Tuesday, March 05, 2013

သူတော်စင် ဖြစ်-မဖြစ် ခွဲခြားစိစစ်နည်း

သူတော်စင် ဖြစ်-မဖြစ် ခွဲခြားစိစစ်နည်း

အခါတပါး၌ မြတ်စွာဘုရားသည် ၀ိသာခါဆောက်လုပ်လှူဒါန်းသော ပုဗ္ဗာရုံကျောင်းပြသာဒ်ဆောင်၏ တံခါးမုခ်အပြင်၌ ထိုင်နေတ်ာမူစဉ် ပေသနဒီကောသလမင်းကြီးသည် မြတ်စွာဘုရား၏ထံတော်သို့ ချဉ်းကပ်၍ အနီး၌ ထိုင်နေ၏။

ထိုအချိန်ဝယ် ဆံကျစ်ထုံးရေသ့ ခုနစ်ယောက်၊ နိဂဏ္ဌတက္ကတွန်း ခုနစ်ယောက်၊ အေစလကတက္ကတွန်း ခုနစ်ယောက်၊ တိတ္ထိ ခုနစ်ယောက်၊ ပရဗိုက် ခုနစ်ယောက်တို့သည် မြတ်စွာဘုရား၏ မနီးမေ၀းမှဖြတ်၍ လျှောက်သွားကြသည်။

ပေသနဒီ ကောသလမင်းကြီးသည် နေရာမှထကာ ဤပုဂ္ဂိုလ် ၃၅-ယော်ရကှိရာသို့ ရှိခိုးကာ ရိုသေစွာ နှုတ်ဆက်၏။ ထို့နောက် မင်းကြီးသည် မြတ်စွာဘုရား၏ အနီးသို့ပြန်လာကာ ထိုရေသ့၊ တက္ကတွန်း၊ ပရဗိုလ်တို့သည် ရဟန္တာများဖြစ်ကြသည်-ဟု လျှောက်ထား၏။

မြတ်စွာဘုရားက ပေသနဒီ ကောသလမင်းကြီးအား လူ့စည်းစိမ်ခံစားနေသာ သမင်င်းကြီးသည် မည်သူသည် ရဟန္တာဟု ခွဲခြား၍ မသိစွမ်းနိုင်၊ ပုဂ္ဂိုလ်ေတယာက်၏ အကျင့်သီလ စင်ကြယ်ခြင်း၊ ဘေးရ်ရနှိသောအခါ ဉာဏ်ပညာရှိခြင်းတို့ကို အတူတကွ ကြာမြင့်စွာနေ၍ လေ့လာမှသိနိုင်၏။ နှလုံးသွင်းမှ သိနိုင်၏။ ပညာရှိသူသာ သိနိုင်၏။ ပညာမဲ့သူ မသိနိုင်-ဟု မိန့်ဆိုတော်မူသည်။

ပေသနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရား၏ စကားတော် မှန်ကန်ကြောင်းကို ထုတ်ဖော်ချီးကျူး၏။ ထိုပုဂ္ဂိုလ် ၃၅-ဦးတို့သည် မိမိ၏ သူလျှိုများသာ ဖြစ်ကြ၏-ဟု လျှောက်ထား၏။ မြတ်စွာဘုရားက ပြပင်အဆင်းသဏ္ဌာန်ကို မြရင်ုံမျှဖြင့် အကျွမ်းမ၀သင်င့်။ ကိုယ်နှုတ်နှလုံးတို့ကို မေစာင့်စည်းသူတို့သည် စောင့်စည်းသူယောင်ဆောင်၍ လှည့်လည်ကြကုန်၏။ အတွင်း၌ မစင်ကြယ်သောသူတို့သည် မြေနားတောင်း၊ ရွှေရည်စိမ် ကြေးနားတောင်းတို့ကဲ့သို့ အပြင်၌ တင့်တယ်သလို ဖုံးလွှမ်းကုန်၍ လှည့်လည်ကြကုန်၏-ဟု ဟောတော်မူသည်။ ကျမ်းကိုး။ ။ သဂါထာဝဂ္ဂ၊ ကောသလသံယုတ်၊ ဒုတိယ၀ဂ်၊ သတ္တဇဋိလသုတ်။

ဦးငွေအောမင်ွန် ( မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တဘင်ာလ)

မေတ္တာဖြင်. စုစည်းတင်ပြသူ အနှိုင်းမဲ.စာတိုပေစများ လာလည်နိုပင်ါတယ် (http://www.infinitydham ma.com/)
Posted via BlogPost

No comments: