Wednesday, March 06, 2013

အချိန်မတန်သေးလို့ပါ

အချိန်မတန်သေးလို့ပါ ============

မေကာင်းတာတွေ လုပ်နေပမယ့် အောင်မြင်နေတဲ့သူတွေ ရှိတတ်သလို၊ မေကာင်းတဲ့ အလုပ်တွေမှာ အကျိုးပေး ကောင်းနေတဲ့သူတွေ ရှိတတ်ပါတယ်။ အဲဒီသူတွေကိုကြည့်ပြီး အားကျဖို့ မလိုပါဘူး။ ဒီလိုပဲ ကိုယ်ေကကာင်းတာတွေ လုပ်နေပမယ့် အဆိုးတွေပဲ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အခါ၊ လုပ်သမျှ အလုပ် တိုင်းမှာ အဆမေင်ပြမှုတွေ ဖြစ်နေတဲ့အခါမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီအခါမှာလည်း စိတ်ဓာတ်မကျဖို့၊ ကံတရားအေပါ် သံသယမဖြစ်ဖို့ လိုပါတယ်။ ဒါဟာ ကောင်းကံမေကာင်းကံတွေရဲ့ အကျိုးပေးချိန် မတန်သေး လို့ပဲ ဖြစ်ပါတယ်။ ကံတရားရဲ့ အကျိုးပေးချိန်ကျလာရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ဒီသက်ရောက်မှုကို ရရှိခံစားရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြတ်စွာဘုရားရှရင်ဲ့ တရားစကားက သက်သေတစ်ခုပဲ ဖြစ်ပါတယ်။ ဘုရားရှကင် -

(၁) “မေကာင်းမှုပြုသော သူပင်ဖြစ်သော်လည်း မေကာင်းမှု အကျိုးမေပး သေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ မေကာင်းမှု အကျိုးပေးသော အခါ၌မူကား မေကာင်းမှုပြုသောသူသည် မေကာင်းကျိုးကို ခံစားရ၏။

(၂) ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုးမ ပေးသေးသော ကာလပတ်လုံး မေကာင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှု အကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသောသူသည် ကောင်းကျိုးတို့ ကိုသာ တွေ့မြရေင်လေတာ့၏” လို့ အနာထပိဏ် သူဋ္ဌေးကို ဟောကြားတော် မူပါတယ်။

ဒါကြောင့် ကောင်းကံ မေကာင်းကံရဲ့ အကျိုးသက်ရောက်မှုဟာ အချိန်တ်ရနင် ဘယ်သူမှ တားမရဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် ဘယ်သူဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ်ကိုယ်တိုသင်ာ ကိုယ့်အလုပ်တွေမှာ ယုံကြည်မှု အပြည့်နဲ့ အေကာင်းဆုံးဖြစ်အောင် ရွေးချယ် လုပ်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ကံတရား ဆိုတာ အကျိုးပေးချိန်တ်ရနင် သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ - ဒိုက်ဦး
Posted via BlogPost

No comments: