*****ဒွိဟိတ် တိဟိတ် ကုသိုလ် အခွဲ*****
****************************** *****************
စေတသိက်အခန်း၌ ပြခဲ့သော အေလာဘ၊ အေဒါသ၊ အေမာဟ ၃-ပါးကို ပါဠိလို “ဟေတု”၊ မြန်မာလို “ဟိတ်”ဟုခေါ်သည်။ ဤနေရာ၌ ဟေတု-သဒ္ဒါသည် “အေခြအမြစ်”ဟူသော အနက်ကိုဟော၏။ သစ်ပင်၌ ရေသာက်မြစ်သည် သစ်ပတင်စ်ပလင်ုံး ခိုင်မြဲစည်ကား ကြီးထွားအောင် ပြုသကဲ့သိ့ ဟိတ်တရားများလည်း မိမိတို့နှင့် ယှဉ်ဖက်စိတ်ကို ခိုင်မြဲစည်ကား အကျိုးများအောင် ပြုနိုင်ကြေပသည်။ ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်သော ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်သော တိဟိတ်ကုသိုလ်စိတ်ဟု ခွဲခြားမှတ်သားရမည်။
ဒွိဟိတ်ကုသိုလ်စိတ်
အေလာဘ၊ အေဒါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် “ဒွိဟိတ်ကုသိုလ်စိတ်”မည်၏။ သုစရိုက်ဆယ်ပါးတို့တွင် သမ္မာဒိဋ္ဌိသည် “ကံ-ကံ၏ အကျိုးဧက်ရနှိ၏။”ဟု ယုံကြည်သော ဉာဏ်ပညာတည်း၊ ထိုဉာဏ်ကိုပင် “ကမ္မသကတာဉာဏ်”ဟု ခေါ်၏။ ကေလးဖြစ်စေ၊ ကံ-ကံ၏အကျိုးကို နားမလည်သော အရိုင်းအစိုင်းဖြစ်စေ ပစ္စည်းဝတ္ထု တစ်စုံတစ်ခုကို ပေးကမ်းရာ၌ ၀မ်းမြောက်ဝမ်းသာ ကိုသိုလ်စိတ်ကား ဖြစ်တတ်ပါ၏။ သို့သော် “ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တရင်စ်၏။ ထိုကံကြောင့် နောက်နောအင်ခါ အကျိုးခံစားရမည်”ဟု သိသော သမ္မာဒိဋ္ဌိ (ကမ္မသကတာဉာဏ်) အေမာဟမပါ။ အေလာဘ၊ အေဒါသဟိတ် ၂-ပါးသာပါ၏။ ထို့ကြောင့် ထိုကုသိုလ်စိတ်မျိုးကို “ဒွိဟိတ်ကုသိုလ်စိတ်”ဟု ခေါ်ကြရသည်။
ယခုကာလ ဗုဒ္ဓဘာသာဝင် အချို့လည်း ကံ-ကံ၏ အကျိုးကို နားမလည်ကြဘဲ သူများယောလငို့ ရောယောကင်ာ သူများလှူလို့ လှူကြရသူတွေ များစွာရှိသည်။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ် ကုသိုလ်ပတင်ည်း။ ပကငိုဉ်ာရဏှိသူ (တတ်သိနားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ့ ပေးကမ်းရာ၌ ဒွိဟိတ် ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ့်မည်။ အချုပ်မှာ ကုသိုလ်ပြုနေတုန်း၌ ဉာဏ်ပညာမပါလျှင် ဒွိဟိတ်ကုသိုလ်ချည်းမှတ်ပါ။
တိဟိတ်ကုသိုလ်စိတ်
အေလာဘ၊ အေဒါသ၊ အေမာဟ ဟိတ် ၃-ပါးနှင့်ယှဉ်သော ကုသိုလ်စိတ်သည် “တိဟိတ်ကုသိုလ်စိတ်”မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကိုလည်းကောင်း၊ ကံ၏ အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတဉာဏ်ပါလျှင် တိဟိတ် ကုသိုလ်စိတ် ဖြစ်သည်။ ယခုကာလ၀ယ် အေတ်ာအတန် ဉ်ာရဏှိသော အမျိုးသား အမျိုးသမီးတို့သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို့ ကိစ္စကို စိတ်စေတနာ ဖြူစစင်ွာဖြင့် ပြုကြသည်။ ထိုကုသိုလ်စိတ်များ၌ သံသရာ အကျိုးကို နားလည်သော ဉာဏ်ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ တစ်စုံတစ်ခု ပစ္စည်းကို ပေးလှူသောအခါ “ထိုပစ္စည်းသည် ရုပ်ကလာပ်အစုသာဖြစ်၏။ ထိုရုပ်ကလာပ်အား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါတကား”ဟု ၀ိပဿနာတင်၍ လှူတတ်သူအတွက် ဉာဏ်ဓာတ်ပါရှိကြောင်း တိဟိတ်ကုသိုလ်စိတ် ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ အလွန်ကောင်းသော တိဟိတ် ကုသိုလ်တည်း။ ထို့ကြောင့် ယခုအခါ ဆရာမိဘတို့က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင့်ကံ၏အကျိုးကို လည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအေကြာင်းကို လည်းကောင်း နားလည်အောင် ပြောသင့်ကြပါသည်။
အရှဇင်နကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြေပးထားပါသည်။
Posted via BlogPost
No comments:
Post a Comment