Sunday, April 28, 2013

သိထားရမည့် အမေးအဖြေ၁၀ခု

၁။တစ်ခု သောတရားမည်သည် အဘယ်နည်း? အဖြေ=သတ္တဝါဟူသမျှတို့သည် အကြောင်း'အာဟာရ'လျှင် တည်ရာရှိကုန်၏။


၂။နှစ်ခုသောတရားမည်သည် အဘယ်နည်း?

အဖြေ= နာမ်နှင့် ရုပ်တည်း။


၃။သုံးခုသောတရားမည်သည် အဘယ်နည်း? အဖြေ= ဝေဒနာသုံးပါးတို့တည်း။


၎။လေးခုသောတရားမည်သည် အဘယ်နည်း? အဖြေ= အရိယာတို့၏အမှန်တရား သစ္စာလေးပါးတို့တည်း။


၅။ငါးခုသောတရားမည်သည် အဘယ်နည်း? အဖြေ= (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။


၆။ခြောက်ခုသောတရားမည်သည် အဘယ်နည်း? အဖြေ= အတွင်း'အဇ္ဈတ္တိက' အာယတနခြောက်ပါးတို့တည်း။


၇။ခုနစ်ခုသောတရားမည်သည် အဘယ်နည်း? အဖြေ= ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။


၈။ရှစ်ခုသောတရားမည်သည် အဘယ်နည်း?

အဖြေ= အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။


၉။ကိုးခုသောတရားမည်သည် အဘယ်နည်း? အဖြေ= သတ္တဝါတို့၏တည်နေရာ 'သတ္တာဝါသ' ကိုးပါးတို့တည်း ။


၁ဝ။ဆယ်ခုသောတရားမည်သည် အဘယ်နည်း? အဖြေ= အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို ''ရဟန္တာ''ဟုဆိုအ ပ်၏။


ကုမာရပဥှာ၊ခုဒ္ဒကပါဌပါဠိတော်။


No comments: