Tuesday, March 05, 2013

ကုသိုလ် အကုသိုလ်တို့အကျိုးပေး

ကုသိုလ် အကုသိုလ်တို့အကျိုးပေး

ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာ၌ စည်းစနစ် ရှိပုံကို...မလ္လိကာမိဖုရား မေးလျှောက်၍ ဗုဒ္ဓမြတ်စွာေဖြေတ်ာမူခဲ့ပါတယ်။

အေမး(၁)။ မြတ်စွာဘုရား...ဤလောက၌ တချို့မိန်းမသည် ရုပ်လည်းမေချာ..ဥစ္စာလည်းမေပါ...သြဇာ အာဏာလည်း မရှိပါ။ ဤသို့ သုံးမျိုးလုံး မေကာင်းခြင်း၏ အေကြာင်းအရင်းကား အဘယ်ပါနည်း... မေးလျောက်ခဲ့ပါတယ်။

မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် (၁) ဒေါသကြီး၏...သူများက နည်းနည်းပါးပါး မခံချစင်ရာ ပြောလျှင် သူက စိတ်ဆိုး၍ မပြီးနိုင်အောင် ဖြစ်သည်။ နေရာတိုင်းမှာ မနှစ်သက် မေကျနပ်သော အမူအရာကို ပြတတ်၏။ (၂) စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းမရှိ။ (၃) ကိုယ်ထက်သာလျှင် မနာလိုတတ်သော (ဣဿာ)စိရတှိ၏။ထိုမိန်းမသည် နောက်ဘ၀၌ ဒေါသကြီးသောကြောင့် ရုပ်ဆိုး၏။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း မရှိသောကြောင့် ဥစ္စာပစ္စည်းမွဲ ၍ ဆင်းရဲရ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သောကြောင့် သြဇာအာဏာနည်း သူဖြေ်ရစလသည်။

အေမး(၂)။ မြတ်စွာဘုရား....ဤလောက၌ တချို့မိန်းမသည် ရုပ်ေမချာပါ၊ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာရှိပါသည်။ ဤသို့ တစ်မျိုးမေကာင်း၍ နှစ်မျိုးကောင်းခြင်း ၏ အေကြာင်းရင်းကာ အဘယ်ပါနည်း...ဟု မေးလျောက်ပြန်ပါတယ်။

မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် (၁) ဒေါသကြီး၏။ (၂) စွန်ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၏။ (၃) ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ အရုပ်ဆိုး၏ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာကား ရှိလေသည်။

အေမး(၃)။ မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏။ သို့သော် စည်းစိမ်ဥစ္စာလည်း မရှိ၊ သြဇာအာဏာလည်း မရှိပါ၊ ဤသို့ တစ်မျိုးကောင်း ၍ နှစ်မျိုး မေကာင်းခြင်း၏ အေကြာင်း အရင်းကာ အဘယ်နည်း ...ဟုမေးလျောက်လေတယ်။

မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် ဒေါသမကြီးတတ်၊ သို့သော် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်းရှိ၏။ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော်၏။ သို့သော် ပစ္စည်း ဥစ္စာမွဲ၍ ဆင်းရဲသည့်အပြင် သြဇာအာဏာလည်း မရှိတတ်ချေ။

အေမး(၄)။ မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏ ဥစ္စာလည်းပေါပါ၏ သြဇာ အာဏာလည်း ရှိပါ၏၊ ဤသို့ သုံးမျိုးလုံး ကောင်းခြင်း၏ အေကြာင်းကား အဘယ်ပါနည်း ဟု မေးလျောက်လေသည်။

မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် ဒေါသလည်း မကြီး..စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ လည်းရှိ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သော စိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော ဥစ္စာပေါ၍ သြဇာ အာဏာရှိသူ ဖြစ်နိုင်လေသည်။

ထိုတရားတော်ကို ကြားနာရေသာ မလ္လိကာ မိဖုရားသည် ယေန့မှစပြီး ဒေါသမကြီးသူ၊ စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ရှိသူ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ် မရှိသူ ဖြစ်ပါတော့မည်ဟု လျောက်ထားလေသည်။

ဒေါသကြီးသူဟာ ဒီဘ၀မှာပဲ ဒေါသဖြစ်တုန်း အရုပ်ဆိုးနေသလို နောက်ဘ၀မှာလည်း အရုပ်ဆိုးတော့တာပဲ၊ ဒေါသ မကြီးတဲ့သူကေတာ့ ဒီဘ၀မှာ အမြဲ စိတ်ကြည်လင်နေ သလို နောက်ဘ၀မှာလည်း ရုပ်အဆင်းပါ ကြည်လင် လှပေနမယ်။ မေပးမကမ်း မလှူဒါန်းသူ ဟာလည်း ယခုဘ၀မှာ နှမြောနေတဲ့အတွက် နောက်ဘ၀မှာ နှမြောစရာ မရှိအောကငို မွဲတော့မှာပါ။ပေးကမ်းစွန့်ကြဲသူကေတာ့ နောက်ဘ၀မှာ ပေးလို့မကုန်အောကငို ပေါတော့မှာပါ။ ကိုယ်ထက်သာသူ ကို မနာလိုတတ်သူများက တော့ နောက်ဘ၀မှာ သြဇာအာဏာ မရှိတော့ပဲ သူ့စကားကို ဘယ်သူမှ နာလိုသူမရှိတော့ဘူး။ မနာလိုစိတ် မရှိသူကေတာ့ နောက်ဘ၀မှာ သူ့စကားကို အားလုံးက နာလိုကြလို့ သြဇာအာဏာပြည့်ဝနိုတင်ယ်လို့ မြတ်စွာ ဘုရားက ဟောကြားခဲ့ပါတယ်။

ဒါကြောင့် ဒေါသ မကြီးကြဖို့၊ စွန့်ကြဲ ပေးကမ်းကြဖို့၊ ကိုယ်ထက်သာသူကို တော်ပါပေတယ်၊ ရှေးကုသိုလ်ကောင်းပါပေတယ်၊ ယခုဘ၀လဲ လုံ့လ ၀ီရိယေကာင်းပါပေတယ် လို့ ချီးမွမ်းနိုင်ကြမှသာ၊ နောက်ဘ၀မှာ ဥစ္စာပေါ ရုပ်ချောပြီး သြဇာအာဏာရှိသူဖြစ်နိုင်မှာပါ။ အစဉ်မပြတ် သတိတရား လက်ကိုထင်ား၍ ကြိုးစားအားထုတ်နိုင်ကြေစပါစေ။

ညခင်း
Posted via BlogPost

No comments: