Friday, April 19, 2013
သီလရှင်ကို အမျိုးသားများရှိခိုးသင့်၊မသင့်နှင့် အမျိုးသမီးများ ယုတ်ညံ့သည် ဆိုသည်မှာ မှန် ၊ မမှန်
မြတ်စွာဘုရားက ဗုဒ္ဓတရားတော်ကိုလိုက်နာ ကျင့်ကြံသူတွေဟာ ဂါရ၀၊နိဝါတ မင်္ဂလာနဲ့ပြည့်စုံရမယ်၊
ကိုယ့်ထက် အသက်၊ဂုဏ်ဝါ၊ကြီးမြတ်သူကိုအရိုအသေပြုခြခင်း၊ရှိခိုးပူဇော်ခြင်းဟာ မင်္ဂလာ တစ်ပါးလို့
မင်္ဂလသုတ်မှာ ဟောတော်မူပါတယ်။
ကြီးမြတ်ခြင်းဆိုရာမှာတော့ အသက်အားဖြင့် ကြီးခြင်းလည်း ရှိမယ်၊ဂုဏ်အားဖြင့်ကြီးခြင်းလည်းရှိမယ်၊
သီလ သိက္ခာအားဖြင့် ကြီးမြတ်ခြင်းလည်းရှိမယ်ပေါ့၊ဒီနေရာမှာ ဘယ်အရာကြီးတာကို
ပူဇော်ရမှာလဲဆိုတော့ သူ့လောကနဲ့ သူတော့ ကွဲပြားမှု ရှိပါတယ်၊သာမာန် လူ့လောကမှာဆိုရင်
မိမိတို့ထက် အသက်ကြီးတဲ့ သူကို အရိုအသေပေးရမယ်၊ ပူဇော်ရမယ်လို့ မိန့်တော်မူပါတယ်။
သို့သော်လည်းသာသနာလောကမှာတော့မတူတော့ပါဘူး၊ အသက်ကို မကြည့်ပဲ၊သီလသိက္ခာ
ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကို ပူဇော်ရပါမယ်။ ဒါကြောင့် အသက်အရွယ် ၇၀၊ ၈၀ အရွယ် ရောက်နေတဲ့
တောထွက် ရဟန်းကြီး တွေဟာ မိမိတို့ရဲ့အသားအရွယ်၊ မြေးအရွယ် ရဟန်းတော်လေးတွေကို
ရှိခိုးပူဇော်နေကြတာပါ။ဒါဟာ လူကို ပူဇော်တာ မဟုတ်ပဲ၊ သီလနဲ့ သာသနာကိုပူဇော်ခြင်းသာ
ဖြစ်ပါတယ်။
ခုခေတ်မှာ သီလရှင်ကို ယောက်ကျားတွေ ရှိခိုးသင့်၊ မသင့်ဆိုတာကို မကြာခဏ၊ ဆိုသလို
အမေးခံရပါတယ်၊ သူတို့ထင်တာတော့ မရှိခိုးသင့်ဘူး၊ရှိခိုးမိရင် ဘုန်းကံများနိမ့်မလားလို့
ထင်နေပုံရပါတယ်။ဒီအထင်ဟာ ဘာကို အခြေခံလည်းဆိုတော့ မိန်းမဟာ ယောက်ကျားထက်
ယုတ်ညံ့တယ်ဆိုတဲ့ အယူအဆ အတွေးအခေါ် အပေါ်မှာမူတည်ပါတယ်။ ဒါကို တစ်ချို့အမျိုးသမီးများ
ကိုယ်တိုင်ပင် လက်ခံထားတာ တွေ့ရပါတယ်၊ဒါဟာ ဘာကြောင့်လည်း ဆိုတော့ သူတို့ဟာ
အရိုးစွဲနေတဲ့ ရှေးဟောင်းအယူအဆများရဲ့သားကောင်ဖြစ်နြေ ကရလို့ပါပဲ။
ပထမဆုံးမိန်းမများဟာ ယုတ်ညံ့ခြင်းရှိ၊မရှိဆိုတာကို အရင်ရှင်းပါမယ်။ဒီအယူအဆဟာ
ဗုဒ္ဓဘာသာဝင်တွေ အတွင်းမှာ ပြန့်ပွါးနေတဲ့ အယူအဆဆိုတော့ ဒါကို ဗုဒ္ဓမြတ်စွာက ပဲ ဟောသလိုလို
ထင်မှတ်နေကြပါတယ်၊အခြားဘာသာဝင်တွေဘက်က ကြည့်ရင် တိုက်ခိုင်စရာ ဟာကွက်တစ်ခုလို
ဖြစ်နေတာပေါ့၊တစ်ကယ်တော့ မြတ်စွာဘုရားက မိန်းမဟာ ယောက်ကျားထက် ယုတ်ညံ့တယ်ရယ်လို့
ဘယ်တုန်းကမှ မဟောပါဘူး။ယောက်ကျားစာသင်ရင် တတ်သလို၊မိန်းမ စာသင်ရင်လည်း
တတ်တာပါပဲ၊လောကုတ္တရာဘက်ကို ကြည့်ရင်လည်း ယောက်ကျားဝိပဿနာ ပေါက်မြောက်အောင်
အားထုတ်ရင် နိဗ္ဗာန်ရနိုင်သလို၊မိန်းမလည်း ဒီလို အားထုတ်ရင် ရနိုင်တာပါပဲ။
ဒါဆိုရင် ဘာလို့ ဒီအယူ အဆပေါ်လာတာလဲဆိုတော့ မြန်မာတွေရဲ့ နေထိုင်မှု စနစ်နဲ့ ရှေးဟောင်း
အတွေးအခေါ်တွေပေါ်ပဲ မူတည်ပါလိမ့်မယ်၊မြတ်စွာ ဘုရား မဟောတာတော့ သေချာပါတယ်၊
မြတ်စွာဘုရားက အမျိုးသမီးတွေဟာ ယောက်ကျားတွေ ထက် စွမ်းရည် သတ္တိခြင်းသာ ကွာခြားမှု
ရှိတယ် လို့သာ ဟောတော်ပြီး၊ အဆင့်အတန်းအားဖြင့် ယုတ်ညံ့ပါတယ် လို့ ဟောတော်မမူပါဘူး။
မိန်းမများမရနိုင်သော အစွမ်းသတ္တိများ
*************************
အဂုင်္တ္ထရနိကာယ် ဧကနိပါတပါဠိတော်မှာ မိန်းများ မဖြစ်နိုင်သော ဘ၀များကိုမြတ်စွာဘုရားဟောထား
တာပါရှိပါတယ်...အဲဒါတွေကတော့
၁.မိန်းမဟာ ဘုရားမဖြစ်ကောင်းဘူး၊
၂.မိန်းမဟာ စကြစတေးမင်းမဖြစ်ကောင်းဘူး၊
၃.မိန်းမဟာ သိကြားမင်းမဖြစ်ကောင်းဘူး၊
၎.မိန်းမဟာ မာရ်မင်းမဖြစ်ကောင်းဘူး၊
၅.မိန်းမဟာ မဟာဗြဟ္မာကြီးမဖြစ်ကောင်းဘူး။
ဒါတွေဟာ အမျိုးသမီးတွေ မရနိုင်တဲ့ ဘ၀တွေပါ၊ဘာလို့ ဒါတွေကို မရနိုင်တာလဲဆိုတော့ အဆင့်တန်း
နိမ့်လို့ မဟုတ်ပါဘူး၊ စွမ်းရည် သတ္တိမတူလို့ပါ၊ကြည့်ကြည့်ပါ၊ အမျိုးသမီးဟာ အမျိုးသားထက်
အလုံးအထည် အရပ်အမောင်း သေးသိမ်ပါတယ် (အနည်းအကျဉ်းကို ကြည့်ပြီး စကားမကပ်စေချင်)၊
မိန်းမဟာ စာသင်ရင်တတ်တယ်၊သို့သော်လည်း အမျိုးသားလောက် မထူးချွန်ဘူး၊
ဥပမာအားဖြင့် ကမ္ဘာမှာ အမျိုးသား ပညာရှင်တွေနဲ့ အမျိုးသမီး ပညာရှင်တွေကို ကြည့်လိုက်မယ်ဆိုရင်
အမျိုးသားတွေက ပိုများပြီးတော့ အဲဒိ အတော်ဆုံးခြင်းတွေ ယှဉ်လိုက်မယ်ဆိုရင်လည်းအမျိုသားက
သာပါတယ်၊လက်ရုံးရည် သူရဲကောင်းတွေဆိုရင်လည်း ဒီလိုပါပဲ၊ အခြားအခြားသော အမျိုးသားတွေသာ
စွမ်းနိုင်ပြီးတော့ အမျိုးသမီးတွေ မစွမ်းနိုင်တဲ့ အရာတွေ များစွာ ရှိပါသေးတယ်၊ဒါတွေဟာ ဘာဝ
အားဖြင့်စွမ်းရည် မတူကြလို့သာ ဖြစ်ပြီး၊ အဆင့်အတန်းအားဖြင့် ယုတ်နိမ့်ခြင်းကြောင့် မဟုတ်ဘူးဆိုတာ
ထင်ရှားပါပြီ။
သီလရှင်ကို ယောက်ကျားတွေ ရှိခိုးသင့်၊မသင့်ဆိုတာ ဆက်လက်ပြီးရှင်းပြပါတော့မယ်၊အဲဒါကို
မရှင်းခင် သီလရှင် စတင်ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းမျှကို အရင်သိထားဘို့လိုပါမယ်၊မြတ်စွာဘုရား
လက်ထက်တော်အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး အမျိုးသမီးသာသနာ
စတင်ပေါ်ထွန်းခဲ့ပါတယ်၊စာလိုပေလိုတော့ ဘိက္ခူနီ သာသနာလို့ ခေါ်တာပေါ့၊ အဲဒိသာသနာဟာ
မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်ပြီးနှစ်ပေါင်းငါးရာလောက်မှာပဲ အပြီးပိုင် ကွယ်ခဲ့ပါတယ်၊
ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ထိမ်းသိမ်းနိုင်သူ၊
မိမိကိုယ်ကိုယ်စောင့်ရှောက်နိုင်စွမ်းရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။
မြန်မာနိုင်ငံတွင် သာသနာနှစ် ၉၀၀-၁၄၀၀ အတွင်းမှာ အမျိုးသမီးတွေ သာသနာတော်အတွင်း
ဝင်ရောက်လာခြင်းမှ စ၍သီလရှင်သာသနာစတင်ပေါ်ထွန်းခဲ့ပါတယ်၊ ဘုန်းဘောင်ခေတ်
အရောက်မှာတော့ သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော်ရဲ့ညီမရင်းအလွန်နာမည်ကြီးတဲ့
သီလရှင် မယ်ကင်း(ဘွဲ့အမည် မယ်ခေမာ)ရဲ့ ကြိုးစားအားထုတ် မှုကြောင့်မြန်မာနိုင်ငံ သီလရှင
သာသနာဟာ ထွန်းတောက်လာခဲ့ပါတော့တယ်..ဒါဟာ သီလရှင် သာသနာသမိုင်းအကျဉ်းချုပ်ပါ၊
သီလရှင်တွေဟာ သီလရှင်ဝတ်ပြီဆိုတာနဲ့ ရဟန်းတော်တစ်ပါး ပါးထံမှာ ရှစ်ပါး၊သို့မဟုတ်ကိုးပါး
သီလကို ခံယူဆောက်တည်ကြရပါတယ်၊သီလရှင် အချင်းချင်းထံမှာသီလရှင် ၀တ်လို့မရပါဘူး၊
သီလရှင်ဖြစ်ပြီဆိုတာနဲ့ လိင်ဆယ်ပါး၊ဒါဏ်ဆယ်ပါး၊ သေခိယ ၇၅ ပါးစတဲ့ကျင့်ဝတ်တရားတွေကို
စောင့်ထိန်းကြဘို့ဆရာတော်က မိန့်ကြားရပါတယ်။
ဒါဆိုရင် သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်၊မသင့်ဆိုတာ ရိပ်မိလောက်ပြီ ထင်ပါတယ်၊
ဗုဒ္ဓသာသနာတော်မှာရှိခိုးပူဇော်ခြင်းဆိုတာဟာ သီလနဲ့ သာသနာတော်ကိုသာ ရှိခိုးပူဇော်တာ ဖြစ်ပြီး ၊
ပုဂ္ဂိုလ်ကိုအဓိထားတာ မဟုတ်ပါဘူး၊များသောအားဖြင့် ငါးပါးသီလသာ စောင့်ထိန်းကြတဲ့
အမျိုးသားတွေဟာ သီလရှင်တွေကို သူတို့ပြုစုနေတဲ့ သာသနာတော်နဲ့ သူတို့စောင့်ထိန်းထားတဲ့
သီလသိက္ခာတွေ ၊ကျင့်ဝတ်တရားတွေကို ပူဇော်တယ်လို့ သဘောထားပြီးရှိခိုးပူဇော်မယ်ဆိုရင်
ကုသိုလ်တွေပွါးများနိုင်ပါတယ်၊ထို့အပြင်မိန်းမတွေဟာ ယောက်ကျားတွေထက်
ယုတ်ညံ့တယ်ဆိုတာလည်းမဖြစ်နိုင်တဲ့ အတွက် ကိုယ့်ထက် အသက်၊ သိက္ခာကြီးမားတဲ့ အမျိုးသမီးတွေ၊
သီလရှင်တွေကို ကန်တော့ခြင်းဟာ ဘုန်းနိမ့်တယ်ဆိုတာ မမှန်ကန်ပါဘူးလို့ရှင်းပြရင်း
နိဂုံးချုပ်လိုက်ရပါတယ်....
ကိုးကား=တည်တော ဆရာတော်ကြီး၊ ဗုဒ္ဓ၀ါဒအမေးအဖြေများ (အတွဲ-၂) ဘိက္ခူနီသာသနာနှင့်
သီလရှင် သမိုင်း(ဆရာတော်ရဝေထွန်း)
No comments: