Wednesday, March 06, 2013

ကင်းပုံပင်

ကင်းပုံပင် ( Wild Snake Gound )

ပဉ္စ ငါးပါးကို ပြုတ်၍ သလိပ် ရွှင်ဆေး အဖြစ် သုံးသည်။ ချောင်းဆိုးခြင်း ကိုလည်း ပျောက်စေသည်။ အရွက် သတ္တုရည်ကို ဆီးချို ရောဂါတွင် အဓိက သုံးသည်။ အဆုတ်ပြွန် ရောင်ခြင်း၊ ပန်းနာ ရောဂါ များတွလင်ည်း သုံးသည်။ သည်းခြေနှင့် ဆိုင်သော အဖျားရောဂါ ဖြစ်ပါက ကင်းပုံရွက်နှင့် နံနံစေ့ကို အမျှဆီယူ၍ ပြုတ်သောက် ပါက ပျောက်ကင်း နိုသင်ည်။ သန်းကျ စေရန်နှင့် ၀မ်းသက် စေရန်လည်း သုံးပါသည်။ ကင်းပုံရွက် သတ္တုရည်ကို နှမ်းဆီ (သို့) ရေနှင့် ဖျော်၍ နားတွင်း ခတ်ပါက နားကိုက် ရောဂါကို ပျောက်ကင်း စေနိုသင်ည်။ အေရပြား ပေါ်တွင် ပေါက်သော အနာများတွင် အရွက် ပြုရတည်ကို လိမ်းပေးပါက ပျောက်ကင်း သက်သာ စေသည်။ ရေယုန်နာ ပေါက်ပါက အရွက် သတ္တုရည်နှင့် သုတ်လိမ်း ပေးရသည်။ လျှာတွင် ပူလောင်ခြင်း၊ အနာ ပေါက်ခြင်း များအတွက် အသီးမှ အရည်ကို ငုံတွေးရည် အဖြစ် သုံးသည်။ မိခင်နို့ ထွက်စေရန်လည်း ကင်းပုံသီးကို စားသုံးကြသည်။ သွေးဖောက်ပြန်သော ရောဂါ များကိုလည်း သက်သာ ပျောက်ကင်း စေသည်။ အမြစ် ခေါက်မှုန့်ကို ၀မ်းနှုတ်ဆေး အဖြစ် သုံးကြသည်။ အမြစ်စို သတ္တုရည်ကို ဆီးလွန် ရောဂါရှိသူများ သောက်သုံး နိုသင်ည်။ အဆိပ် သင့်ခြင်း ဖြစ်က အဆိပ်ေပြေဆး အဖြစ် တိုက်ကျွေး နိုသင်ည်။
Posted via BlogPost

No comments: