မေနထိုပင်ါ။ မိမိ၏ မိသားစုနှင့် အိရမာ ဥစ္စာအေပါ် စွဲလမ်းတပ်မက်သော တေစ္ဆသူရဲတွေသာ အိမ်အနီးဝန်းကျင်တွင် ကျလင်ည်နေခြင်းဖြစ်ပါသည်။ သေဆုံးပြီး (၇)ရက်ကြာမှ ရက်လည်ဆွမ်းသွတ်ခြင်းသည် အန္တရာဘ၀၀ါဒီတို့၏ အယူဝါဒ တစ်စိတ်တစ်ဒေသ ၀င်ရောက်ရောနှောခြင်း ဖြစ်ပါသည်။

ကွယ်လွန်သူအတွက် ရည်မှန်းပြီး သပိတ်သွတ်ဆွမ်းကျွေး အလှူဒါနပြု အမျှဝေခြင်းသည် (၇)ရက် ရည်လည်မှမဟုတ်ဘဲ သေဆုံးပြီး တ်ရစက်၊ နှ်ရစက်အတွင်းမှာပင် ပြုလုပ်နိုပင်ါသည်။ ကွယ်လွန်သူကလည်း ပရဒတ္ထုပဇီဝပြိတ္တာဖြစ်နေ၊ အမျှဝေခြင်းကိုလည်း သာဓုခေါ်နိုခင်ဲ့လျှင် တ်ရစက်နှ်ရစက် အတွင်းမှာ ပြိတ္တာဘ၀မှ လွတ်မြောက်လျှင် လည်း လွတ်မြောက်နိုင်ပေလိမ့်မည်။ သို့မဟုတ် ပြိတ္တာဘ၀ အဆင့်အတန်းမြင့်မားနိုင်ပေလိမ့်မည်။

ဤ "အန္တရာရာဘ၀အယူဝါဒ" အေပ်ါတွင် ချမ်းမြေ့ ရိပ်သာ ဆရာတော်ကြီးကလလည်း အောက်ပါအတိုင်း ဝေဖန်ဆုံးဖြတ်တော်မူခဲ့ဖူးပါသည်။ "လူသေလို့ ရုပ်ခန္ဓာကြီး ပျက်စီးသွားတဲ့အခါ၊ အသက်ဝိညာဥေ်ကလးဟာ ရုပ်ခန္ဓာကြီးထဲက မပျက်စီးဘဲ ထွက်ခွါသွားပြီးတော့ သင်္ချိုင်းမှာဖြစ်စေ၊ သေသူရဲ့ အိမ်နားပတ်ဝန်းကျမငှ်ာ ဖြစ်စေ လှည့်လည်သွားနေတယ်လို့ အချို့ယူဆကြတာပေါ့။ သေသူရဲ့ဝိညာဉ်ဟာ သူရှိနေကြာင်းကို သိရေအာင် ကိုယ်ထရင်လင်ဲ ပြတယ်။ အိမ်တံခါးကိုလဲ လာခေါက်တယ်။ အိမ်အောက်မှာ ဖြစ်စေ၊ အိမ်ထဲမှာဖြစ်စေ၊ ခြေသံ တရှ်ရပှပ်နဲ့ သွားလာလှုရပှားနေတယ် စသည်ဖြင့် ယူဆစွဲလန်းကြတယ်။ ဒါကိုပဲ သူရဲ တေစ္ဆလို့ ခေါ်ဝေါ်သမုတ်ကြပြန်တယ်။ သူ့ကို ရည်မှန်းပြီး ရက်လည်ဆွမ်းသွတ်ခြင်း စတဲ့ ဒါနကုသိုလ်ကို ပြုလ်ုရပင် အဲဒီဝိညာဉ် အတ္တလေးက သာဓုခေါ်ပြီး တ်ွရယာမဲ့ တ၀ဲလည်လည်နေတဲ့ သူရဲ၊ တေစ္ဆဘ၀မှ ကျွတ်လွတ်သွားတယ်။ အဲဒီလို ကျွတ်လွတ်သွားပြီးမှပဲ သူရောက်ထိုက်တဲ့ နောက်ဘ၀တစ်ခုကို ရောက်သွားရတယ်လို့ အများအားဖြင့် ယူဆစွဲလမ်းကြတယ်။

ဒီ အယူအဆမျိုးကေတာ့ ရောက်ထိုက်တဲ့ဘ၀မျိုးကို မေရာေ်ရကသးမီ 'ကြားခံအန္တရာဘ၀' တစ်ခုရှိသေးတယ်လို့ယူဆတဲ့ အယူမှားပါပဲ။

ဗုဒ္ဓရှင်တော်မြတ်ဘုရား အဘိဓမ္မာဒေသနာတော် အရကေတာ့ စုတိစိတ်ချုပ်ငြိမ်းတဲ့နောက် နောက်တစ်ဘ၀မှာ ပဋိသေန္ဓစိတ်ဖြစ်တာဟာ တစ်စက္ကန့်တောမင်ကြာပါဘူး။ 'အန္တရာဘ၀၀ါဒ' ကို မစွန့်မူ၍ အမြဲယူက "နီယတမိစ္ဆာဒိဌိ" ဖြစ်ကြောင်း ကျေးဇူးရှင် စတုဂီရိတောင်လေးလုံးဆရာတော်ကြီးကလည်း ဤသို့ သတိပေးတော်မူခဲ့ပါသည်။"

လူသေသာ် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။ သေလပြီးလျက် အစားလာ၍ စားဦးမည်ဟု ခွက်နှင့် ထမင်းကို အေလာင်းအပါးတွင် တည်ထားကြသည်။ သေသ်ာစုတိစိတ်အ ဆုံး၌ ပဋိသေန္ဓစိတ်ဖြစ်၍ ဘ၀ခြားလေပြီဖြစ်လျက် အိမ်မှာ ခုန်ရစက်နေခြင်းစသည်ကို အဘယ်သို့ ပြုနိုမငှ်ာအံ့နည်း။

ပစ္စုပ္ပန်ဘ၀အဆုံး သေခြင်းစုတိစိတ်ဖြစ်၍ ချုပ်သည်၏ အခြားမဲ့၌ ပဋိသေန္ဓစိတ်ဖြစ်မြဲ ဖြစ်သည်။ သေခြင်းတိစိတ် နှင့် ပဋိသေန္ဓ စိတ်အကြားမရှိ။

ထို့ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်မှာ (၇)ရက်နေပြီးမှ ဘ၀တစ်ပါးသို့ သွားသည်ဟူသော မှားသော အယူကို စွန့်က်ုရနှာ၏။ မစွန့်မူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖ်ြရစာသည်။

အချုပ်ဆိုရေသာ်-လူသေသာအခါ (၇)ရက်မလည်မီ တေစ္ဆသူရဲ ၀ိညာဉ်ဘ၀နှင့် အိမ်တွင် ဝေ့၀ဲကျလင်ည်နေသည်ဟူသော အန္တရာဘ၀၀ါဒသည် ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျဖင်ီလာဖြစ်သော အယူဝါဒဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝတငိုင်း လွတ်လွတ်စွန့်လွှတ်ရှောခင်ွာအပ်ပါ၏။

မင်းနန်၊ မော်ကျွန်း - အယူအမြမငှ်န်ကန်ရေး မှ

Credit: mmcybermedia & Dhamma Garden Sayardaw

.................................

http://www.dhammagarden.com/2012/08/blog-post_17.html မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


Posted via BlogPost

No comments: