Friday, March 01, 2013

လရာသီ တပို့တွဲ မီးဖုန်းပွဲနှင့် ထမနဲ ပွဲတော် ====================== တပို့တွဲလသည် မြန်မာမှု အရ ကုံရာသီ ခေါ်၍ ၎င်းလ၏ စန်းယှဉ် နက္ခတ်မှာ မာဃနက္ခတ် ဖြစ်သည်။ ယှဉ်သော တာရာမှာ ချိန်တာရာ ဖြစ်ပြီး ရာသီရုပ်မှာ အိုးထမ်း သမားရုပ် ဖြစ်သည်။ ရာသီပန်းကား ဆူးပန်း၊ ပေါက်ပန်း၊ လဲပန်းဖြစ်၏။ ရာသီ ပွဲတော်ကား မီးဖုန်း အလှူပွဲနှင့် ထမနဲပွဲ ဖြစ်လေသည်။ နံနက် ၆ နာရီ မိနစ် ၂ဝ တွင် နေထွက်၍ ညေန ၅ နာရီ မိနစ် ၄ဝ တွင် နေဝင်လေ့ရှိသဖြင့် ညတာသည် နေ့တာထက် ပို၍ ရှည်သည်။ ရက်မစုံသော လဖြစ်၍ ရက်ပေါင်း ၂၉ ရက်သာ ရှိသည်။ တပို့လွဲလတွင် မြန်မာနာရီ ရှေးခေတ် အယူအဆ နေ့ ၂၆ နာရီ ည ၃၆ နာရီ ရှိသည်။ ရှေးမြန်မာတို့ စံတော်ချိန် သတ်မှတ်ချက် အရ နေ့မွန်းတည့်မှ ငါးဖဝါးသာ ရှိသည်။ ထို့ကြောင့် ကင်းဝန်မင်းကြီး သံပေါက်တို လေးတွကင်ား''တပို့တွဲလ၊ ကုံသို့ကျ၊ မာဃ ထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲ''ဟူ၍ ရေးစပ် ခဲ့လေသည်။ ထို့ပြင် စာဆိုတော် များက ''တပို့တွဲလ၊ ပေါက်လဲရယ် ငုံစီစီ၊ ဖူးတန်ကချီ၊ သ်ရညာသီ၊ ဘာဟီကအိုအေပါင်း၊ ပျိုတို့မောင် ရွှေယောတင်ွဲ ငယ်နှင့်၊ လွဲပေါ့သည် ဆောင်း'' ဟူ၍ ရာသီ အလှကို လှလှပပ ဖွဲ့ဆို ထားလေသည်။ တချို့စာဆိုများ၊ ပညာရှိ များက တပို့တွဲလ၏ အဓိပ္ပာယ်ကို ထန်းဖူး၊ ထန်းဖူးခိုင် တို့၏ အောက်သို့ တွဲလွဲညွတ်ကိုင်း ဆွဲဆိုင်း စေသည်။ ညွတ်ကိုင်း ဆွဲဆိုင်း လာအောင် ခြေဖြင့် နင်းနှိပ် ချလေ့ရှိကြ၏။ ၎င်းကို ထန်းရည် နင်းသည်ဟု အများအားဖြင့် ခေါ်ကြသည်။ ''မယ်ခွေ၏ တပို့တွဲလ အဲချင်းတွင် ချိုးဥမှ တိမ်စုံလေ၊ သတ္တဗီသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ၊ တပို့တွဲ၌၊ ပေါက်လဲငုံကင်း (ထန်းရည်ငယ် နင်းကြသည်) နှင်းထုံထုံ ငယ်နှင့်လေ'' ဟူ၍လည်းကောင်း စပ်ဆိုကြသည်။ဆရာ ဦးဖိုးလ၏ အယူအဆမှာ တပို့တွဲ ဟူသော ပုဒ်သုံးပုဒ်ကို ပေါင်းစပ် လိုက်လျှင် တပို့တွဲလ ဆိုသည်မှာ ထန်းဖူး၊ ထန်းခိုတငို့အား အောက်သို့ ညွတ်ကိုင်းအောင် ပြုသောလ၊ ထန်းရည်နှင့်နင်း ဟူ၍ အဓိပ္ပ်ာရယသည်။ တပို့တွဲလတွင် မီးဖုန်းပွဲများ ပြုလေ့ ရှိကြသည်။ မီးဖုန်း အဓိပ္ပာယ်မှာ မီးဖုန်းသည် ပါဠိ ဘာသာစကား ပုညပုဒ်မှ ဆင်းသက် လာသည့် ဝေါဟာရ ဖြစ်သည်။(ပုည= ပုန်း= ပုန်း-ဖုန်း) အဓိပ္ပာယ်မှာ ပုညပုဒ်၏ အဓိပ္ပာယ် အတိုင်း ကောင်းမှု၊ ကုသိုလ်၊ အလှူဟု ဆိုပေသည်။ ထို့ကြောင့် မီးဖုန်းပွဲသည် မီးကုသိုလ်ပွဲ၊ မီးအလှူပွဲဟု ဆိုပေသည်။ အမှန်စစင်စ် အလွန် အေးမြေသာ တပို့တွဲလတွင် ဘုရား ဆင်းတုများ ရှေ့၌ မီးပူဇော်ရန်၊ ရဟန်း သံဃာများနှင့် သက်ကြီးရွယ်အိုများ မီးဖို၍ လှုံရန် နံသာထင်း၊ မယ်ဖျူး (မီးအိုးကင်း) စသည်တို့ကို ကျောင်းဘုရား တို့သို့ လှူဒါန်းသည့် ပွဲကို ''မီးဖုန်၊သင်္ကြန်၊ စာရိယ၊ ညောရငိယ်သွန်၊ မပြတ်စိတ်လျှတင်ည်၏။''ဟု ပုဂံခေတ် ကျောက်စာ ရေးထိုး ထားသည်ကို ထောက်ရှုလျှင် ဤမီးဖုန်းပွဲကား ပုဂံခေတ် ကပင် ရှိခဲ့သော အလှူဖြစ်ကြောင်း ထရငှ်ားပေသည်။ ရေးသားပုံ အမျိုးမျိုးတွင် ပုဂံ၊ ပင်းယ၊ အင်းဝေခတ် တို့၌ မီးဖုန်း ပွဲတော်ဟု အစဉ်တစိုက် ရေးသား လာခဲ့ ကြေသ်ာလည်း နောက်ပိုင်း ခေတ်များ၌မူ မီးဖုံး၊ မီးပုံး၊ မီးပုံဟု အမျိုးမျိုး ပြောင်းလဲ ရေးသား လာသည်ကို တွေ့ရသည်။ ဥပမာ- စာဆိုတော် ဦးအောင်ကြီး လူးတားတွင် ''ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင် မီးပုံသဘင်၊ သူကြီးယသင်ည်'' ဟူ၍ လည်းကောင်း၊ညောင်ရမ်း ခေတ်တွင် ဦးသြ၏ ကဝိ လက္ခဏာ သတ်ပုံ၌ ''စာရေးမီးဖုံး၊ ထင်းသွေ့ရုန်း၊ သမုံး ရေသဖုန်း''ဟူ၍ လည်းကောင်း သုံးလူ့ချာကို၊ ရှိန်ဝါရောညင်ီး၊ မီးပုံပူဇော်၊ လူတော်လူမြဲ၊ ရာသီပွဲဟု ဘိုးတော်ဘုရား လက်ထက်တွင် စပ်ဆိုခဲ့သည့် ဦးယာ၏ တပို့တွဲ လဘွဲ့ လူးတားတွင် တွေ့ရပါသည်။ ထမနဲကို ထမင်းနှဲဟု ရှေးက ရေးသားကြသလို နှမ်းမနဲ ဟူ၍လည်း ခေါ်ကြသည်။ ထမင်းနှဲ(ထမနဲ) ထိုးရာတွင် အချိန်အဆ ရှိပေသည်။ ရှေးပညာရှိများက ထမင်းနှဲကို စားကောင်း၍ ကြာရှည်ခံရန် ထမနဲ ထိုးသည့်အခါ ထည့်ရမည့် အချိုးအစားကို မှတ်တမ်း တေးထပ်ဖြင့် မှတ်တမ်းတင် ထားခဲ့သည်ဟု လေ့လာ သိရှိရပါသည်။ တပို့တွဲလသည် ရွာလုံးကျွတ် ထမင်းနှဲ (ထမနဲ) ထိုးသော အစဉ်အလာ ရှိသည်။ တစ်အိမ်နှင့် တစ်အိမ် ကူးသန်း ဝေငှသည်။ ကျောင်းပေါ် ဇရပ်ပေါ်ရှိ ရုပ်ပွား ဆင်းတုတော်များ ရှေ့၌ မီးမယ်ဖျူး (မီးအိုးကင်း)တွင် အေမွှးနံ့သာ သနပ်ခါး ထင်းများထည့်၍ မီးရှို့ပြီး မီးအလှူပေး မီးဖုန်း ပွဲတော် ကျင်းပကြသည်။ ယေန့အခါ ကာလတွင် မီးအလှူပေး ပွဲခေါ် မီးဖုန်း ပွဲတော်သည် တိမ်ကော ပေပျာက်ေသလာက် ဖြစ်နေ ပါသော်လည်း ရိုးရာ အစဉ်အလာမပျက် ရတနာသိင်္ဃ (ရွှေဘို) မြို့တော်တွင် ကျင်းပလျက် ရှိသည်ကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခု အဖြစ် ဝမ်းမြောက် ဝမ်းသာ တွေ့ရှိ ရပါကြောင်း ရေးသား တင်ပြ လိုရကပါသည်။ ။


Posted via BlogPost

No comments: