Tuesday, March 05, 2013

" ထေလာ့မြန်မာ မြန်မာထေလာ့ "

" ထေလာ့မြန်မာ မြန်မာထေလာ့ "

ထေလာ့မြန်မာ အိုမြန်မာတို့ ဒို့ရွာဒို့မြေ ဒို့ရွာမြေဝယ် စေတီစပါး များလည်းများ၏။

များပါလေလဲ တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက် မစားလေရ ဝမ်းမဝ၍ ဆွမ်းမျှမတနငိုင် ရှိမည်တည်း။

ထေလာ့မြန်မာ အိုမြန်မာတို့ ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ် ရေချိုသော်ရကန် မြစ်ချောင်းကန်နှင့် သီးနှံချိုပြား များလည်းများ၏။

များပါလေလဲ တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် မြသင်ာမြရင် မစားရ၍ တောက ပြိတ္တာ ဖြစ်မည်တည်း။

ထေလာ့မြန်မာ မြန်မာထေလာ့ အားမေပျာ့နှင့် မေလျှာ့လုံ့လ သူကစ၍ ငါကအားလုံး လ်ရကုံးများမြောင် ဥာဏ်များမြောင်နှင့် စွမ်းဆောင်ကြေလ ဆောင်ကြေလေတာ့။

ဤမြေ ဤရွာ ဘယ်သူ့ရွာလဲ ဤယာစပါး ဘယ်သူ့စပါးလဲ ထားလော့တာဝန် ပွန်လော့လုပ်ငန်း ဥာဏ်ရှေ့ပန်း၍ တစ်ဝမ်း တစ်စိတ် ညီစေသတည်း။ ဆရာဇော်ဂျီ
Posted via BlogPost

No comments: