Monday, April 22, 2013

မည်သည့်အချိန် မည်သည့်ရောဂါဖြင့်သေရမည်ကို မသိနိုင်ကြောင်းဆင်ခြင်ခြင်း

မည်သည့်အချိန် မည်သည့်ရောဂါဖြင့်သေရမည်ကို မသိနိုင်ကြောင်းဆင်ခြင်ခြင်း။

••••••••••••

သတ္တ၀ါတို့သည် အမိ ၀မ်းတွင်း၌ဖြစ်စေ၊ မွေးဖွားပြီးမှဖြစ်စေ၊ သက်တမ်းအတွင်း၌ဖြစ်စေ၊သက်တမ်းကျော်လွန်ပြီးမှဖြစ်စေ သေကြရသည်ကို လည်းကောင်း၊


မည်သည့်ရောဂါ၊မည်သည့်ဝေဒနာဖြင့်သေကြရမည်ကို လည်းကောင်း၊


မည်သည့်အချိန် ကာလ၌သေကြရမည်ကိုလည်းကောင်း၊


အလောင်းကောင်ကိုမည်သည့် အရပ်၌မြှုပ်နှံရမည်ကို လည်းကောင်း၊


သေဆုံးပြီးနောက် မည်သည့် ဘုံဘ၀၌ ရောက်ရမည်ကို လည်းကောင်း၊ ကြိုတင်၍မသိနိုင်ကြပေဟု . .


သတ္တ၀ါ တစ်ဦး၏အသက်, ရောဂါ,သေရမည့် အချိန်အခါ, အလောင်းကောင်ပစ်ချရာ အရပ်,ရောက်ရမည့်ဘုံဘ၀နှင့် ပတ်သက်ပြီး ကြိုတင်၍မသိနိုင်ပုံကို အဖန်ဖန် ဆင်ခြင်ရမည်။


(ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ )


No comments: