Sunday, March 03, 2013

အချိုများသော အစားအစာနို့ထွက်ပစ္စည်းများနှင့်ဝက်ခြ

အချိုများသော အစားအစာနို့ထွက်ပစ္စည်းများနှင့်ဝက်ခြံ Sunday, March 3, 2013

အစားအစာနှင့် အာဟာရဂျာ နယ်တစ်ခုတွင် ထုတ်ပြန်ခဲ့သော လေ့လာမှု အသစ်တစ်ခုအရ နေ့စဉ်စား နေသာ အစာများထဲတွင် ဂလူးကို့စ် ပမာဏ များသော အစာများနှင့် နို့ထွက်ပစ္စည်းပမာဏများများပါသော အစာများ ပါဝပင်ါက ဝက်ခြံပိုပေါက်စေကြာင်းသိရသည်။ လေ့လာမှုက ဝက်ခြံအား ကုသရာတွင် အစားအစာဖြင့် ကုသခြင်း(Medical Nutritional therapy MNT)အားလည်း ကုထုံး တစ်ခုအဖြစ် သတ်မှတ်သင့်ကြောင်း အကြံပြု ခဲ့သည်။ အေမရိကန်နိုငင်ံတစ်ဝန်း၌ လူဦးရေ ၁၇သန်းခန့်မှာ ဝက်ခြံဖြစ်ပွား လ်ျရကှိပြီးအများအားဖြင့် ၄င်းတို့ဆယ်ကျော်သက်ဘဝနှင့် လူငယ်ဘဝတွင် ဖြစ်ပွားလေ့ရှိပြီး၊ ဝက်ခြံပေါက်ခြင်းက စိတ်အလိုမကျမှု၊ စိတ်ကျရောဂါ၊ လူမှုဆက်ဆံရေးနယ်ပယ်၌ ကျဆင်းမှုများ ရှိလာနိုင်စေသည်။ ထို့ကြောင့် ဝက်ခြံ ကုသမှုမှာ အေရးကြီးလေသည်။

၁၈၀ဝပြည့်နှစ်ပိုင်းမှ လေ့လာသူများ က ချောကလက်၊သကြားနှင့် အဆီများက ဝက်ခြံဖြစ်စေသည်ဟု ဆိုခဲ့သော်လည်း ၁၉၆၀ပြည့်နှစ်များတွင် အစားအစာနှင့် ဝက်ခြံမဆက်စပ်ဟု ဆိုလာကြပြန်သည်။ ထို့ကြောင့် ယခု လတ်ေတလာ၌ အေရပြားပညာရှမင်ျားနှင့် အာဟာရပညာရှမင်ျားက အစားအေသာက်နှင့် ဝက်ခြံဆက်စပ်ပုံကို ထပ်မံလေ့လာခဲ့ကြပြန်သည်။

လေ့လာသူများက ၁၉၆၀မှ၂၀၁၂ ကြားလေ့လာခဲ့သော လေ့လာမှုများမှ အချက် အလက်များကိုခွဲခြမ်းစိတ်ဖြာကြည့်ရ၊ အစားအေသာက်များတွင် ဂလူးကို့စ် ပမာဏေမြာက်မြားစွာ ပါနေခြင်းနှင့် နို့ထွက်ပစ္စည်းများ အေမြာက် အမြားစားသုံးခြင်းက ဝက်ခြံကိုပေါက်စေသာ အဓိကအချက်များဖြ စ်ကြောင်း တွေ့ခဲ့ရသည်။

လေ့လာသူများက ဆေးပညာအသိုင်းအဝိုင်း၌ ဝက်ခြံအားကုသရာတွင် အစားအေသာက်ဖြင့် ကုသသည့်နည်းကိုလည်း မေ့မထားသင့်ကြောင်း၊ ဝေဒနာရှတင်စ်ဦးချင်းစီအ လိုက်သင့်တော်သော အာဟာရကို ဆွေးနွေး သင့်ကြောင်း အကြံပြုခဲ့သည်။ ၂၀ဝ၇ မှ လေ့လာမှုတစ်ခုကလည်း ဂလူးကို့စ်နည်းသော အစာများကို စားပါက အဆင်ူလကငို အာရုံခံစားမှုနှုန်း ပို ကောင်းလာပြီးဝက်ခြံ ပျောက်စေနိုင် သည်ဟုတွေ့ရှိခဲ့သည်။
Posted via BlogPost

No comments: