သာသနာ ၅၀၀၀ မကပါ *********************** သာသနာ နှစ် (၅၀၀၀)သာ တည်မယ်ဆိုတဲ့ အေပြာအဆိုများဟာ ပါဠိပိဋကတ်မှာ တိုက်ရိုက်လာတဲ့ ဟောကြားချက်တော့ မဟုတ်ပါဘူး။ အဋ္ဌကထာများမှာသာ သာသနာတော်နှစ်ပေါင်း (၅၀၀၀) ရှိကြောင်း ဖွင့်ပြထားချက်များ ရှိပါတယ်။ ဗဟုသုတအဖြစ် တင်ပြပါက ဒီဃနိကာယ်အလို သာသနာနှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ ၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်နှစ်ပေါင်း ၁၀၀၀ ၂။ ဆဠာဘိညရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀ ၃။ တေ၀ိဇ္ဖကရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀ ၄။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀ ၅။ ပါတိမောက္ခသံဝရသီလေခတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ဖြစ်ပါတယ်။ ဒါ့အပြင် ၀ိနယပိဋကနှင့် အင်္ဂုတ္တရ အဋ္ဌကထာအလို သာသနာနှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ ၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀ ၂။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀ ၃။ အနာဂါမ်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀ ၄။ သကဒါဂါပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀ ၅။ သောတာပန်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ ဖြစ်ပါတယ်။ ဖော်ပြပါ ခွဲခြားသတ်မှတ်မှုများဟာ အဋ္ဌကထာလာ ခွဲခြားသတ်မှတ်မှုများသာ ဖြစ်ပါတယ်။ တကယ်တော့ သာသနာအရှည်တည်မှု မတည်မှုဟာ သာသနာတော်ကို ကျင့်သုံးလိုက်နာ ထမ်းဆောင်စောင့်ရှောက်သူတို့ အေပ်ါမှာသာ တ်ရညှိနေပါတယ်။
Posted via BlogPost
No comments:
Post a Comment