Sunday, April 28, 2013

*အရှင်လတ်လတ်က ဘ၀ပြောင်းသွားတယ်*

*အရှင်လတ်လတ်က ဘ၀ပြောင်းသွားတယ်*


တစ်ချိန်တုံးက ဒကာကြီးတစ်ယောက်ကလျှောက်ဖူးတယ်၊ "အရှင်လတ်လတ်ကဘ၀ပြောင်းသွားတယ်" ဆိုတာ ဘယ်လိုပါလဲတဲ့ဘုရား.._()_..တဲ့. တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအရှင်လတ်လတ်ကဘ၀ေ ပြာင်းသွားတယ် လို့ပြောသံကြားဖူးတာ ကိုမေးလျှောက်တာပါ..။ ဒါဆိုမှန်တယ်လို့...။


ကိုယ်ကပြောင်းသွားတာမဟုတ်ဘူး၊စိတ်ကပြောင်းသွားတာ ။ *နဂို မသိတဲ့လူတစ်ယောက်ကသိတဲ့သူဖြစ်သွားတယ်... *မကျင့်သေးတဲ့ လူတစ်ယောက်က ကျင့်တဲ့ဘ၀ရောက် သွားတယ်... * အသိမရှိသေးတဲ့ သူကအသိရှိတဲ့ဘ၀ ရောက်သွားတယ်... * တရားမရှိတဲ့ဘ၀က တရားရှိတဲ့ဘ၀ရောက်သွားတယ်.. * အသိဉာဏ် ပြောင်းလို့ သူတော်ကောင်းဘ၀ ရောက်သွားတယ်... * ကိုယ်နဲ့ နှုတ်လည်းစင်ကြယ်မှု့ ရသွားတယ်... *စိတ်တွေလည်းစင်ကြယ်အောင်၊ အေးချမ်းအောင် နေတတ်သွားတယ်... တရားမရှိတဲ့ဘ၀ကနေတရားရှိတဲ့ ဘ၀ကို ပြောင်းသွားတာပါ .....။။ ကျေးဇူးတော်ရှင်ရွှေဥမင်ဆရာတော် ဘုရားကြီး၏ နှုတ်တော်မြွက်ကြား သြ၀ါဒများအမှတ်(၄)မှ


No comments: