ပုရိသသုတ်-(ယောက်ျား)
ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ယောက်ျားသည် မာတုဂါမကိုဧကန် မနှစ်သက်စေနိုင်သူ ဖြစ်၏။
အဘယ်ငါးမျိုးးတို့နည်း...
၁။အဆင်းရှိသူလည်းမဟုတ်၊ ၂။စည်းစိမ်ဥစ္စာရှိသူလည်းမဟုတ်၊ ၃။ကိုယ်ကျင့်{သီလ} ရှိသူလည်းမဟုတ်၊ ၄။ပျင်းရိသူလည်း ဖြစ်၏၊ ၅။သားသမီးမရသူလည်းဖြစ်၏။
ရဟန်းတို့ ဤတရားငါးပါးတို့နှင့် ပြည့်စုံသော ယောက်ျားသည် မာတုဂါမကိုဧကန် မနှစ်သက်စေနိုင်သူ ဖြစ်၏။
.....
ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ယောက်ျားသည် မာတုဂါမကိုဧကန် နှစ်သက်စေနိုင်သူဖြစ်၏။
အဘယ်ငါးမျိုးတို့နည်း...
၁။အဆင်းရှိသူလည်းဖြစ်၏၊ ၂။စည်းစိမ်ဥစ္စာရှိသူလည်းဖြစ်၏၊ ၃။ကိုယ်ကျင့်{သီလ} ရှိသူလည်းဖြစ်၏၊ ၄။လိမ္မာ၍ မပျင်းရိသူလည်း ဖြစ်၏၊ ၅။သားသမီးရသူလည်း ဖြစ်၏။
ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ယောက်ျားသည် မာတုဂါမကိုဧကန် နှစ်သက်စေနိုင်သူဖြစ်၏ဟု (မိန့်တော်မူ၏)။
၂- ပုရိသသုတ်၊ ပဌမပေယျာလ၀ဂ်၊သဠာယတန၀ဂ္ဂသံယုတ် ပါဠိတော်။
credit- ဗုဒ္စတရားတော်များ
No comments:
Post a Comment