" . . . ချီးမွမ်းထိုက်သော သားသမီး . . "
•••••••••••••••••••••••••••••••••
တခါသော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည် အေကြာင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်း ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ မိဘတို့သည် အေကြာင်း ၅-မျိုးကြောင့် သားသမီး အလိုရှိကုန်၏။
ယင်းအေကြာင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အေမွခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြေပလိမ့်မည်။ ဟူသော အချက်များ ဖြစ်သည်။
ရဟန်းတို့၊ ဤအေကြာင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထစင်ွာ ပြုတတ်သော, ငြိမ်သက်သော စိရတှိသော, သူတော်ကောင်းတို့ သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။
ရဟန်းတို့၊ မိဘတို့အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အားလုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။
( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )
Donated by - Honey Lay - - - - - - - - -
Young Buddhist's Association
( Young Buddhist's Association) မှ ကူးယူဖေါ်ပြပါသည်။
Posted via BlogPost
No comments:
Post a Comment