***အကုသိုလ်စေတသိတ် ၁၄-ပါး ***
(က) မောဟစတုက္ကခေါ်မောဟ အသင်းဝင်စေတသိတ် ၄-ပါးမှာ.. ၁။မောဟ = အာရုံ၏သဘောမှန် ကို မသိခြင်း၊ ဖုံးကွယ်ခြင်းသဘော ၂။အဟိကိ၇ိ = ဒုစရိုက်မကောင်းမှုကို ပြု၇န်မရှက်ခြင်း သဘော ၃။အနောတ္တပ္ပ= ဒုစရိုက်မကောင်းမှုကို ပြု၇န်မကြောက်လန် ခြင်းသဘော ၄။ဥဒ္ဓစ္စ = အာရုံတစ်ခု၌မငြိမ်သက်ခြင်း၊ပျံ့လွင့်ခြင်းသဘော
(ခ) လောတြိခေါ် လောဘအသင်းဝင် စေတသိတ် ၃-ပါးမှာ ၅။လောဘ = ကာမဂုဏ်အာရုံကိုငြိကပ်တပ်မက်ခြင်းသဘော ၆။ဒိဌိ = လွဲမှားစွာထင်မြင်ယူဆခြင်းသဘော ၇။မာန = ထောင်လွှားဝင့်ကြွားခြင်းသဘော
(ဂ) ဒေါသစတုက္က ခေါ်သော ဒေါသအသင်းဝင် စေတသိတ် ၄-ပါးမှာ ၈။ဒေါသ = ခက်ထန်ကြမ်းတမ်းခြင်းသဘော ၉။က္ကသာ = သူတစ်ပါး၏စည်းစိမ်ချမ်းသာကို ငြူစုခြင်း မနာလိုခြင်း သဘော ၁၀။မစ္ဆ၇ိယ = မိမိ၏စည်းစိမ်ချမ်းသာကိုလျှို့ဝှက်ခြင်း၊ ၀န်တိုခြင်း ၊နှမြောခြင်းသဘော ၁၁။ကုက္ကုစ္စ = ပြုမိခဲ့သော ဒုစရိုက် မပြုမိခဲ့သော သုစရိုက် တို ကို နောင်တတစ်ဖန် ပူပန်ခြင်းသဘော
(ဃ) အဆုံးတြိ ခေါ် နောက်ဆုံးအကုသိုလ်စေတသိတ် ၃-ပါးမှာ ၁၂။ထိန = စိတ်၏အမှု ၌လေးလဲထိုင်းမှိုင်းခြင်း၊ စိတ်မခံ့ခြင်းသဘော ၁၃။မိဒ္ဓ ၊ = စေတသိတ် တို့ ၏အမှု ၌ လေးလံထိုင်းမှိုင်းခြင်း၊ စိတ်မခံ့ခြင်းသဘော ၁၄။ဝိစိကိစ္ဆာ = ၇တနာ ၃ -ပါး၊သစ္စာ ၄-ပါး၊ ကံတ၇ားစသည့် ကုသိုလ်ေ၇းတို့ ၌ယုံမှား သံသယဖြစ်ခြင်းသဘော
* ရှင်းလင်းချက် *
အကုသိုလ် စေတသိတ် ၁၄-ပါးလုံးတို့ ကားကျွန်ုပ်တို့ ၏ ကြောက်စ၇ာအကောင်းဆုံး၇န်သူများတည်း။သတိမရှိသောစိတ်အတွင်းသို့ ဝင်ချင်သလို ၀င်နူိုင်ကြသည်။ စိတ်ကို ပူလောင်ဆင်းရဲစေပြီး အပါယ်သို့ တွန်းချနိုင်ကြသည် ။ လောဘ ၊ဒေါသ၊မောဟ တို့ ကား အကုသိုလ်ဟိတ် များဖြစ်သည်နှင့်အညီ အကုသိုလ် ၏အရင်းအမြစ်မူလများ ဖြစ်ကြ၏။ မောစတုတ် ၄-ပါးတို့ ကား အကုသိုလ်စိတ်ဖြစ်တိုင်း ပါဝင်နေကြသဖြင့် အကုသလသာဓာရဏ''' ဟုအမည် ရကြ၏။ မောဟ သည် ရုပ်နာမ်သဘော ၊ ကံသဘော ၊သစ္စာသဘော စသည်တို့ ကို ဖုံးကွယ်ထားပြီး သတ္တ၀ါ တို့အားအမှောင်တိုက် ၌ ကျင်လည်စေ၏။ထိုအမှောင်တိုက်၏အထောင်အပံ့ဖြင့် မကောင်းမှုဒုစရိုက်တို့ ကို ပြုလုပ်ဖို့ အဟိ၇ိကက မရှက်မုန်း၇န် ၊ အနောတ္တပ္ပက မကြောက်ရွံ့၇န် အားပေးအားမြှောက်ပြုကြ၏။ ဥဒ္ဓစ္စ က အမှန်သဘောကို မတွေးမိအောင်စိတ်ကို ပျံ့လွင့်စေ၏ ။ လောတြိ ဟုခေါ်သော လောဘ ၊ဒိဌိ နှင့် မာန တို့ သည် သံသရာကို ချဲ့ကားတတ်သော တ၇ားများဖြစ်ကြ၏။ လောဘသည် ကာမဂုဏ်အာရုံကိုတမ်းတမ်းစွဲ၊ ငမ်းငမ်းတက် ၊ တပ်မက်လိုချင်သည့် သဘောဖြစ်၏။သတ္တ၀ါတို့အား မည်သည့်အခါမှ မရောင်၇ဲမတင်းတိမ်စေပဲ အာရုံသစ်များကို အမြဲတမ်းရှာဖွေနေစေ၏။ဒိဌိ သည် မိမိကို ချစ်ခင်တပ်မက်သည့် လောဘအပေါ်အခြေပြုလျက် ရုပ် နာမ် ၂-ပါးသာဖြစ်သည့်လောကီခန္ဓာငါးပါးကို ''' ငါ၊ သတ္တ၀ါ ၊ ယောင်္ကျား၊ မိန်းမ ''' စသည်ဖြင့် လွဲမှားစွာ ထင်မြင်စွဲလမ်းစေ၏ ။ မာန သည် လောကီခန္ဓာ ငါးပါး ကိုပင် ''' ငါတကား ၊ငါလို လူ ဇမ္ဗူ မှာ ရှိသေးသလား''' ဟု ထောင်လွှလားဝင့်ကြွားစေ၏ ။ ဒေါသ နှင့်တူသော အပြစ် သည်မရှိ ''' ဟု ဘုရားဟောထားသည်နှင့်အညီ ဒေါသ သည် အဖျက်ဆီးတတ်ဆုံးသော တ၇ားဖြစ်၏။မြွေပွေး ၊မြွေဟောက် နှင့် တူ၏။တက်ကြွသော ဒေါသ ကသာ ဖျက်ဆီး တတ်သည်မဟုတ် ဆုတ်နစ်သောဒေါသကြောင့်ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့် ခြင်း ၊၀မ်းနည်းပူဆွေးခြင်း၊ ငို ကြွေးခြင်း၊ စိတ်နှလုံးမသာမယာခြင်း၊ လွန်ကဲစွာပူဆွေးခြင်းတို ကလည်းကိုယ် စိတ် နှစ်ပါးကို ပျက်စီးစေကြ၏ ။
က္ကှသာနှင့် မစ္ဆ၇ိယ တို့ သည် အလိုလိုနေရင်းစိတ်ကို ဆင်းရဲစေပြီးအကုသိုလ်တိုးပွားစေကြ၏။ ၄င်းတို့ကို နှိမ်နင်းလိုက်သည်နှင့်တစ်ပြိုင်နက် စိတ်ချမ်းသာ သွားမည့်အကြောင်းကို ''' မနာလိုကင်း ၊၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်''' ဟု မဟာစည်ဆ၇ာတော် စပ်ဆိုခဲ့ပေ၏ ။
ကုက္ကုစ ဖြင့် နောင်တ တစ်ဖန်ပူပန်နေခြင်းသည် ပြုခဲ့မိပြီးသော ဒုစရိုက် ကို မပြုရာေ၇ာက်အောင်မပြု့ခဲ့မိသေးသည့်သုစရိုက် ကိုလည်းပြု၇ာေ၇ာက်အောင် မစွမ်းဆောင်ပေးနိုင်သည့်အပြင် အကုသိုလ်ကိုပင်တိုးပွားစေသဖြင့်အမြင်ကပ်စ၇ာ အကျိုးယုတ်စ၇ာ အမူအ၇ာသာ ဖြစ်၏။
ထိန နှင်မိဒ္ဓ တို့သည် စိတ်နှင့်စေတသိတ်တို့ ကို ထိုင်းမှိုင်းေ လးလံစေခြင်းဖြင့်ပျဉ်းရိငိုက်မျဉ်းခြင်းကို ဖြစ်ပေါ်စေကြ၏။ ကုသိုလ်အလုပ်ကိုဆုတ်ယုတ်စေကြ၏။ ဘု၇ား၊တ၇ား၊သံဃာ နှင့် ကုသိုလ်ေ၇းကိစ္စ များ၌ယုံမှားသံသယဖြစ်စေသော ၀ိစိကိစ္ဆာ သည်လည်းကုသိုလ်အလုပ် ကို ဆုတ်နစ်စေ၏။သို အတွက် ထိန ၊မိဒ္ဓ ၊ ၀ိစိကိစ္ဆာ တို့ ကို အကုသိုလ်စေတသိတ် များအတွင်း ထည့်သွင်းထားခြင်းဖြစ်၏။
စိတ်ကို ညစ်ညူးပူလောင်စေတတ်သော ကိလေသာတ၇ား ၁၀-ပါးတို့ ကား လောဘ၊ဒေါသ၊မောဟ၊မာန၊ဒိဌိ၊၀ိစိကိစ္ဆာ၊ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက နှင့်အနောတ္တပ္ပ တို့ ဖြစ်ကြ၏။
ဒေါက်တာမင်းတင်မွန်( ဗုဒ္ဓ ၏အဘိဓမ္မာအနှစ်ချုပ် ) *****
No comments:
Post a Comment