အနှိုင်းမဲ့ စာတိုပေစများ ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ် ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ဆန္ဒ၀တီပြည်တွင် မိအိုဖအိုတို့ကို လုပ်ကျွေးနေသာ အမျိုးကောင်းသားတဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တေန့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝ အရှနငိသဘမေထရ်ြ မတ်ထံသို့ ရိုသေစွာသွားရောက်ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု ရွတ်ဆို၍ သရဏဂုံ ဆောက်တည်၏။
ထိုအမျိုးကောင်းသားသည် အနှစ်တသိန်းကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ရောက်၍ ၈-ပါးသောအကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး ၈-ပါးတို့မှာ-၁။ နေရာမေရွး ပူဇော်ခံရခြင်း။ ၂။ ဉာဏ်ပညာ လွန်စွာ ထက်မြက်ခြင်း။ ၃။ များစွာသော စည်းစိမ်ချမ်းသာ ရှိခြင်း။ ၄။ အားလုံး၏ ကြည်ညိုချစ်ခမငှ်ုကို ခံရခြင်း။ ၅။ အသားအေရာင် ရွှေရောအင်ဆင်း တောက်ပခြင်း။ ၆။ အရာရာ မိမိအလိုကျ ဖြစ်ခြင်း။ ၇။ မိတ်ပျက်ခြင်းမရှိ၊ ပေါများသောမိတ်ဆွေ ရှိခြင်း။ ၈။ ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း ဖြစ်၏။ ထို့နောက် ထိုဘ၀မှစုတေပြီး သိကြားမင်းအဖြစ် အကြိမ် ၈၀၊ စကြာမင်းအဖြစ် ၇၅-ကြိမ်၊ ပေဒသရာဇ်မင်းအဖြစ်ကား မေရတွက်နိုင်အောင် ဖြစ်ခဲ့သည်။
နောက်ဆုံး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာဝတ္ထိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်၌ လူ့အဖ်ြရစရှိခဲ့သည်။ ထို့နောက် ၇-နှစ်သားအရွယ်၌ ရဟန္တာတပါးထံ သရဏဂုံယူစဉ် ကမ္ဘာတသိန်းထက်က ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိဖြစ်ကာ ၀ိပဿနာဉာဏ်စဉ် ရ၍ ရဟန္တာအဖြစ်သို့ ရော်ရကှိလေသည်။
ဘုရားရှသင်ည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူ၏။ သရဏဂုံ ဆောက်တည်ခြင်းအကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အေကြာင်းပြု၍ ထိုရဟန္တာအရှကငို တိသရဏ ဂမနိယေထရ်ဟု ဘွဲ့မည်ပေး၏။ အပဒါနပါဠိ။ ပ-၃-သုဘူတိဝဂ်။
Posted via BlogPost
No comments:
Post a Comment