Tuesday, April 30, 2013

ပရမတ္ထဟူသည်

ပရမတ္ထဟူသည်

ပရမတ္ထတရား၎-ပါး

ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သော အနက်သဘော”ဟုဆိုလိုသည်။“မြတ်”ဆိုသည်မှာလည်း “မွန်မြတ် - မြင့်မြတ် - ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုသဘောအတိုင်းမဖောက် ပြန်မပြောင်းလဲဘဲ ခိုင်မြဲတည့် မတ်သော အမြတ်တည်း။(ပရမ=မြတ်သော +အတ္ထ= အနက်သဘော၊ပရမတ္ထ= မြတ်သော အနက်သဘော။ ဤပရမတ္ထသဘောကို “ပရမတ်”ဟုလည်းခေါ်၏) ထိုပရမတ္ထ တရားကား- စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄-ပါးရှိသည်။


မဖောက်ပြန်ပုံ စေတသိက်တရားတို့၌လောဘဒေါသများပါရှိ၏၊ လောဘသည် လိုချင်ခြင်းသဘော၊ဒေါသကားခက်ထန်ခြင်း သဘောပင်တည်း။ aလာဘသည် ပညာရှိသူတော်ကောင်း၏သန္တာန်မှာ ဖြစ်ဖြစ်၊ သူ ယုတ်မာ သန္တာန်မှာ ဖြစ်ဖြစ်၊ ခွေးသန္တာန်မှာ ဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း၊ေ ပြာင်းလဲခြင်း မရှိချေ။ထို့အတူ ဒေါသ ၏ ခက်ထန်ခြင်း သဘောလည်းမည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖောက် ပြန် မပြောင်းလဲချေ။အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံ ကိုလည်းဤနည်းအတိုင်းသိပါ။


ဤသို့လျှင် ပရမတ်သဘောတို့သည်မျက်နှာကြီးငယ် ရွေးချယ် လိုက်စားခြင်းမရှိဘဲ မူရင်းအတိုင်းထင်ရှားမြဲဖြစ်သောကြောင့် မိမိ သူတစ်ပါးတို့၏ စိတ်နေစိတ်ထားကိုအမှန်အတိုင်းသိနိုင်ဖို့ ရာ ယခုလမ်းညွှန်ပြမည့်ပရမတ်သဘောများကိုကြိုကြိုးစားစား


လေ့လာသင့်ကြပါသည်။


(ဆောင်) ၁။သဘောအမှန်၊မဖောက်ပြန်သဖြင့်၊မှန်ကန်တည့်မတ်၊ ဂုဏ် အမြတ်၊ပရမတ္ထခေါ်။ ၂။စိတ်စေတသိက်၊ ရုပ်နိဗ္ဗာန်အား၊ ခွဲ၍ထား၊ လေးပါးပြားဘိသော်။


အရှင်ဇနကာဘိဝံသ၏ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ် ဖော်ပြပေးထားပါသည်။


No comments: