Saturday, March 02, 2013

မေတ္တာပို့

မေတ္တာပို့
”•••••••••••“မေတ္တာ နိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။... မေတ္တာသီသလ ရံသီဟိ သုခန္တု ဖုသိတာ ပဇာ။”♠ လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊♠ မေတ္တာနိသာကရော - မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊♠ သမ္မာ - သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ၊♠ သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံးနှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊♠ ဘာတု - ရန်လည်းကင်းဝေး၊ဘေးလည်းမခ အအေးရပ်ပေါ်ရွှမ်းမြအသရေ ထွန်းပပါစေသတည်း။♠ မေတ္တာသီတလရံသီဟ - မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်၊♠ မေတ္တာသီတလ ရံသီဟ - မေတ္တာဖွေးလျှပ်၊အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့သည်၊♠ ဖုသိတာ - အဖုံဖုံလွှမ်းထုံမွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊♠ ပဇာ - ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊♠ သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း…“ မေတ္တာပို့ရန်… ”~~~~~~~~~၁။ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။(သုံးခေါက်စီ…ရွတ်ဆိုရန်)၂။ မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။၃။ မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။၎။ မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။၅။ ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။၆။ ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။၇။ ဒို့မေတ္တာစွမ်း၊ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။ ။‘‘မေတ္တာ မဉ္ဇူသကောလောကေ၊ သုဖုလ္လော၊ ဟောတု သဗ္ဗဒါ။မေတ္တာ ပုပ္ဖါ သုခံတေန၊ သုခန္တု ၀ါသိတာ ပဇာ။’’♠ လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ်ကမ္ဘာအတွင်း၌၊♠ မေတ္တာမဉ္ဇူသကော - မေတ္တာတည်းဟူသော မဉ္ဇူသက နတ်ပန်းပင်ကြီးသည်၊♠ သဗ္ဗဒါ - နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ၊♠ သုဖုလ္လော - အခိုင်ခိုင်ကြိုင်လှိုင်စွာ ပွင့်သည်၊♠ ဟောတု - မုချမသွေ ဖြစ်ပါစေသတည်း။♠ မေတ္တာပုပ္ဖါသုခံတေန - မေတ္တာတည်းဟူသောမဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်၊♠ ၀ါသိတံ - ထုံအပ်မွှမ်းအပ်ကုန်သော၊♠ ပဇာ - လူရော နတ်ပါ သတ္တ၀ါတို့သည်၊♠ သဗ္ဗဒါ - နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊♠ သုခန္တု - ကိုယ်စိတ်နှစ်ဖြာ၊ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝချမ်းသာတော်မူ ကြပါစေကုန်သတည်း…။( အထက်ပါမေတ္တာပို့စာပိုဒ်လေးက " ကျေးဇူးတော်ရှင်သီတဂူဆရာတော် ဘုရားကြီး "ရဲ့ တရားပွဲများ မစတင်မှီနှင့်တရားတော်များ ပြီးဆုံးသောအခါ တရားပွဲတိုင်းမှာဆရာတော်ကြီး အမြဲတမ်းရွတ်ဆိုနေကြမေတ္တာပို့စာပိုဒ်လေးပါ… )Dhamma Danã Source ►www.facebook.com/youngbuddhistassociation.m
Posted via BlogPost

No comments: