ဒါန (၈) မျိုး
၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊ ၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြော်ရကွံ့၍လှူခြင်း၊ ၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊ ၄။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောငင်ါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊ ၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊ ၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ ( မစားရသူ ) အားမေပးပဲ မေနထိုက်ဟု ပေးလှူခြင်း ၊ ၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကိုပေးလှူသ်ရညှိသော် ကောင်းသောကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ပေးလှူခြင်း၊ ၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။ ဆရာကြီးဦးသုခမှတ်စုမှ... ။
Posted via BlogPost
No comments:
Post a Comment