Friday, April 19, 2013

သုခဝေဒနာသည် ဒုက္ခသစ္စာလော

သုခဝေဒနာသည် ဒုက္ခသစ္စာလော


ဒကာ။။ဝိပဿနာတရားရှုပွားတဲ့အခါသုခဝေဒနာပေါ် လာရင် သုခဝေဒနာလို့ ရှုမှတ် ပွားများနေရမယ်လို့ဝေဒနာ နုပဿနာ သတိပဋ္ဌာန်က ဆိုထားတဲ့အတိုင်းသုခဝေဒနာ သုခဝေဒနာလို့ မှတ်သိနေရင်ဒုက္ခသစ္စာကို ပိုင်ခြားသိမြင် နိုင်ပါမည်လားဆရာတော်၊သုခနှင့် ဒုက္ခက ဆန့်ကျင်ဘက် မဟုတ်ပါလား၊ ကျမ်းဂန်က ဘယ်လိုဆိုပါသလဲ ဘုရား။


ဆရာ။။ သုခဝေဒနာဆိုတာ သမ္မုတိသစ္စာနယ်ထဲကစကား သုံးလို့မှတ်ပါ၊ပရမတ္ထသစ္စာက “သဗ္ဗေ သင်္ခါရာ ဒုက္ခာ” တဲ့၊ သုခဝေဒနာ သုခဝေဒနာလို့ သိမှတ်နေတဲ့ ယောဂီရဲ့အသိ ဉာဏ်မှာ အဲဒီပေါ်ပေါ်လာတဲ့သုခခံစားချက်ကလေးတွေဟာ မှတ်တိုင်းရှုတိုင်းပျက်ပျက်သွားတာ တွေ့ရခြင်းဖြင့်ဒုက္ခသစ္စာ တွေ ပေါ်ပေါ်လာတာပဲ၊သုခရယ်လို့ မမှတ် မထင် တော့ဘူး၊ မြဲမှ မမြဲတဲ့ တရားဟာ အနိစ္စပဲပေါ့၊အနိစ္စထင်ရင် သုခမမြင် တော့ဘူး၊ဒုက္ခအမှန်ကို မြင်လာတယ်၊ဒါကြောင့် သံယုတ် ပါဠိတော်ဒုတိယအုပ် စာမျက်နှာ ၄၀၉ မှာ….. သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ။ ရဟန်းတို့ သုခဝေဒနာကိုဒုက္ခ ဒုက္ခလို့သာ မှတ်ရှုပွားများအပ် ကုန်၏လို့ ဟောဆိုထားတာရှိတယ်၊ မှတ်ရင် မှတ်ရင်းနဲ့ နောက်ဆုံးတော့ ဒုက္ခသစ္စာအပိုင်းထဲကိုသာ ၀င်ဝင်သွားကြ တာပဲ။ကဲ… သဘောကျရဲ့လား။

ဒကာ။။မှန်ပါ့၊ အနိစ္စထင်တော့ ဒုက္ခမြင်တာပေါ့ ဆရာတော်၊ သုခလည်းပျောက်ဆုံး ကုန်ရောပေါ့၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာဆို တာ ဒီသဘောကိုဆိုတာ ထင်ရှားလိုက်တာဘုရား၊သဘော ကျကျေနပ်ပါပြီ။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: