Friday, April 26, 2013

သေရဦးမည်

၁* ဥစ္စာပစ္စည်းရှိသူ၊မရှိသူ… အတူတူ သေလျှင်မွဲ၍ သေရမည်။


၂* ခွန်အား ကောင်းသူ၊မကောင်းသူ…အတူတူ သေလျှင်အားအင်ကုန်၍သေရမည်။


၃* အစားကောင်းစားသူ၊မစားသူ…အတူတူ သေလျှင်အစာငတ်၍သေရမည်။


၎* အပြောကောင်းသူ ၊မကောင်းသူ…အတူတူ သေလျှင်အ၍ သေရမည်။


၅* လှသူ ၊မလှသူ အတူတူ သေလျှင်အရုပ်ဆိုး၍ သေရမည်။


၆* ချစ်သူပေါသူ၊မပေါသူအတူတူ သေလျှင်လူတကာမုန်း၍သေရမည်။


စတုဘုမ္မိက ငှက်တွင်းဆရာတော်


No comments: