“သူ့ကံတရားနဲ့ သူပါပဲ” •••••••••••••••••••••••
“မေတ္တာ” နဲ့ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း သူရတာ မဟုတ် သူ့ကံရှိမှ သူရတာ။ “ဂရုဏာ” နဲ့ကိုယ်ဆင်းရဲလွတ်စေချင်တိုင်းလည်း သူလွတ်တာမဟုတ်သူ့ကံရှိမှ သူလွတ်တာ။ “မုဒိတာ” နဲ့ကိုယ်ချမ်းသာမြဲစေချင်တိုင်းလည်း သူမြဲတာမဟုတ်သူ့ကံရှိမှ သူမြဲတာလို့ သူနဲ့ကံတရား၊ ကံတရားနဲ့သူ အကြောင်းအကျိုးဆက်စပ်ပြီးလည်ပတ်နေတာကို အမြဲဆင်ခြင်ဥာဏ် သက်ဝင်ပြီး ထာဝစဉ်ကံသတိ၊ကံအသိရှိနေမယ်ဆိုရင် ကိုယ်ဖြစ်စေချင်တိုင်းဖြစ်မလာလို့ မကျေမနပ်ဖြစ်ရတာတွေ ၀မ်းနည်း ၊ ပန်းနည်းစိတ်ဆင်းရဲရတာတွေ ရှိမှာ မဟုတ်တော့ပါဘူး။
- အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment