Labels
- android ဆိုင်ရာ down loadများ
- android ဆိုင်ရာ download များ
- androidဆိုင်ရာ down loadများ
- ကဗျာများ
- ကိုးကွယ်မှု
- ချက်နည်း ပြုတ်နည်း
- ဂါထာတော်များ
- စိတ်အာဟာရ
- ပညာရေး
- ဘာသာရေး
- ရိုးရာ အစားအစာ
- သင်ယူလေ့လာ နည်းပညာ
- သင်ယူလေ့လာနည်းပညာ
- သုတအဖြာဖြာ မှတ်စရာ
- သုတအဖြာဖြာမှတ်စရာ
- ဆေးပညာ ဗဟုသုတ
- ဒေသန္တရ ဗဟုသုတ
- နိုင်ငံရေး နှင့် အမျိုးသားရေး
- နိုင်ငံရေးနှင့်အမျိုးသားရေး
Wednesday, March 06, 2013
ဂေါက်ရောဂါ
ကျန်းမာရေး ဂေါက်ရောဂါ
- by ဒေါက်တာ အေးမင်းထူး
ကျွန်တော်တို့နိုငင်ံမှာ ခေတ်စားနေတဲ့ ဂေါက်ရောဂါ။ ကျွန်တော်သတိထားမိသေလာက် ကျွန်တော်တို့နိုငင်ံက လူနာတွေဟာ လက်ဖြစ်ဖြစ်၊ေခြေထာက်ဖြစ်ဖြစ်၊ နာပြီဆိုတာနဲ့ ဂေါက်ရောဂါကို လက်ညိုးထိုးတတ်ကြတယ်။ ဆရာဝန်က နံမည် တပ်သလား၊ လူနာက သူ့ဖာသာ အမည်တပ်လိုက်သလားမသိ။ နာပြီဆိုတာ နဲ့ တရားခံက ဂေါက်ပဲ။ လူတော်တော်များများ အမြမငှ်ားနေတာက ဂေါက်ရောဂါနဲ့ ကျီးပေါင်းရောဂါ ကို အတူတူထင်နေကြတာပဲ။ ဂေါက်ရောဂါကို အင်္ဂလိပ်လို (Gout) လို့ ခေါ်ကြပြီး ကျီးပေါင်းကိုတော့ (Ankylosing spondylitis) လို့ခေါ်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါ နဲ့ ကျီးပေါင်းဟာ သပ်သပ်စီဖြစ်ပါတယ်။ ဒီတစ်ပါတ် လူနာအေခါ် ကောက် ဆိုတဲ့ (Gout) ရောဂါ အေကြာင်းကို ဖော်ပြေပးလိုက်ပါတယ်။ Gout ကိုမြန်မာတွေက တိုရကိုက်ကူးချပြီး အလွယ် ဂေါက်ရောဂါ လို့ခေါ်ကြပါတယ်။ စကားလုံးမွေးစားတယ်ပြောရမှာပေါ့။ Richman’s diseases ချမ်းသာတဲ့ လူနာတွေမှာ အဖြစ်များတယ်ဆို ပေမယ့် မမှန်ပါဘူး။ မြန်မာနိုငင်ံ မှာလဲ အဖြစ်များတယ်။အေမရိကား မှာ လူဦးရေ၏ ၂ ရာခိုင်နှုန်းက ဂေါက်ရောဂါ ခံစားနေရပါတယ်။ လူဖြူထက် လူမည်းမှာ ပိုအဖြစ်များတယ်။ အမျိုး သားတွေမှာ အဖြစ်များတာ တွေ့ရတယ်။ ဂေါက်ရောဂါ ဖ်ြရစတဲ့ အေကြာင်း မှန်ကို မသိရှိရေသးပေမယ့် သွေးတွင်း ယူရစ် အက်ဆစ် (Uric acid) များခြင်းနဲ့ ဆက်စပ်နေကြာင်း ၁၈၄၈ မှာ စတင်တွေ့ရှိခဲ့တယ်။ ပုံမှန်အားဖြင့် ယူရစ် အက်ဆစ် များလာရင် ကျောက်ကပ် က စွန့်ထုတ်ပေးရပါတယ်။ လုံလောက်အောင် မစွန့်ထုတ်နိုင်တဲ့ အခါ သွေးထဲမှာ ယူရစ် အက်ဆစ်တွေများလာ မယ်။ ကြာလာတဲ့ အခါ ယူရိတ်ဓါတ် (Urate) တစ်မျိုးဟာ ခန္ဓာကိုယ် အစစ်ထဲ ဝင်ရောက် ပြီး ဒုက္ခပေးပါတော့တယ်။ ဂေါက်ရော ဂါ ရဲ့  ၈၀ ရာခိုင်နှုန်းဟာ ကျောက်ကပ် မှလုံလောက်အောင် စွန့်ထုတ်ပေးနိုင်ခြင်းမရှိလို့ ဖြစ်ပါတယ်။ တစ်ခါတ်ရစံ ခန္ဓာကိုယ် မှ မတန်တဆ ထုတ်ပေးတဲ့ အခါလဲ ဂေါက် ရောဂါ ဖြစ်တတ်ပါသေးတယ်။ ဂေါက် ထလာရင် ဖြစ်တဲ့နေရာ က မခံမရပ်နိုင်အောင် နာကျလင်ာတတ်ပါတယ်။ အများအားဖြင့် ခြေမ တွေမှာ အဖြစ်များပြီး ညအိပ်နေရင်း မခံမရပ်နိုင်အောင် နာလာတတ်ပါတယ်။ တချို့ ဆိုရင် အဝတ်နဲ့ ထိမိတာတောင် မခံနိုဘင်ူး။ စောင်ခြုံရလင်ည်း စောနင်ဲ့ ပွတ်မိရနင်ာတတ်ပြန်တယ်။ ဖြစ်တဲ့နေရာက ပူမယ်၊ နာမယ်၊ နီမယ်၊ ရောမင်ယ်။ တစ်ခါ ဖ်ြရစင် ရက်သတ္တပါတ် တစ်ပါတ် နှစ်ပါတ် အစရှိသဖြင့် ကြာတတ်ပြီး ပျောက်သွားတတ်တယ်။ အများအားဖြင့် recurrent ပြန်ဖြစ်တတ်တယ်။ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတွေ အဖြစ်များပြီး အမျိုးသမီးတွေ ကအသက်ငါးဆယ်ကျော် သွေးဆုံးပြီးချိန်မှာ အဖြစ်များတယ်။ ဆရာဝန်အများစုဟာ ဂေါက်ရောဂါ အတွက် သွေးတွင်း ယူရစ် အက်ဆစ် ကို စစ်တတ်ကြပါတယ်။ ထူးဆန်းတာ တစ်ခုက ဂေါက်ရောဂါ ထေနတဲ့ လူနာအများစုကို စစ်ကြည့်လိုက်တဲ့ အခါ သွေးတွင်း ယူရစ် အက်ဆစ် ပမာဏဟာ ပုံမှန်လောက်သာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ယူရစ် အက်ဆစ် ပုံမှန် ဖြစ်တိုင်းလဲ ဂေါက်မဟုတ်ဘူး လို့ ပြောလို့မရပြန်ဘူး။ အစားအေသာက်တွေ အသားတွေ အလွန်အကျွံ စားတဲ့ ခပ်ဝဝ လူကြီးတစ်ယော်ရကဲ့  ယူရစ်အက်ဆစ် level ဟာတက်နေမှာပဲ။ သွေးတွင်း ယူရစ်အက်ဆစ် များခြင်း ဟာ အချိန် ကြာလာတာနဲ့ အမျှ အက်ဆစ်တွေ ထဲမှာ စုပုံလာပြီး ရောဂါ လက္ခဏာ စတခင်ံစားရတယ်။ ၁၆၇၉ မှာ ဟော်လန် နိုငင်ံသား လျူဝဟင်ုတ် ဟာ ယူရစ် အစိုအင်ခဲ (Urate crystal) ပုံစံတွေကို အဏုကြည့်မှန်ဘီလူး ဖြင့် ဖော်ထုတ်ပြသနိုင်ခဲ့တယ်။ အစားအေသာက် မဆင်ခြသင်ူများဟာ ဂေါက်ရောဂါ မကြာခဏ ဖြစ်တတ်ပြီး နာလိုက် ပျောက်လိုက်ဖြင့် လုံးချာလည်နေတတ်တယ်။ ဒီလို လူနာတွေမှာ အဆစ်ထဲ စုပုံလာတဲ့ ယူရိတ် အစိုင် အခဲ တွေဟာ အရိုးတွေကို စားပြီး ပုံပျက်ပန်းပျက် ဖြစ်လာစေတယ်။ အများအားဖြင့် မကုပဲထားတဲ့ လူနာတွေဟာ ငါးနှစ်ခန့် အတွင်းမှာပဲ ဒီလိုမျိုးတွေ ဖြစ်ပေါ်လာတတ်တယ်။ ဒါမျိုးကိုဆေး ပညာအရ (chronic gout) လို့ခေါ်ကြတယ်။ ဒီလိုနောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားရေလေအာင် သွေးတွင်း ယူရစ် အက်ဆစ်များ တဲ့ လူနာတွေကို ကုသရခြင်းဖြစ်ပါတယ်။ ဒီလိုဆိုရင် မေးစရာတစ်ခုရှိတာက သွေးတွင်းယူရစ် အက်ဆစ် ဓါတ်များတိုင်းဆေးကု စရာလိုသလား။ ဆိုကြပါစို့။ လူနာတစ်ယောက် ဟာ ယူရစ်အက်ဆစ် level တော့ တက်နေတယ်။ သို့သော် ဘာရောဂါလက္ခဏာ မှမရှိဘူး။ မိဘ မျိုးရိုးကလဲ ဂေါက်မရှိဘူး။ အရက် ဘီယာ သောက်တာ၊ အဝလွန်တာ စတဲ့ အေကြာင်းအရာ တွေလဲ မရှိဘူးဆိုရင် ဆေးကုသဖို့ လိုကောင်းမှလိုလိမ့်မယ်။ သတိပြုစရာအချက်တစ်ခုက ဂေါက်ထခြင်းဟာ သွေးတွင်း ယူရစ် အက်ဆစ် ပမာဏ ရုတ်တရက် ပြောင်းလဲခြင်းနဲ့ သက်ဆိုင်နေတယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဟာ ဆေးပေးတဲ့ အခါ သို့မဟုတ် ဆေးဖြတ်တဲ့ အခါ ဒီအချက်ကို အထူးဂရု ပြုရတယ်။ ဂေါက်ရောဂါ ကုသတဲ့ အခါ ရေတိုရောဂါ လက္ခဏာ သက်သာစေတဲ့ ဆေးနဲ့ ရေရှည် ယူရစ် အက်ဆစ် ထိန်းဆေး တွေသောက်သုံးရပါတယ်။ ရေတိုသော်ရကမယ့် ဆေးတွေဟာ ရောဂါလက္ခဏာ ကိုချက်ခြင်းသက် သာစေပြီး ရေရှည်သော်ရကမယ့် ဆေးတွေဟာ နောက်တစ်ကြိမ်ဂေါက် ထပ်မဖြစ်အောင် ကာကွယ်ပေးနိုပင်ါ တယ်။ လတ်ေတလာ သက်သာစေတဲ့ ဆေးတွေကေတာ့ NSAID အေရာကင်ျ အကိုက်အခဲ ပျောက်ဆေးတွေ ၊ Steroid အေရာက် ကျဆေးတွေ၊ Colchicine စတဲ့ တရုတ် တိုင်းရင်းဆေး တွေဖြစ်ကြပါတယ်။ Colchicine ကို ဂေါက်ရောဂါ သေချာမှသာ ပေးသင့်ပြီး ရောဂါ သိသိသာသာ သက်သာလာတဲ့ အခါ ဂေါက်ရောဂါ ဟုထပ်မံ ကောက်ချက်ဆွဲနို င့်ပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို သောက်ဆေး ၊ ထိုး ဆေး နှစ်မျိုး အသုံး ပြုနိုပင်ါတယ်။ ယူရစ်အက်ဆစ် ထုတ်လုပ်မှု လျော့နည်းစေသည့်ဆေး (Allopurinol, Febuxostat)၊ ကျောက်ကပ်မှ ယူရစ်အက်ဆစ် စွန့်ထုတ်မှု များစေသည့်ဆေး (Probenecid) စသည်တို့မှာ အသုံးများသော ဆေးများဖြစ်ကြပါတယ်။ ရေရှည်သော်ရကမည့် ဆေးများမှာ တစ်ခါတ်ရစံ Life long တစ်သက်လုံးသောက် ရ တတ်ပါတယ်။ ဂေါက်ရောဂါ ရှိသူများ ဟာ အစားအေသာက် ရှောင်ကြဉ်ရန် အထူးလိုအပ်ပြီး ခန္ဓာကိုယ် အေလးချိန် ဖြည်းဖြည်း နှင့် မှန်မှန် လျော့ချရန်အေရြး ကီးပါတယ်။ ဘာကြောင့် အေလးချိန် ဖြည်းဖြည်း ချင်း လျော့ ချဖို့ လိုအပ်သလဲ၊ စောစောက ပြောခဲ့သလို ယူရစ် အက်ဆစ် level ရုတ်တရက်ပြောင်းလဲ ခြင်းဟာ ဂေါက်ရော ဂါ ကိုပိုမိုဆိုးရွားစေလို့ပဲ။ဂေါက်ရောဂါရှိသူများ အထူးသတိထား ဆင်ခြရင်မှာက အစားအေသာက်ပဲ ဖြစ်ပါတယ်။ဂေါက်ရောဂါသည်တွေ ရှောင်ကြဉ်သင့်တဲ့ အစားအေသာက်တွေအပြင် စားသုံးသင့်တဲ့ အစားအစာ တွေကိုပါ ဖော်ပြေပးလိုက်ပါတယ်။ ရှောင်ကြဉ်သင့်သော အစားအစာများ -နီသော အသားများ(အမဲသား၊ဆိတ်သား) -ဝမ်းတွင်းကလီစာများ(အသည်း၊နှလုံး၊ကျောက်ကပ်) -ငါးသေတ္တာများ၊ပလင်ယ်စာများ၊ -မှိုအမျိုးမျိုး၊ပန်းဂေါ်ဖီ၊ဟင်းနုနွယ်၊ကညွတ်၊ -စေတ်ာဘ်ရယီ၊ခရမ်းချဉ်သီး၊အခွံမာသီး၊ -အရက်၊ဘီယာ၊ဝိုင်မျိုးစုံ၊ စားသုံးသင့်သော အစားအစာများ -ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများ -ဂျုံ၊အာလူး၊ပြောင်း၊ဆန် -ပေါမင်ုန့်၊နို့၊ကြက်ဥ၊ဒိန်ခဲ၊ကိတ်မုန့် -vitamin C ပါဝင်သော အားဆေးများ(500-1500mg/day) gout ရောဂါဘေးမှ စာဖတ်ပရိတ်သတ်များ ကင်းဝေးနိုင်ကြပါစေဗျာ......။
crd- ဒေါက်တာ အေးမင်းထူး
Posted via BlogPost
Subscribe to:
Post Comments (Atom)
No comments:
Post a Comment