Thursday, April 04, 2013

ဘာဝနာပွားမှ ဥပုသ်သည်အစစ်

ဘာဝနာပွားမှ ဥပုသ်သည်အစစ် ================== ကိုယ်နှုတ်လွန်ကျုးမူနဲ့ ပတ်သက်တဲ့ သိက္ခာပုဒ်ရှစ်ခုကို တစ်ဖက်က စောင့်ထိန်းရင်းစိတ်လုပ်ဖြစ်တဲ့ဘာဝနာအလုပ်ကို တစ်ဖက်က လုပ်နေတာကိုပဲ ဥပုသ်စောင့်တယ်လို့ခေါ်ပါတယ်။

စိတ်ကောင်းစိတ်မြတ် ၊ ဓာတ်ကောင်းဓာတ်မြတ်တွေ တိုးပွားအောင် လုပ်တာကို ဘာဝနာ''လို့ခေါ်ပါတာမို့ ဥပုသ်သည်တစ်ယောက်ဟာ ဥပုသ်ယူပြီးတာနဲ့ကိုယ့်စိတ်မှာ ဘာကိလေသာမှ ဝင်မလာအောင် တားမြစ်စောင့်ရှောက်ပြီး သတိ ၊ သမာဓိ ၊ဥာဏ် စတဲ့ သူတော်ကောင်းတရားတွေ တိုးပွားနေအောင် ပြုလုပ်အားထုတ်ရပါမယ် ။

တရားနာ ၊တရားအားထုတ်တရားစာအုပ်ဖတ်စသည်အားဖြင့်ပေါ့ ။ ============================= (ဆရာတော်အရှင်ဆန္ဒာဓိက)

No comments: