Thursday, April 04, 2013

မုန်လာဥနီသုပ်

မုန်လာဥနီသုပ်

မြန်မာစတိုင် မုန်လာဥနီသုပ် လေးပါ။လုပ်ရတာလည်းလွယ်ပြီ အချိန်တို အတွင်းမှာပဲလုပ်စားနိုင်ပါတယ်..

ပါဝင်ပစ္စည်းများ

မုန်လာဥနီ –၃၀၀ ဂရမ် (မုန်လာဥနီကြီးကိုအသုံးပြုပါ ) သံပရာသီး– စားပွဲတင်ဇွန်း၁ဇွန်း ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

သံလွင်ဆီ – စားပွဲတင်ဇွန်း၁ဇွန်းခွဲ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း ဆား – လက်ဖက်ရည်ဇွန်း၃ပုံ၁ပုံ ငရုတ်ကောင်းမှုန့်– အနည်းငယ် နှမ်း– စားပွဲတင်ဇွန်း၂ဇွန်း ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ) ကြက်သွန်နီကြော် – ၄လုံးစာ (ပါးပါးလှီးပြီ ဆီဖြင့် ကြွပ်ရွအောင် ကြော်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ)

သုပ်နည်း

၁။အရင်ဆုံးမုန်လာဥနီများကိုအခွံနွှာပြီ ခြစ်တံဖြင့် အရှည်ခြစ်ပေးပါ။

၂။ပြီနောက် ဇောက်ပန်းကန်ထဲ (မုန်လာဥနီ၊ ဆား၊ ပျားရည်၊ သံပရာရည်၊ဟင်းရွက်ဆီ၊သံလွင်ဆီ၊ကြက်သွန်နီကြော် ၊ ကြက်သွန်မြိတ်၊ နှမ်း၊ငရုတ်ကောင်းမှုန့်)တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

၃။ပြီလျှင်အပေါ်မှ နှမ်း၊ကြက်သွန်နီကြော် အနည်းငယ် ဖြူးပြီ ဟင်းရံအဖြစ် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

No comments: