Wednesday, March 06, 2013

ဒုက္ခသစ္စာ .........

ဒုက္ခသစ္စာ .........

ဓမ္မပဒအဋ္ဌကထာ၌ အကျဉ်းသာပြ၏ ...။

ဤ၌ကား စာဖက်သူအားလုံး နားလည်အောင် အကျယ်ချဲ့ပြမည် ...။

ဓမ္မစကြာ၌ ဒုက္ခသစ္စာကို ရှစ်မျိုးခွဲပြ၏ ...။

ပဋိသေန္ဓနေရခြင်းသည် ဆင်းရဲ၏ ...။

အိုရခြင်းသည် ဆင်းရဲ၏ ...။

နာရခြင်းသည် ဆင်းရဲ၏ ...။

သေရခြင်းသည် ဆင်းရဲ၏ ...။

မချစ်သောသူနှင့် ပေါင်းသင်းရခြင်းသည် ဆင်းရဲ၏ ...။

ချစ်သောသူနှင့် ကွေးကွင်းရခြင်းသည် ဆင်းရဲ၏ ...။

မိမိလိုချတင်ာ မရခြင်းသည် ဆင်းရဲ၏ ...။

အကျဥ်းအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါး (ဖြစ်ပျက်နေရခြင်း)သည် ဆင်းရဲ၏။

ဥပါဒါနက္ခန္ဓာငါးပါး ဟူသည် စွဲလမ်းမှု(တဏှာအကြီးစား) ဥပါဒါန်နှင့် အတူ ဖြစ်သော ပရမတ်ခန္ဓာငါးပါး ကို ဆိုလိုခြင်းဖြစ် ၏။

ပဋိသေန္ဓနေရခြင်း၏ ဆင်းရဲပုံကို မြသင်ာအောင်ပြအံ့.......

သေန္ဓသားသည် တစ်ထွာသာသာခန့်သာ ကျယ်ဝန်းသော မိခင်၏ ၀မ်းဗိုက် အတွင်း၌ အစာဟောင်းအိမ်ကို ဖခင်ုထိုကင်ာ အစာသစ်အိမ်ကို ခေါင်းပေါ် ရွက်ပြီး ကျပ်တည်းကျဉ်းမြောင်းစွာ ဆယ်ေလနရ၏ ...။

ထိုဆင်းရဲကိုသိသာရန် စာဖတ်သူသည် မိမိတစ်ထိုလင်ွတ်ရုံသေတ္တာကြီးထဲ တွင် မလှုပ်မယှက်ဆယ်နာရီခန့် နေကြည့်ပါ။ ထို ဆင်းရဲမျိုးဖြင့် မိခင်၏ တစ်ထွာခန့် ၀မ်းဗိုက်တွင်းတွင် ဆယ်လခန့်နေခဲ့ရသည်မှာ မည်မျှလောက်ထိ ဆင်းရဲမည်ဖြစ်ြေ ကာင်း မှန်းဆသိနိုင်၏ ...။

သေန္ဓကို မေစာင့်ရှောက်တတ်သော မိခင်လောင်းများက ရေနွးပူပူ ကို သောက်ချလိုက်လျှင် သေန္ဓသားမှာ ငရဲမီးနှင့်အပက်ခံရသလို ပူလောင် ပြင်းပြမှုဒဏ်ကို ခံရ၏။ နှုတ်မှကား ဘာမှမေပြာနိုင်။

မိခကင် အလွန်အေးသော ရေခဲရေများကို သောက်ချလိုက်လျှင် သေန္ဓသား သည် လောကန္တရငရဲသို့ ကျရသေလာက် ပပင်န်းဆင်းရဲရှာ၏။

မိခကင် အကုန်းအကွ မဆင်ခြလင်ျှင် သေန္ဓသားသည် ခါးကို လှန်ချိုးခံရ သလို နာကျရင်ပြန်၏။

လူစိတ်မရှိသော မိခမင်ျားက သေန္ဓပျက်ဆေးများ စားလိုက်ပြန်လျှင် ၀မ်းထဲ မှာပင် ကျေမွပျက်စီးပြီး သေရပြန်၏။

သေသာက်ကျူးတို့လက်ထဲရောက်နေသာ ဆိတ်သူငယ် သည် သေသာက်ကျူးများ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်သမျှကို လည်စင်းပြီး ခံရသကဲ့သို့ သေန္ဓသားသည်လည်း မိခင်လောင်း နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ် သမျှ လည်စင်းခံရ၏...။

သေန္ဓအပျက်မခံရ၍ ဖွားသောအခါတွလင်ည်း ဒုက္ခရော်ရကပြန်၏ ...။

ကြီးမားထွားကြိုင်းသော ဆင်ပြောင်ကြီးကို ကျဉ်းကျပ်သောအေပါက်မှ သံကြိုးသံကောက်များဖြင့် အတင်းဆွဲထုတ်သောအခါ ဆင်ပြောင်ကြီးသည် အသားအေရများ စုတ်ပြဲသည့်ဒဏ်ကို အေတ်ာကြီးခံရပြီး အပြသငို့ရော်ရက သလို သေန္ဓသားသည်လည်း ကျဉ်းမြောင်းလှသော မိခင်၏ယောနိပေါက်မှ အတင်းအဓမ္မ ဆွဲထုတ်ခံရပြီးမှ ထ်ွရကသဖြင့် နာကျမငှ်ုဝေဒနာကို အလူး အလဲ ခံစားရ၏။

ထိုသို့ နာကျရငှ်ားလွန်းသဖြင့် မွေးခါစကေလးငယ်များသည် တက်မတတ် ချက်မတတ်ငိုကြွေးကြခြင်းဖြစ်၏။အ၀ိဇ္ဇာ၏ ဖုံးလွမ်းမှုကြောင့် ပဋိသေန္ဓဒုက္ခ ကို အန္ဓပုထုဇဉ်များ မသိနိုင်တော့ပေ။

ဗုဒ္ဓဟောကြားခဲ့ခြင်းကြောင့်သာ ယခုလို သိရခြင်းဖြစ်၏ ...။

မိခင်ဝမ်းမှ ကျွတ်သည်နှင့် ပဋိသေန္ဓဒုက္ခ ကို ခံစားရခြင်းဆင်းရဲမှ လွတ်မြောက်၏ ...။

ပဋိသေန္ဓနေခြင်း ဇာတိမှလွတ်သည်နှင့် ဇရာဒုက္ခကို စက္ကန့်မခြား ဆက်လက် ခံစားရ၏။အသက် ၁၅၊၂၀ အရွယ်များကို လောကအေနဖြင့် အပျိုအရွယ် ဟု ခေါ်ကြသည်။ဓမ္မအေန ဖြင့်ကား မွေးဖွားပြီးသည်မှစ၍ တ်ရစက်ပြီး တ်ရစက် အိုလာသည်သာ ဖြစ်၏ ...။

အသက် ၇၀ ၊ ၈၀ အရွယ်ရောက်မှ ဇရာ၏ဒဏ်ကို ခံကြရသည်ဟု ထင်ကြ၏။ အမှန်ကား နေ့စဉ်နှင့်အမျှ ဇရာသည် တေငွ့ငွေ့နှင့်ေ လာင်မြိုက်နှိပ်စက်နေ သည်သာ ဖြစ်၏။ ဇရာ၏ နှိပ်စက်မှုလုပ်ငန်းသည် အိပ်ယာပေါ်လဲပြီး မထူနိုင် မထနိုင် ၊ ကျင်ကြီး ကျငင်ယ် ထ မစွန့်နိုင်လောက်အောင် နာသောအခါကျမှ ပြီးဆုံး၏။ ဇရာ နှိပ်စက်ပြီးသည် နှင့် ဗျာဓိက မေသမချင်း ဆက်လက်နှိပ်စက်၏...။

နောက်ဆုံးတွင် မရဏက သေသည်အထိ နှိပ်စက်လိုက်၏။

မရဏေတာဥတ္တရိဒုက္ခံ နာမ နတ္တိ=သေရခြင်းထက် ပိုလွန်သောဆင်းရဲသည် မရှိဟု ဗုဒ္ဓက ဟောထားသည်မှာ အလွန်မှန်၏ ။

ထိခိုရကှနာ ဖြစ်သောအခါ၊ရောဂါဖြစ်သောအခါ၊ဆင်းရဲသောဝေဒနာကို ခံစား ရသည်သာဖြစ်၏။

သို့သော် ထိုဆင်းရဲ ဝေဒနာသည် သေသာအခါ ခံစားရေသာ ဒုက္ခကိုမမီ...။

အဘယ်ကြောင့်နည်း ?

သေခြင်းဆင်းရဲဝေဒနာမှတပါး ကျန်ဝေဒနာများသည် မည်မျှလောက်ထိ ဆင်းရဲသည်ဆိုစေ အလွန်ဆုံးခံစားရလျှင် သတိမေ့လော်ရကုံသာဖြစ်၏ ။

သေရခြင်းဆင်းရဲကား အိုလွန်းအားကြီး၍နာ၊နာလွန်းအားကြီး၍ သေ ရခြင်း ဖြစ်သောကြောင့် သေရသည်အထိ ဆင်းရဲကို တခြားဆင်းရဲများ မည်သိုမျှ မမှီနိုင်တော့ပေ ...။

ထိုကြောင့် တစ်ချို့သေခါနီးတွင် မခံမရပ်နိုင်လောက်အောင် နာကျင် လှသောကြောင့် မည်းနက်သော ငယ်ချေးများပထင်ွက်ကျပြီး သေကြ ရခြင်း ဖြစ်၏။

ထိုနည်းတူ - - -

မချစ်သောသူနှင့် ပေါင်းသင်းရခြင်း၊ချစ်သောသူနှင့်ကွေကွင်းရခြင်း များ၊ မိမိအလိုရှိတာကို မရခြင်းများသည် ဆင်းရဲဒုက္ခများပ င်ဖြစ်၏။

ပြခဲ့သော ဆင်းရဲ(၇)မျိုးသည် သံဝေဂဥာဏ်အတွက်သာဖြစ်၏။

ယခုနောက်ဆုံး ..... ရှစ်ခုမြောက်ဆင်းရဲသည်သာ ၀ိပဿနာဥာဏ်၊မဂ်ဥာဏ် ရဖို့အတွက်ဖြစ်၏ ...။

သို့သော် သံဝေဂဥာ်ရဏှိမှ ၀ိပဿနာဥာဏ် ဖြစ်ပေါ်နိုင်ပြီး ၀ိပဿနာဥာဏ် ရှိမှ မဂ်ဥာဏ်ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သတိပြုအပ်၏ ...။

ရှစ်ခုမြောက်ဆင်းရဲအမှန် (ဒုက္ခသစ္စာ)ကား အာရုံခြောက်ပါးနှင့်တိုက်ဆိုင် တိုင်း ဖြစ်ပျက်သွားသော ဥပါဒါနက္ခန္ဓာငါးပါး ပတင်ည်း ...။

***ဆရာတော် အရှဇင်ဝန(မေတ္တာရှင်-ရွေပြည်သာ) ၏ တကယ်ဗုဒ္ဓ ဘာသာ နှင့် သစ္စာလေးပါးတရားတော် စာအုပ်မှ ကောက်နုတ်ဖော်ပြ ပါသည်။***

~~~ ဓမ္မမိတ်ဆွေ သူတော်စအေင်ပါင်း ကျန်းမာရွှလင်န်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~

Posted via BlogPost

No comments: