သောတာပန်ဖ်ြရစန် အင်္ဂါ ၄ ရပ်နှင့်တရားကျင့်သူရှိရမည့် အင်္ဂါရပ် ၅ ပါး
မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘ၀သာသနာ စာအုပ်တွင် မြတ်စွာဘုရား ကိုယ်တိုင်ဟောကြားသော အင်္ဂုတ္တိုရ် ပါဋ္ဌိတော်အရ သောတာပန်ဖ်ြရစန် အင်္ဂါ ၄ ရပ်နှင့် ညီရမည်ဟု ဆိုထားပါသည်။
၁) သပ္ပုရိသသံသေ၀ါ = သူတော်ကောင်းနှင့်ပေါင်းခြင်း။
၂) သဒ္ဓမ္မဿဝနံ = သစ္စာတရားမျိုးကိုရွှေး၍ နာခြင်း။
၃)ယောနိကော မနသိကာရ= မှန်မှန်ကန်ကန် ကြံဆနှလုံးသွင်း ခြင်း။
၎)ဓမ္မာနုဓမ္မပဋိပတ္တ= ရနိုင်လောက်အောင် ဇွဲသန်သန်ဖြင့် အားထုတ်ခြင်း။
အထက်ပါအချက် ၄ ချက်ဖြင့် ပြည့်စုံမှ တရားထူးရမည်ဟု ဟောကြားထားပါသည်။ ” သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာနှလုံး၊ ကျင့်သုံးဇွဲသန်၊ သောတာပန် ဖ်ြရစန်အေကြာင်း လေး” ဟု အတိုချုပ် မှတ်သားထားရန် လိုအပ်ပါသည်။ အထက်မဂ်များအတွက် နောက်ထပ်အင်္ဂါများလိုပါသေးလားဟု မေးလျှင် မရှိပါ။ ဤလေးချက်ဖြင့် ပြည့်စုံက အရဟတ္တမဂ်အထိ ရနိုပင်ါကြောင်းကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါသည်။
“စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ သကဒါဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အနာဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အရဟတ္တဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ ကတေမ စတ္တာရော-
သပ္ပုရိသသံသေ၀ါ
သဒ္ဓမ္မဿဝနံ
ယောနိကော မနသိကာရ
ဓမ္မာနုဓမ္မပဋိပတ္တ “
မြတ်စွာဘုရား တရားဟောပြီးတိုင်း ကျွှတ်တန်းဝသင်ူများစွာ ပေါ်ထွက်လာကြသည်။ သောတာပန် မည်မျှ၊ သကဒါဂမ်မည်မျှ၊ အနာဂါမ်မည်မျှ၊ ရဟန္တာမည်မျှ စသဖြင့် သိရှိနိုသင်ည်။ တရားနာရုံဖြင့် တရားထူးရသည်ဟု ထမငှ်တ်ကြသည်။ ” မကျင့်ပဲနှင့် တရားထူးရကြပါသလား၊ ဘယ်အချိန်ကျင့်လိုက်ကြပါသလဲ”မေးလျှင် ကျင့်၍ တရားထူးရကြပါသည်။ နားကတရားနာ၍ ဉာဏ်က ခန္ဓာလှည့်သည့်အချိန်တွင် ရကြသည်ဟု သိရပါသည်။ ” ဘယ်လောက်ကြာ ကျင့်လျှင် တရားထူးရပါသလဲ”လျှင် တရားကျင့်သူ အင်္ဂါရပ် ၅ ပါး(ပဓာနိယင်္ဂ ၅ ပါး)ပြည့်စုံလျှင် ရပါသည်။ ၄င်းတို့မှာ-
၁)မြတ်စွာဘုရားအပေါ် ယုံကြည်မှုရှိရမည်။
၂) ကျန်းမာသူဖ်ြရစမည်။
၃) စိတ်ထားဖြောင့်မတ်သူ ဖ်ြရစမည်။
၎) ဇွဲသန်ကြိုးစားအားထုတ်သူ ဖ်ြရစမည်။
၅) ဉာဏ်စွမ်းဉာဏ်စရှိရမည်။
တရားရသူ ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ယင်းတို့မှာ-
၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်။ မြတ်စွာဘုရားအားထူးတွေ့ရပြီး တရားအကျဉ်းမျှ ကြားနာရရုံဖြင့် တရားထူးရသူ။
၂) ၀ိပဉ္စိတညူ ပုဂ္ဂိုလ်။ တရားအကျဉ်းဟောရုံဖြင့် နားမလည်၊ အကျယ်ဟောပြမှ တရားထူုးရေသာသူ။
၃) နေယျပုဂ္ဂိုလ်။ အကျဉ်းအကျယ်ဟောရုံဖြင့် သေဘာမေပါက် အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးမေးမြန်းပြီး ဘာဝနာပွါးမှ တရားထူးရသူ။
၎) ပဒပရမ ပုဂ္ဂိုလ်။ တရားနာခြင်း ဆွေးနွေးမေးမြန်းခြင်း ဘာဝနာပွါးများခြင်းများ ပြုလုပ်သော်လည်း ဤဘ၀၌ တရားထူးမရနိုင်။ နောက်နောဘင်ဝများတွင် တရားထူးရရန် အထုံဗီဇအဖြစ်သာ ရရှိသူ။
ပုဂ္ဂိုလ်လေးမျိုးရှိတဲ့အနက် အကျဉ်းမျှနာကြားရရုံဖြင့် တရာထူးရသူတို့သည် ၀ိပဿနာတရား အားမထ်ုရတပဲ မဂ်ဖိုရလသည်ဟု မမှတ်ယူသင့်ပါ။ မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုရလခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် တရားနာရုံဖြင့် ဉာဏ်က ခန္ဓာကို မလှည့်ပဲ တရားထူးရစရာမရှိဟု ဟောကြားထားပါသည်။ နာကြားယုံဖြင့် တရားထူး မရနိုပင်ါ။ အဘယ့်ကြောင့်ဆိုသော် သတိပဋ္ဌာန်၏အာရုံဖြစ်သော ရှုကွက်ဖြစ်သည့် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မသေဘာတရားတို့အနက် တစ်ခုခုကိုမျှ မရှုပဲ ၀ိပဿနာပညာလည်း ဖ်ြရစိုးမရှိ၊ အရိယာမဂ်လည်း ဖ်ြရစိုးမရှိဟု မဟာစည်ဆရာတော်ကြီးဟောကြားထားပါသည်။ ထိုသို့ ရှုမှ်ရတာတွင် “တရားနာဆုံးသည်နှင့် ရနိုင်လောက်အောင် သမာဓိရရန် အချိန်မလိုဘူးလား”ဟု မေးစရာရှိပါသည်။ မဟာစည်ဆရာတော်ကြီးက သုဒ္ဓ၀ိပဿနာယာနိကလမ်းဖြင့် သွား၍ ခဏိကသမာဓိရသည်နှင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဖြစ်ပျက်ကို သိမြင်နိုပင်ါသည်ဟု ဟောကြားထားပါသည်။ ခဏိကသမာဓိကို ၀ိပဿနာ သမာဓိဟုလည်း ခေါ်ပါသည်။ သမာထ၀ိပဿနာယာနိကလမ်းနှင့် ကြည့်လျှင် ဥပစာရသမာဓိနှင့် ဆတင်ူသည်ဟု ဆိုပါသည်။ နီဝရဏေခါ် ဆန့်ကျဘင်က်ကိလေသာများ မေနှာက်ယှက်နိုင်အောင် တည်ကြည်သောစိတ် အခိုက်အတန့်ကေလးအတွင်း ဖြစ်လာသော ခဏိကသမာဓိ (သို့) ဥပစာရသမာဓိတို့ဖြင့် ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိမြင်နိုင်ပြီး အရဟတ္တမဂ်အထိပင် ပေါက်ရောက်နိုင်ကြောင်း ဟောကြားထားပါသည်။ ထို့ကြောင့် အမှတ် ၁ ပုဂ္ဂိုလ်များသည် တရားနာရင်းဖြစ်စေ နာင်္ပြီးလျှင်ပြီးခြင်းဖြစ်စေ ခဏိကသမာဓိဖြင့် အရိယာမ်ရဂသွားသည်ဟု မှတ်ယူရပါမည်။ ရုပ်နာမ် မရှုပဲ ကျက်မှတ်လေ့လာ သရုပ်ခွဲ ဆင်ခြရင်ုံဖြင့် ၀ိပဿနာဉာဏ် အရိယာမဂ်ဉာဏ် သမ္မာဒိဌိ မဂ္ဂင် အစစ် မဖြစ်နိုင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားထားပါသည်။
ယေန့ခေတ်လူတို့မှာ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ မရှိသေလာက် ရှားသွားပြီဟု မိမိထင်မြမငိပါသည်။ အမှတ် ၃နှင့် ၄ ပုဂ္ဂိုလ်များ ဖြစ်ဖို့များပါသည်။ မိမိကိုယ်တိုင် အမှတ် ၃ လား၊ ၄ လားဆိုသည်ကို တရား အားမထုတ်ကြည့်ပဲ မသိနိုပင်ါ။ မိမိ ဤဘ၀တွင် ပဉ္စာနန္တရိယကံ ၅ ပါးမကျူးလွန်ထားပါက တရားထူးရနိုမင်ည်ဟု ယုံယုံကြည်ကြည်ဖြင့် အားထုတ်သင့်ပါသည်။ ယခဘင်ဝက ကျူးလွန်ခဲ့လျှင်လည်း လ်ရကှိငရဲကျနေမည်မှာ သေချာပါသည်။ လူဘ၀ကိုရောက်နြေ ခင်းသည် မရှိခဲ့လို့ဟု မှတ်ယူရပါမည်။ ထို့ကြောင့် တရားနာရုံဖြင့် ဖတ်မှတ်လေ့လာ ဉာဏ်ဖြင့် ဆင်ခြစင်ဉ်းစားပြီး တရားရေနပြီဟု မိမိကိုယ်မိမိ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ ဖြစ်နေမလားဟု အထင်ရောက်နေပါက ကျင့်စရာမလိုဟု ထမငိပါက ကိုယ်ကျိုးနည်းတော့မည်။ ပုဂ္ဂိုလ် ၄ ဦး စလုံး ခန္ဓာကို ဉာဏ်ဖြင့်လှည့်ပြီး ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မတို့၏ အဖြစ်အပျက်ကို တွေ့ပြီးမှသာ အရိယာမ်ရဂကြေကြာင်း၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်ကြီးတို့၏ ဟောကြားချက်များကို ထော်ရကှု၍ တင်ပြလိုရကပါသည်။ ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
Posted via BlogPost
No comments:
Post a Comment