Saturday, April 27, 2013

ဝေဒနာနုပဿနာ

ဝေဒနာနုပဿနာ

************


ခန္ဒာရှိရင် ဝေဒနာရှိပါတယ်။ ခံစားခြင်းမှန်သမျှ ဒုက္ခချည်းဘဲလို့ ဘုရားရှင်ဟောကြားခဲ့ပါတယ်။


နာကျင်မှဝေဒနာလို ထင်မှတ်မှားတတ်တဲ့အတွက် ဘုရားရှင်က ခံစားမှုတိုင်းဟာ ဝေဒနာ ဒုက္ခချည်းဘဲလို ဟောခဲ့တာပါ့။ ချမ်းသာခံစား၇ခြင်း ဆင်းရဲခံစားရခြင်း မချမ်းမသာမဆင်းမရဲခံစားရခြင်းအားလုံးဟာ ဝေဒနာ ဒုက္ခတွေပါ။


ဒုက္ခ ဝေဒနာတွေက်ုဘုရားရှင်ဟောတော်မူရာမှာ သင်္ခါရ ကိုအစွဲပြုပြီးဟောတော်မူပါတယ်။ မျက်လုံးထဲမြင်ပြီး စိတ်ထဲမှတ်ရလွယ်တဲ့ဥပမာကိုမြတ်ဘုရားဟောကြားပြသခဲ့တာပါ။


သင်္ခါရဆိုတာကိုက ကံ စိတ် ဥတု အာဟာရ အကြောင်းတရားတွေစီမံလိုဖြစ်ပေါ်လာတဲ့ ရုပ် တွေ နာမ်တွေကို သင်္ခါရခေါ်တာလေ။


ကံအကြောင်းတရားကိုစမ်းစစ်ကြည့်ပါအုံး။ ဒီနေ့ချမ်းသာပြီး နက်ဖြန်ဆင်းရဲနိုင်တယ်။ ဒီနေ့ဆင်းရဲပြီးနက်ဖြန်ချမ်းသာနိုင်တယ်။ ကံအကြောင်းတရားရဲ့မမြဲခြင်း သင်္ခါရ။


စိတ်ကလည်း ခက်သားလား။ ခု တမျိုးတော်ကြာတမျိုးတောင် မဟုတ်လောက်ဘူး။ ခုတမျိုး ခုတမျိုးပါ။ လက်ဖျစ်တတွစ် ကို ကုဋေတသိန်းဆိုတော့ အင်း………သင်္ခါရပါဘဲ။


ဥတုဖောက်ပြန်တာတော့ပြောမနေခြင်တော့ဘူး။အာဟာရကြောင့်လည်း ရုပ်တရားကြီးမှာ ပုံစံမျိုးစုံတွေ သင်္ခါရတွေတွေ့နိုင်နေတာဘဲ။ အင်း…..ခုမှဘဲ…လွယ်လွယ်ပြောပြောနေတဲ့ သင်္ခါရ ကိုတရားသဘောနဲ့ မြင်တော့တယ်(ကိုယ့် ကို ကိုယ်ပြောတာပါ)။


အတ္တကြီးပြီးအဲဒါတွေအားလုံးကိုထိန်းနိုင်တယ်။ငါကချမ်းသာလို့လေ။ကံ စိတ် ဥတု အာဟာရ ကြောင့် သင်္ခါရဆိုတာ မရှိစေရဘူးလို့ထင်မှတ်ယူမယ့် ကိုရွှေအတ္တ တို့အတွက် မြတ်ဘုရား ကဟောကြားခဲ့ပါတယ်။


ဇရာ မရဏ ကနှိပ်စက်လို့ ချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရော မချမ်းမသာမဆင်းမရဲရောမရဏ အနှိပ်စက်ခံရတဲ့ သင်္ခါရနယ်ပယ်က မလွတ်မြောက်နိုင်ပါဘူးတဲံ့။ခန္ဒာရှိသရွေ့ဝေဒနာ ရှိပါတယ်။


ဖဿမှာဖြစ်ပေါ်တိုင်း ဝေဒနာပါ။ ဒါပေမယ့်အ၀ိတ်ဇာဆိုတဲ့ မသိမှုကဖုံးအုပ်ထားတော့ ဒုက္ခ္ခကိုသုခလို့စိတ်ကထင်ပြီးလှည့်စားမှုမှာ တွယ်ငြိနေကြတာပါပဲ။


ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီးကတော့ ဒုက္ခ္ခ ကိုအခုလို အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒု - ဆိုတာ ကျေနပ်နှစ်သိမ့်စရာဘာမှမရှိပါဘူးတဲ့……. ခ - ဆိုတာကတော့ မိမိတွေးထင်တဲ့အတိုင်း ဘာမှဖြစ်မလာပါဘူးတဲ့….. မိမိအလိုဆန္ဒ္ဒ အတိုင်းဘာမှဖြစ်မလာလို့ ဒုက္ခ္ခ` လို့ဆိုပါတယ်။


ဒါကြောင့် မြတ်ဘုရားရှင်က နာကျင်မှ ဝေဒနာ မဟုတ်ခံစားချင်းဟုသမျှ ဒုက္ခချည်းဘဲလို ဟောကြားထားခဲ့ပါကြောင်း………………….


မြတ်စွာဘုရား၏တရားဒေသနာအား နားလည်သဘောပေါက်အောင်ဟောကြားတော်မူသော မြောင်းမြဆရာတော်၏ဥာဏ်တော်အားဦးခိုက်ကန်တော့လျက်………


No comments: